မြို့တစ်မြို့စာလောက်တောင်နေထိုင်သူမရှိတဲ့ ကမ္ဘာ့ပေါ်က နိုင်ငံ (၁၀) နိုင်ငံ

ဒီကနေ့ ကမ္ဘာကြီးမှာဆိုရင်လွတ်လပ်တဲ့ နိုင်ငံပေါင်း (၂၀၀) ကျော်ရှိနေပြီး လူဦးရေစုစုပေါင်းကတော့ ၂၀၂၂ နိုဝင်ဘာလ (၁၅) ရက်နေ့မှာ သန်း (၈၀၀၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံက လူဦးရေအများဆုံးဖြစ်ပြီး သန်း (၁၄၀၀) ကျော်နေထိုင်လျက်ရှိပါတယ်။ ဒါပေမယ့် မြို့တစ်မြို့လောက်တောင်မှ နေထိုင်တဲ့လူဦးရေမရှိဘဲ လူဦးရေထောင်ဂဏန်းတောင်မပြည့်တဲ့နိုင်ငံတွေလည်းရှိပါတယ်။ ဒါကြောင့် ရွှေခေတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာ လူဦးရေအနည်းဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံအကြောင်းဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁၀။ ဒိုမီနီကာ

ကာရစ်ဘီယံပင်လယ် နဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြီး တွေဝန်းရံထားတဲ့ဒိုမီနီကာနိုင်ငံကတော့ သာယာလှပတဲ့ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ နေချင်စရာကောင်းလှတဲ့ ဒီနိုင်ငံလေးကိုနှစ်စဉ်လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေများပြားပေမယ့် အမြဲတမ်းနေထိုင်သူကတော့ (၇၂၁၆၇) ဦးပဲရှိပါတယ်။ shwekhitonlinetv.com

၉။ မာရှယ်ကျွန်းစုများ

သမုဒ္ဒရာပိုင်းဇုန်ဒေသကျွန်းနိုင်ငံလေးဖြစ်တဲ့ မာရှယ်ကျွန်းစုများကတော့ ဧရိယာစတုရန်းမိုင်ပေါင်း (၇၀) သာကျယ်ဝန်းတဲ့ နိုင်ငံဖြစ်ပါတယ်။ အမြဲတမ်းနေထိုင်သူဦးရေဟာ တရားဝင်စာရင်းတွေအရဆိုရင် (၅၉၆၁၀) ဦးပဲရှိပါတယ်။ shwekhitonlinetv.com

၈။ စိန့်ကစ်နှင့်နီဗစ်

ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးလှတဲ့ စိန့်ကစ်နှင့်နီဗစ်ကတော့ အခြေချနေထိုင်သူတွေတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာလျက်ရှိတဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ လက်ရှိအချိန်မှာနေထိုင်တဲ့သူ စုစုပေါင်းက (၅၃၅၄၄) အထိရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မိုနာကို

ပြင်သစ်နိုင်ငံ ကနေခွဲထွက်ပြီး ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ရပ်တည်နေတဲ့ မိုနာကိုနိုင်ငံကတော့ ကမ္ဘာအနှံ့က ဘီလျံနာတွေအများအပြားသွားရောက်နေထိုင်ကြတဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်က (၁) မိုင်ခန့်လောက်ပဲရှိပေမယ့် လူဦးရေကတော့ (၃၉၅၀၀) ဝန်းကျင်ရှိပါတယ်။ shwekhitonlinetv.com

၆။ လက်ချင်စတိန်း

ဥရောပတိုက်ကအေးချမ်းလှတဲ့ လက်ချင်စတိန်းနိုင်ငံလေးကတော့ သာယာလှပတဲ့ရှုခင်းတွေအများကြီးရှိတဲ့ နိုင်ငံလေးပါ။ ဧရိယာစတုရန်းမိုင်စုစုပေါင်း (၆၀) ကျယ်ဝန်းတယ်ဆိုပေမယ့် တောင်တွေပေါများတာကြောင့် နေထိုင်သူဦးရေက (၃၈၅၁၁) ဦးပဲရှိပါတယ်။ shwekhitonlinetv.com

၅။ ဆန်မာရီနို

ဆန်မာရီနီုနိုင်ငံကတော့ အီတလီနိုင်ငံကဝန်းရံထားတယ်ဆိုပေမယ့် ပင်လယ်ထွက်ပေါက်ရှိတဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဒါကြောင့်စီးပွားရေးကောင်းမွန်ပြီး ကမ္ဘာပေါ်မှာတစ်ဦးချင်း GDP အကောင်းဆုံးနိုင်ငံ (၂၀) ထဲမှာပါဝင်နေတဲ့နိုင်ငံလေးဖြစ်ပါတယ်။ စုစုပေါင်းလူဦးရေကတော့ (၃၄၀၁၇) ဦးနေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com

၄။ ပါလာအူ

၁၉၉၄ ခုနှစ်ကမှ နိုင်ငံတစ်ခုအနေနဲ့ကမ္ဘာကအသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ ပါလာအူ နိုင်ငံကတော့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံလေးပါ။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် သွားရောက်လည်ပတ်ချင်စရာကောင်းလှတဲ့ ဒီနိုင်ငံလေးမှာတော့ လူဦးရေစုစုပေါင်း (၁၈၁၆၉) သာရှိပါတယ်။ shwekhitonlinetv.com

၃။ တူဗာလူ

ဧရိယာစတုန်ရန်းမိုင်ပေါင်း (၁၀) မိုင်လောက်ပဲကျယ်ဝန်းတဲ့ တူဗာလူနိုင်ငံကတော့ သမုဒ္ဒရာပိုင်းဇုန်မှာရှိတဲ့ ကျွန်းနိုင်ငံငယ်လေးပါ။ အိမ်နီးချင်းကျွန်းနိုင်ငံတွေအများကြီးရှိပေမယ့်အားလုံးထဲမှာ လူဦးရေအနည်းဆုံး ဖြစ်ပြီး စုစုပေါင်း (၁၁၉၃၁) သာရှိပါတယ်။ shwekhitonlinetv.com

၂။ နာအူရူ

ပစိဖိတ်သမုဒ္ဒရာထဲက ဓနသဟာယနိုင်ငံတစ်ခုဖြစ်တဲ့ နာအူရူ ကျွန်းနိုင်ငံလေးကတော့ စီးပွားရေးအသင့်အတင့်ကောင်းမွန်ပြီး လမ်းပန်းဆက်သွယ်ရေးအနေနဲ့ဆိုရင်တော့ အခြားအိမ်နီးချင်းကျွန်းနိုင်ငံလေးတွေထက် များစွာသာလွန်ပါတယ်။ စုစုပေါင်းအခြေချနေထိုင်သူဦးရေကတော့ (၁၀၈၇၆) ဦးရှိပါတယ်။ shwekhitonlinetv.com

၁။ ဗာတီကန်စီးတီး

ပုပ်ရဟန်းမင်းကြီးနေထိုင်တဲ့ ဗာတီကန်စီးတီးကတော့ အီတလီနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဧရိယာစတုန်ရန်းမိုင်ပေါင်းက (ဝ.၁၉) မိုင်ပဲရှိပြီး အမြဲတမ်းနေထိုင်သူဦးရေကတော့ (၈၀၀) ဝန်းကျင်ပဲရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply