တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ လွယ်ကူအဆင်ပြေလာတဲ့ ပို့ဆောင်ဆက်သွယ်ရေးများကြောင့် ကမ္ဘာကြီးဟာ ရွာကြီးတရွာ ဖြစ်လာခဲ့သည့်တိုင် လူတွေမလည်ပတ် မရောက်ရှိနိုင်တဲ့ နေရာအများအပြားလည်း ရှိလို့နေပါတယ်။ လူသားတွေဟာ မားစ်ဂြိုလ်ပေါ်ကို နယ်မြေသစ်ချဲ့ထွင်ခဲ့ရုံသာမက စကြာဝဠာကြီးအကြောင်းကို သိရှိစေဖို့ ကြိုးစားအားထုတ်ခဲ့ကြပေမယ့်လည်း ကမ္ဘာမြေပေါ်မှာရှိတဲ့ တချို့သောနေရာတွေရဲ့အကြောင်းကိုတော့ သိရှိနိုင်ခြင်းမရှိကြသေးပါဘူး။ တချို့သောနေရာတွေဟာ စစ်ရေးအချက်အချာများဖြစ်တာကြောင့် အပြင်လူများသိရှိခွင့်မရှိတဲ့ နေရာတွေဖြစ်သလို တချို့သောနေရာတွေကတော့ လူတို့ကို အန္တရာယ်ဖြစ်စေမယ့် အရာတွေရှိတာကြောင့် သွားရောက်လည်ပတ်ခွင့်မရှိကြတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သာမန်ပြည်သူများ သွားရောက်လည်ပတ်ခွင့်မရှိတဲ့ နေရာဒေသတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Room 39, North Korea

မြောက်ကိုရီးယားနိုင်ငံရဲ့ အခန်းနံပါတ် ၃၉ ဟာ လျှို့ဝှက်ဆုံးအဖွဲ့အစည်းတခုဖြစ်ပြီး က ကမ္ဘာ့အလျှို့ဝှက်ဆုံးနေရာများထဲမှ တခုအပါအဝင်ဖြစ်တယ်လို့ ဂျာနယ်လစ် Kelly Olsen ကဆိုပါတယ်။ ၁၉၇၀ နှောင်းပိုင်းကာလများမှာ စတင်ပြုလုပ်ခဲ့တဲ့ အခန်းနံပါတ် ၃၉ ကိုတော့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့ရဲ့ အလုပ်သမားပါတီအဆောက်အဦထဲမှာ တည်ဆောက်ထားပါတယ်။ အချို့သော သတင်းရင်းမြစ်များအရ အစောပိုင်းကာလတွေမှာ အခန်းနံပါတ် ၃၉ ကို ပါတီရဲ့ဌာနချုပ်က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း အဆိုပါအခန်းရဲ့ လျှို့ဝှက်လုပ်ဆောင်မှုများနဲ့ပက်သက်ပြီး မည်သူမျှ တိတိကျကျမသိရှိခဲ့ကြပါဘူး။ ရွှေချောင်းများ၊ မူးယစ်ဆေးများနဲ့ လက်နက်များရောင်းချရာမှာ တရားဝင်ရော တရားမဝင်ပါလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းများမှတဆင့် ဝင်ငွေရှာနေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ တချို့ကယုံကြည်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ကမ္ဘာကြီးရဲ့အခန်းကဏ္ဍအမျိုးမျိုးကနေ ပါဝင်နေခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအတွက် တနှစ်ကိုပျမ်းမျှ ဒေါ်လာ ၂ ဘီလီယမ်အထိ ရှာဖွေပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Coca-Cola vault in Atlanta, United States

နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ ကမ္ဘာကျော်အချိုရည်တခုဖြစ်တဲ့ ကိုကာကိုလာရဲ့ ဖျော်ရည်လုပ်ခြင်းနည်းစနစ်ကို ထိပ်တန်းလုံခြုံရေးအပြည့်နဲ့ လျှို့ဝှက်ထားရှိရတယ်ဆိုတဲ့အချက်ဟာ အံ့သြစရာတော့ မရှိပါဘူးနော်။ ကိုကာကိုလာဖျော်စပ်ခြင်းနည်းစနစ်ကို ၁၈၈၆ ခုနှစ်မှာ John Pemberton ဆိုတဲ့သူက စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်မှစတင်ပြီး ဖျော်စပ်ခြင်းနည်းစနစ်ကို ထိပ်တန်းလုံခြုံရေးအပြည့်နဲ့ ထားရှိခဲ့ပြီး တာဝန်ရှိသူအနည်းငယ်သာ သိရှိခွင့်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ကိုကာကိုလာပြုလုပ်ခြင်း နည်းစနစ်ကို ၁၉၂၀ ခုနှစ်မှာ နယူးယောက်ဘဏ်မှာ ထားရှိခဲ့ပြီး ၁၉၂၅ ခုနှစ်မှာတော့ အတ္တလန်တာပြည်နယ်မှာရှိတဲ့ Trust Company Bank မှာထားရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ဖျော်ရည်လုပ်နည်းကို အတ္တလန်တာပြတိုက်မှာ ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြတိုက်ကို နှစ်စဥ်လာရောက်လည်ပတ်သူအများအပြားရှိခဲ့ပြီး လူနည်းစုသာ ဖျော်ရည်လုပ်ခြင်းနည်းစနစ်ကို ထားရှိတဲ့အခန်းထဲကို ဝင်ခွင့်ရခဲ့ပါတယ်။ shwekhitonlinetv.com
၃။ Snake Island or Queimada Grande, Brazil

ဒီကျွန်းကိုတော့ မြွေအကြောင်းလေ့လာသူများအနေနဲ့ သိရှိကြမယ်လို့ ထင်ပါတယ်။ São Paulo ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၁၀၀ အကွာမှာတည်ရှိပြီး သေစေနိုင်တဲ့ အဆိပ်ရှိမြွေများနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတကျွန်းဖြစ်ပါတယ်။ အဆိုပါမြွေကျွန်းပေါ်ကို သွားရောက်လည်ပတ်ခြင်းကို တားမြစ်ထားတာဟာ ဆယ်စုနှစ်တခုကြာအထိ ရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

မြွေကျွန်းပေါ်မှာတော့ ၁ မီတာပတ်လည်အကွာအဝေးတိုင်းမှာ မြွေ ၁ ကောင်ကနေ ၅ ကောင်အထိ ရှိပါတယ်။ ဒါ့အပြင် ကျွန်းပေါ်မှာရှိတဲ့ မြွေများဟာ ကမ္ဘာ့အဆိပ်ပြင်းဆုံးမြွေအမျိုးအစားများစွာထဲမှ မြွေများလည်းအပါအဝင်ဖြစ်ပါတယ်။ ဒ့ါကြောင့် ဘရားဇီးအစိုးရအနေနဲ့ ထိုမြွေကျွန်းပေါ်ကို သွားရောက်လည်ပတ်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ North Sentinel, Andaman and Nicobar Islands

ပြင်ပကမ္ဘာနဲ့ လုံးဝမထိတွေ့ မဆက်ဆံရသေးတဲ့ ကျွန်းကိုပြပါဆိုရင်တော့ North Sentinel ကျွန်းပဲဖြစ်ပါတယ်။ North Sentinel ကျွန်းဟာ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ အိန္ဒိယကျွန်းစုများထဲမှတခုဖြစ်ပါတယ်။ လမုပင်များနဲ့ သန္တာကျောက်တန်းတို့ အပြည့်ကာရံထားတဲ့ အဆိုပါကျွန်းဟာ လူတို့မထိတွေ့ရသေးတဲ့ နတ်ဘုံနတ်နန်းသဖွယ်ဖြစ်တည်နေပေမယ့်လည်း တကယ်တမ်းလက်တွေ့မှာတော့ ထင်ထားသလိုမဟုတ်ခဲ့ပါဘူး။ shwekhitonlinetv.com

