ကမ္ဘာ့အထူးခြားဆုံးသော ရေအောက်ပြတိုက်ကြီး တစ်ခု အကြောင်း

ပြတိုက်တွေဆိုတာကတော့ ကမ္ဘာအနှံ့မှာအများအပြားရှိတဲ့အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးချင်တဲ့ပြတိုက်ကတော့ ကမ္ဘာပေါ်ကတခြားဘယ်ပြတိုက်နဲ့မှ မတူညီဘဲ ထူးခြားထဲ့နေရာမှာတည်ရှိတဲ့ပြတိုက်ဖြစ်ပါတယ်။ အဲ့ဒီပြတိုက်ကတော့ MUSA (Museo Subacuático de Arte) လို့ လူသိများတဲ့ ရေအောက်ပြတိုက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုပင်လယ်ကွေ့အနီးက Cancún မြို့မှာတည်ရှိတဲ့ MUSA (Museo Subacuático de Arte) ဟာ ၂၀၁၀ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့တစ်ခုတည်းသောရေအောက်ပြတိုက်ကြီးဖြစ်ပါတယ်။ ပင်လယ်ရေအောက်အနက် (၃) မီတာကနေ (၆) မီတာ ကြားမှာ ပန်းပုဆရာအသီးသီးရဲ့ မတူညီတဲ့ရုပ်တုတွေကို နေရာ (၃) နေရာခွဲပြသထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုး ကျောက်ဆစ်ပန်းပုရုပ်တုတွေကို ရေအောက်မှာသဘာဝအတိုင်းထားရှိပြီး ပြတိုက်ဖွင့်ဖို့စိတ်ကူးရခဲ့တာကတော့ Costa Occidental Isla Mujeres, Punta Cancún y Punta Nizuc အမျိုးသားဥယျာဉ်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို သုတေသနပညာရှင်တစ်ဦးလည်းဖြစ်တဲ့ မက္ကဆီကိုနိုင်ငံသား Dr. Jaime González Cano ဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ ဟာရီကိန်းမုန်တိုင်းတွှေ နဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြောင့် မက္ကဆီကိုပင်လယ်ကွေ့ထဲကသန္တာကျောက်တန်းတွေပျက်စီးမှုကို ကာကွယ်ဖို့အတွက် နည်းလမ်းကိုစဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ဆွဲဆောင်မှုမကျဆင်းအောင်နဲ့ သန္တာကျောက်တန်းတွေကိုလည်း ထိန်းသိမ်းပြီးသားဖြစ်အောင် အခုလို ပြတိုက်ဖွင့်ဖို့အကြံဉာဏ်ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာဆိုရင်တော့ ဒီပြတိုက်မှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ ရုပ်တုပေါင်း (၅၀၀) ကျော်ရှိထားရှိပြသထားတယ်လို့သိရပြီး အကြီးဆုံးနဲ့အထင်ရှားဆုံးကတော့ Ocean Atlas လို့အမည်ပေးထားတဲ့ရုပ်တုကြီးဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ (၁၈) ပေမြင့်ပြီး ကမ္ဘာ့အကြီးဆုံးရေအောက်ရုပ်တုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဆိုရင် ဒီရေအောက်ပြတိုက်ကို နှစ်စဉ်နှစ်တိုင်းကမ္ဘာလှည့်ခရီးသွား (၂) သိန်းဝန်းကျင်လောက် လာရောက်လည်ပတ်လျက်ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။