ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ ပဟေဠိဆန်ဆန် လူဦးခေါင်းခွံတစ်ခု

ရွှေခေတ်ပရိသတ်တွေအနေနဲ့ Hellboy ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Hellboy ရဲ့ပုံစံဟာ စိတ်ကူးယဉ်ပြီးဖန်တီးထားတာလို့ပဲ အများစုကထင်မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် Hellboy လိုပုံစံနဲ့လူတွေအပြင်လောမှာ တစ်ကယ်ရှိခဲ့ဖူးသလားဆိုတဲ့ အတွေးမျိုးဝင်စေမယ့်အရာတစ်ခုကတော့ အမေရိကန်နိုင်ငံက ပြတိုက်တစ်ခုမှာရှိနေပါတယ် ….. shwekhitonlinetv.com

အဲ့ဒီအရာကတော့ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးရှာဖွေတွေ့ရှိခဲ့တဲ့ လူ့အရိုးခေါင်းခွံတစ်ခုပါ။ ၁၈၈၀ ပြည့်နှစ်လွန်ကာလတွေက ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘရက်ဖို့ဒ်ကောင်တီမှာရှာဖွေတွေ့ရှိခဲ့တဲ့ ဒီ အရိုးခေါင်းခွံဟာ သာမန်လူတွေရဲ့ ဦးခေါင်းခွံနဲ့မတူဘဲ မျက်ခုံးရဲ့အထက်နဖူးအစပ်နားမှာ ချိုနှစ်ခုပါဝင်နေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဦးခေါင်းခွံနဲ့အတူတွဲတွေ့ရှိခဲ့တဲ့ အရိုးတွေဟာလည်းသာမန်ထက် ပိုကြီးမားနေကြောင့် ဒီအရိုးစုပိုင်ရှင်ဟာ အရပ်အမြင့်အနည်းဆုံး (၇) ပေလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ ဒီအချက်တွေက Hellboy လိုပုံစံနဲ့လူတွေကိုမျက်စိထဲမှာ မြင်ယောင်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်က Hellboy လိုပုံစံမျိုးနဲ့လူတွေ ကမ္ဘာပေါ်မှာတစ်ကယ်ပဲရှိခဲ့ဖူးသလား ? ဒါမှမဟုတ် ဒီလူ့အရိုးခေါင်းက လုပ်ကြံပြီးဖန်တီးထားတာလား ? စသဖြင့်မေးခွန်းများစွာကို ပေါ်ထွက်လာစေခဲ့ပါတယ်။ shwekhitonlinetv.com

University of Central Florida က မနုဿဗေဒပါမောက္ခ Erin Kimmerle ကတော့ “ဆေးပညာရှုထောင့်ကကြည့်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုဟော်မုန်းအလွန်များပြားတာနဲ့ အချို့သောမျိုးဗီဇ ချို့ယွင်းမှုတွေဟာ အခုလိုမျိုးအခြေအနေကိုဖြစ်စေနိုင်ပါတယ်။ အရေအတွက်အားဖြင့်ပြောရရင် လူအယောက် (၁) သန်းမှာ (၈) ယောက်လောက်ဖြစ်နိုင်ချေရှိပါတယ်” လို့သုံးသပ်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

(၁၉) ရာစုနဲ့ (၂၀) ရာစု အစောပိုင်းတွေမှာတော့ ဒီအရိုးခေါင်းခွံနဲ့ပတ်သတ်ပြီး သတင်းစာတွေရဲ့ မတူညီတဲ့ဗားရှင်းတွေနဲ့ ချဲ့ကားပြီးရေးသားထားတဲ့ ဇာတ်လမ်းတွေဟာ အတော်လေးကို လူစိတ်ဝင်စားမှုမြင့်မားခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အဲ့ဒီဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့အထောက်အထားတော့ ဘယ်သူမှမပြနိုင်ခဲ့ပါဘူး။ shwekhitonlinetv.com

ဒါ့ကြောင့်မို့လို့ တဖြည်းဖြည်းနဲ့ ဒီအရိုးခေါင်းရဲ့ ရာဇဝင်နဲ့ပတ်သက်တာတွေကို ဆက်လက်ရှာဖွေလေ့လာသူတွေ မရှိသလောက်နည်းပါးသွားခဲ့ပြီး ဒီအရိုးခေါင်းခွံဟာလည်း ရှေးဟောင်းရုပ်ကြွင်းတစ်ခုအနေနဲ့ ပြတိုက်မှာရှိနေပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။