North Sentinel ကျွန်းရဲ့မြေနေရာအနေအထားအရ သီးခြားခွဲထွက်နေတဲ့ ကျွန်းဖြစ်နေခဲ့တာကြောင့် ကမ္ဘာပေါ်မှာလူနည်းစုသာကျန်တော့တဲ့ လူရိုင်းမျိုးနွယ်များဟာ အဆိုပါကျွန်းပေါ်မှာ နေထိုင်လျက်ရှိကြပါတယ်။ Sentinelese လို့ခေါ်တဲ့ ထိုကျွန်းပေါ်မှာနေထိုင်တဲ့ လူရိုင်းမျိုးနွယ်များဟာ ခေတ်သစ်ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံခြင်း မရှိပဲ သီးခြားတည်ရှိနေခဲ့ကြပါတယ်။ shwekhitonlinetv.com

အတိတ်တချိန်က အဆိုပါကျွန်းကိုသွားရောက်လည်ပတ်သူများနဲ့ လူရိုင်းများကြား ထိခိုက်နာကျင်မှုများရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကျွန်းရဲ့ကမ်းရိုးတန်းပေါ် သွားရောက်ခဲ့တဲ့ တံငါသည် ၂ ယောက်ကို လူရိုင်းများက သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့ကြောင့် ထိုကျွန်းများကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Bhangarh Fort, India

Bhangarh ခံတပ်ဟာ အိန္ဒိယနိုင်ငံမှာ သရဲအခြောက်ဆုံးနေရာတခုအဖြစ် နာမည်ကြီးတဲ့ ခံတပ်တခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ နာမည်ကြီးခံတပ်တခုဖြစ်ပြီး ဒေလီမြို့နဲ့ မိုင် ၂၀၀ ခန့်ဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ဒေသတွင်းဒဏ္ဍာရီ စကားများအရ အဆိုပါခံတပ်ဟာ ကျိန်စာကြောင့် လူတွေရဲ့ စွန့်ပြစ်ခြင်းခံရတယ်လို့ ဆိုပါတယ်။ အချို့ပြောစကားများအရ Bhangarh ခံတပ်ကို ကျိန်စာတိုက်ခဲ့သူကတော့ မှော်ဆရာတယောက်ဖြစ်ပါတယ်တဲ့ ။ မှော်ဆရာဟာ ခံတပ်မှာ နေထိုင်တဲ့ မင်းသမီးကို ချစ်မြတ်နိုးခဲ့ပေမဲ့ မင်းသမီးက သူ့ရဲ့ အချစ်ကို လက်မခံခဲ့တာကြောင့် ခံတပ်ကို ကျိန်စာတိုက်ခဲ့တာလို့လည်း ဆိုကြပါတယ်။ နောက်ထပ်အကြောင်းအရာ တမျိုးကတော့ ဒေသခံဂုရုတယောက်က ခံတပ်ရဲ့ အရိပ်ဟာ သူ့အိမ်ပေါ်ကို ကျရောက်နေတာကြောင့် ဒေါသထွက်ပြီး ကျိန်စာတိုက်ခဲ့တယ်လို့လည်း ပါးစပ်ရာဇဝင်များအရ သိရပါတယ်။ အဆိုပါခံတပ်ကို နေဝင်ချိန်များမှာ သွားရောက်လည်ပတ်ခြင်းမပြုဖို့ အိန္ဒိယအစိုးရက တားမြစ်ထားပါတယ်။ shwekhitonlinetv.com
၆။ North Brother Island, United States

