အချစ်ကိုရှာဖွေမယ့်သူတွေအတွက် လုံးဝမသွားသင့်တဲ့ နိုင်ငံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တာကတော့ ဇနီးမယားရှာဖွေဖို့ခက်ခဲလှတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ နေထိုင်သူတွေအနေနဲ့တောင် မိန်းမရဖို့အတော်လေးကိုခက်ခဲလှတာကြောင့်အချစ်ကိုရှာဖွေဖို့အတွက် ဆိုရင်ယောကျာ်းတွေအနေနဲ့ လုံးဝကိုမသွားသင့်တဲ့နိုင်ငံတွေပါနော် ….. shwekhitonlinetv.com

၁။ ကာတာ

အရှေ့အလယ်ပိုင်းက ရေနံကြွယ်ဝပြီး ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာတာကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာရှိပါတယ်။ ကာတာမှာရှိတဲ့ အမျိုးသားနဲ့အမျိုးသမီးဦးရေကိုအချိုးချကြည့်မယ်ဆိုရင် အမျိုးသား (၃.၄၁) ဦးမှာမှ အမျိုးသမီး (၁) ဦးသာရှိပါတယ်။ ဒါဟာအခြားနိုင်ငံတွေကနေ ရွှေ့ပြောင်းလုပ်သားတွေအများအပြားဝင်ရောက်လာတာကြောင့်လည်းဖြစ်ပါတယ်။ ကာတာနိုင်ငံမှာရှိတဲ့ လုပ်သား (၉၄) ရာခိုင်နှုန်းဟာရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး အများစုကအမျိုးသားတွေဖြစ်ပါတယ်။ ဒါကြောင့် ကာတာနိုင်ငံမှာ ဇနီးမယားရှာမယ်ဆိုရင်တော့ အတော့်ကိုခက်ခဲမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ယူအေအီး

(၂၀) ရာစုကိုပြန်သွားကြည့်မယ်ဆိုရင် ယူအေအီးဟာ သဲကန္တာရနဲ့ တံငါရွာတွေအများစုသာရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် ရေနံရှာဖွေတွေ့ရှိပြီးမယုံနိုင်လောက်အောင်ချမ်းသာကြွယ်ဝပြီး တိုးတက်ပြောင်းလဲသွားတဲ့နောက် အခုဆိုရင်ကမ္ဘာ့လှည့်ခရီးသွားတွေကိုအဆွဲဆောင်နိုင်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ နိုင်ငံရဲ့လူဦးရေ (၈၄) ရာခိုင်နှုန်းဟာ နိုင်ငံရပ်ခြားကနေလာရောက်နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ယူအေအီး နိုင်ငံသားအများအပြားကတော့နိုင်ငံတွင်းမှာ Single အမျိုးသမီးရှားပါးတာကြောင့် အချစ်ကိုရှာဖို့အတွက် နိုင်ငံကနေထွက်ခွာသွားကြပါတယ်။ shwekhitonlinetv.com

၃။ တရုတ်

ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် သန်း (၄၀) လောက်ပိုများနေပါတယ်။ ဒါဟာသူတို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ပြဿနာလည်းဖြစ်ပါတယ်။ တရုတ်လူမျိုးတွေဟာ မိန်းကလေးထက်ယောကျ်ားလေးကိုပိုပြီးတန်ဖိုးထားတဲ့အယူအဆကြောင့် ကိုယ်ဝန်ကမိန်းကလေးဖြစ်နေခဲ့ရင် ဖျက်ချတာမျိုးတွေ လိင်ပိုင်းဆိုင်ရာဘက်လိုက်မှုတွေရဲ့နောက်ဆက်တွဲ အကျိုးဆက်ပါ။ ကျေးရွာတွေမှာဆိုရင် အမျိုးသားအမျိုးသမီးအရေအတွက်ကွာခြားမှုက ပိုပြီးကြီးမားပါတယ်။ ဒါကြောင့်တရုတ်နိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကအမျိုးသမီးတွေရဲ့ နှုလုံးသားတွေကို သိမ်းပိုက်ဖို့ကြိုးပမ်းလာပါတော့တယ်။ shwekhitonlinetv.com

၄။ ဂရိ

ဂရိနိုင်ငံဟာတစ်ချိန်က ပြင်သစ်၊ ယူကေစတဲ့ ဥရောပနိုင်ငံတွေကိုသွားမယ့်ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လိုအပ်တာတွေကိုဝန်ဆောင်မှုပေးတဲ့တစ်ဆင့်ခံ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်ပတ်လုံးသာယာလှပတဲ့ရာသီဥတု၊ အထွေထွေသုံးကုန်ပစ္စည်းတွေရဲ့ဈေးပေါမှု စတာတွေကြောင့် အခြားနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်မယ့်သူတွေဟာ သူ့တို့ရဲ့အစီအစဉ်ကိုပြောင်းလဲပြီး ဂရိနိုင်ငံမှာပဲ အခြေချနေထိုင်လိုက်ကြပါတယ်။ ဒီထဲကအများစုက အမျိုးသားတွေဖြစ်နေတာရယ်၊ အမျိုးသား၊ အမျိုးသမီး လုပ်ခလစာကွာဟမှုကြောင့် နိုင်ငံထဲကအမျိုးသမီးတွေအနေနဲ့ အခြားဥရောပနိုင်ငံတွေကို သွားရောက်နေထိုင်အလုပ်လုပ်နေကြတာရယ်ကြောင့် ဂရိနိုင်ငံမှာတဖြည်းဖြည်း အမျိုးသမီးရှားပါးလာတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အီဂျစ်

အီဂျစ်နိုင်ငံဟာ အာရပ်ကမ္ဘာမှာလူဦးရေထူထပ်များပြားဆုံးနိုင်ငံဖြစ်ပါတယ်။ အီဂျစ်နိုင်ငံဟာ အမျိုးသမီးတွေကို ရိုးရာထုံတမ်းအစဉ်အလာအတိုင်း အိမ်တွင်းမှုတွေနဲ့သာပျော်မွေ့တဲ့ဘဝမှာနေထိုင်ဖို့လိုလားတဲ့ လူ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ်အမျိုးသမီးအများစုကတော့ သိပ္ပံ၊ ဆေးပညာ၊ ဥပဒေ စတဲ့နယ်ပယ်တွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်လိုတဲ့ဆန္ဒရှိသူတွေဖြစ်ပါတယ်။ အဲ့ဒီ အချက်ဟာ အီဂျစ်နိုင်ငံက အမျိုးသမီးတွေကို အခြားတိုးတက်ပြီး ကျား၊မ တန်းတူအခွင့်အရေးရှိတဲ့နိုင်ငံတွေသို့သွားရောက်ဖို့ တွန်းအားပေးနေတဲ့ အချက်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်နိုင်ငံသားတွေဟာ အထီးကျန်တဲ့နှလုံးသားတွေနဲ့သာ နိုင်ငံတွင်းမှာကျန်ရစ်နေကြရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။