အမေရိကန်နိုင်ငံရဲ့ North Brother Island ကျွန်းဟာလည်း လူတို့လာရောက်လည်ပတ်ခြင်းကို ပိတ်ပင်တားမြစ်ထားတဲ့ နေရာတွေထဲက တခုဖြစ်ပါတယ်။ ၁၈၈၀ ပြည့်လွန်နှစ်များမှာ မြစ်ကမ်းဘေးဆေးရုံတခုတည်ဆောက်ဖို့အတွက် North Brother ကျွန်းကို ရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါဆေးရုံမှာ ကျောက်ရောဂါ ၊ တီဗွီရောဂါနဲ့ အခြားသောကြောက်မက်ဖွယ်ရာရောဂါများခံစားနေရတဲ့ နယူးယောက်မြို့သူမြို့သားတွေကို ဆေးကုသခဲ့ပါတယ်။ သေဆုံးသွားသူတွေကိုတော့ ကျွန်းပေါ်မှာပဲ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြပါတယ်။ ၁၉၅၁ ခုနှစ်မှာတော့ ဆေးစွဲနေတဲ့သူတွေအတွက် ပြန်လည်ကုသရေးဆေးရုံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ North Brother ကျွန်းဟာ လူတို့ရဲ့စွန့်ပြစ်ခြင်းခံခဲ့ရပြီး New York City Department of Parks and Recreation အရ ငှက်ဘေးမဲ့တောအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Diego García, British Overseas Territories

အာဖရိကအရှေ့ပိုင်း ၊ အရှေ့အလည်ပိုင်းနဲ့ အရှေ့တောင်အာရှတို့ရဲ့ကြားမှာတည်ရှိတဲ့ Diego García ကျွန်းဟာ စစ်ရေးအချက်အချာကျတဲ့ နေရာတခုဖြစ်ပြီး အမေရိကန်ရေတပ်အတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတခုလည်းဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအတွင်းမှာ ယူကေနိုင်ငံဟာ ထိုကျွန်းကို အမေရိကန်နိုင်ငံထံ နှစ် ၅၀ကြာ ငှားရမ်းခဲ့ပါတယ်။ shwekhitonlinetv.com

ထိုကျွန်းပေါ်မှာနေထိုင်တဲ့ လူမျိုးစု ၂၀၀၀ ကိုတော့ မငှားရမ်းခင်မှာ နှင်ထုတ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်ကနေပြီး ၁၉၇၃ ခုနှစ်အတွင်း ထိုလူမျိုးစု ၂၀၀၀ ကို Mauritius၊ Seychelles နဲ့အခြားသော ဗြိတိသျှပိုင်နက်များသို့ အတင်းအကျပ် စေလွှတ်ခဲ့ပါတယ်။ ထိုအချိန်ကတည်းကနေစပြီး ကျွန်းနေလူမျိုးစုများဟာ သူတို့ရဲ့အိမ်ကိုပြန်ခွင့်မရခဲ့ကြတော့ပါဘူး။ ၂၀၁၆ ခုနှစ်မှာ ငှားရမ်းခွင့်သက်တမ်းကုန်ဆုံးခဲ့ပေမယ့်လည်း နောက်ထပ် နှစ် ၂၀ ထပ်တိုးငှားရမ်းခဲ့ပါတယ်။ shwekhitonlinetv.com
၈။ The White’s Club, UK

အမျိုးသမီးတွေ ဝင်ခွင့်မရတဲ့ နေရာများလည်း ဒီကမ္ဘာမြေပေါ်မှာ အများအပြားရှိနေပါသေးတယ်။ ယူကေနိုင်ငံမှာတော့ အဖြူရောင်ကလပ်လို့အမည်ပေးထားတဲ့ အဆိုပါအဖွဲ့အစည်းဟာ အမျိုးသမီးဝင်ရောက်ခြင်းကို တားမြစ်ထားပြီး အမျိုးသားသီးသန့်သာ ပါဝင်ခွင့်ရတဲ့ နေရာတခုဖြစ်ပါတယ်။ ဗြိတိသျှယဉ်ကျေးမှု လူ့အဖွဲ့အစည်းမှာတော့ နာမည်ကြီးလူသိများတဲ့ကလပ်လည်း ဖြစ်ပါတယ်။၁၆၉၃ ခုနှစ်မှာစတင်ခဲ့တဲ့ ကလပ်တခုဖြစ်ပြီး လန်ဒန်မြို့လည်ခေါင်လမ်းမ 37 St. James’ Street မှာတည်ရှိပါတယ်။ အဆိုပါကလပ်မှာတော့ နိုင်ငံရေးခေါင်းဆောင်များ ၊ အကြီးတန်းဘဏ်လုပ်ငန်းရှင်များ နဲ့ ဗြိတိသျှထီးမွေနန်းမွေဆက်ခံသူ အမျိုးသားများ ပါဝင်ကြပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲဲ့ အဲလိဇဘက်ဘုရင်မကြီးကိုတောင် ဝင်ခွင့်မပေးတဲ့ အမျိုးသမီးကန့်သတ်နယ်မြေဖြစ်တဲ့ အဖြူရောင်ကလပ်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Surtsey Island, Iceland

Surtsey ကျွန်းကတော့ မီးတောင်ပေါက်ကွဲခြင်းတခုကနေ စတင်ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ အိုက်စ်လန်နိုင်ငံရဲ့ တောင်ဘက် ၃၂ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ မီးတောင်ကြီးတခုရဲ့ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် Surtsey ကျွန်းဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒ့ါကြောင့် Surtsey ကျွန်းဟာ ကမ္ဘာမြေပေါ်မှာ သက်တမ်းအနုဆုံးကျွန်းအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ လေနဲ့ရေတို့ရဲ့ တိုက်စားမှုကြောင့် ကျွန်းဟာမူလကထက် ပိုမိုသေးငယ်ခဲ့ရပြီး ဘတ်တီးရီးယားများ နဲ့ မှိုများဟာ ကျွန်းပေါ်ကို ပထမဆုံးရောက်ရှိလာခဲ့ကြပါတယ်။ shwekhitonlinetv.com

ကျွန်းကိုအမှီပြုပြီးရောက်ရှိလာတဲ့ တိရစ္ဆာန်များနဲ့ အပင်များဟာ တနေ့ထက် တနေ့ များပြားလာခဲ့ပါတယ်။ ယူနက်စကိုရဲ့မှတ်တမ်းများအရ ထိုကျွန်းပေါ်မှာ ငှက်အမျိုးအစားပေါင်း ၈၉ မျိုးနဲ့ ကျောရိုးမဲ့သတ္တဝါ ၃၃၅ မျိုးအထိ ရှိနေပြီလို့သိရပါတယ်။ သက်တမ်းနုသေးတဲ့ ကျွန်းဖြစ်ပြီး လေ့လာစမ်းစစ်မှုများ လုပ်ဆောင်နိုင်ဖို့အတွက် အပြင်လူများလာရောက်လည်ပတ်ခြင်းကို တားမြစ်ထားပါတယ်။ shwekhitonlinetv.com
၁၀။ Jiangsu National Security Education Museum, China

၂၀၀၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးပြတိုက်ကို ပြည်သူလူထုလည်ပတ်ဖို့အတွက် ဖွင့်လှစ်ခဲ့ပါတယ်။ Jiangsu လို့ခေါ်တဲ့ အမျိုးသားလုံခြုံရေးပြတိုက်ဟာ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာတည်ရှိပါတယ်။ ထိုပြတိုက်မှာတော့ ၁၉၂၀ ကျော်နှောင်းပိုင်းကာလများဆီက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အစောပိုင်းလှုပ်ရှားမှုများနဲ့ ထောက်လှမ်းစုံစမ်းရေးအချက်အလက်များကို ပြသထားတာပဲ ဖြစ်ပါတယ်။ စပိုင်ကင်မရာများ ၊ သာမန်ပစ္စည်းများလို့ ထင်ရစေတဲ့ လျှို့ဝှက်လက်နက်များ ၊ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်တဲ့ ပစ္စည်းများ စသည်တို့ကိုလည်း ပြတိုက်မှာ ပြသထားပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အဆိုပါပြတိုက်ကို ပြည်သူလူထုအားလုံးဝင်ရောက်ခွင့်ရှိစေဖို့အတွက် ဖွင့်လှစ်ထားခဲ့တာတော့ မဟုတ်ပါဘူး။ လူအနည်းငယ်သာ အဆိုပါပြတိုက်ကို လေ့လာခွင့်ရရှိပြီး ပြတိုက်အတွင်းမှာ ဓာတ်ပုံရိုက်ခွင့်တားမြစ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကိုလည်း လုံးဝခွင့်မပြုဘူးလို့ သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။