လုံးဝ မတူညီတဲ့ ဇာတ်ရုပ်တွေကိုတောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတဲ့ ကမ္ဘာကျော် (၁၀) ဦး

ကမ္ဘာပေါ်ကသရုပ်ဆောင်တွေထဲမှာတော့ မတူညီတဲ့ဇာတ်ကောင်မျိုးစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရသရုပ်ဆောင်တွေများစွာရှိပါတယ်။ ဒီသရုပ်ဆောင်တွေထဲမှာမှ အကျော်ကြားဆုံးနဲ့ အထင်ကရအဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဆန့်ကျင်ဘက်ဇာတ်ရုပ်နဲ့ ဇာတ်ကားလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ အာနိုးလ်ရှဝါဇင်ဂျာ (Arnold Schwarzenegger)

The Terminator (1984) ဇာတ်ကားမှာ The Terminator အဖြစ်လည်းကောင်း Conan The Barbian (1982) Conan အဖြစ်လည်းကောင်း မတူညီတဲ့ခေတ်နှစ်ခုကို အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ အာနိုးလ်ရှဝါဇင်ဂျာ (Arnold Schwarzenegger) ။ shwekhitonlinetv.com

၂။ ဆီဗက်စတြာစတားလုံး (Sylvester Stallone)

Rocky (1976) ဇာတ်ကားမှာ Rocky Balboa အဖြစ်လည်းကောင်း Rambo ဇာတ်ကားတွေမှာ John Rambo အဖြစ်လည်းကောင်း ကွဲပြားခြားနားတဲ့ အက်ရှင်ဇာတ်ရုပ်တွေကို ကျွမ်းကျင်စွာသရုပ်ဆောင်ခဲ့တဲ့ ဆီဗက်စတြာစတားလုံး (Sylvester Stallone) ။ shwekhitonlinetv.com

၃။ ခရစ္စတင်းစတီးဝပ် (Kristen Stewart)

၂၀၁၀ ခုနှစ်တစ်ခုတည်းမှာပဲ Twilight ဇာတ်ကားမှာ Bella Swan အဖြစ်လည်းကောင်း The Runaways ဇာတ်ကားမှာ Joan Jett အဖြစ်လည်းကောင်း လုံးဝဆန့်ကျင်ဘက်ဇာတ်ရုပ်နှစ်မျိုးကို သရုပ်ဆောင်ခဲ့တဲ့ ခရစ္စတင်းစတီးဝပ် (Kristen Stewart) ။ shwekhitonlinetv.com

၄။ ဒိုင်လန်အိုးဘရိုင်ယန် (Dylan O’Brien)

Teen Wolf (2013) ဇာတ်ကားမှာ Stiles Stilinski အဖြစ်လည်းကောင်း The Maze Runner (2014) ဇာတ်ကားမှာ Thomas အဖြစ်လည်းကောင်း ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ ဒိုင်လန်အိုးဘရိုင်ယန် (Dylan O’Brien) ။ shwekhitonlinetv.com

၅။ ကွင်းလာတီဖာ့ (Queen Latifah)

၂၀၁၅ ခုနှစ်အတွင်း The Wiz Live ဇာတ်ကားမှာ The Wizard of OZ အဖြစ်လည်းကောင်း Bessie ဇာတ်ကားမှာ Bessie Smith အဖြစ်လည်းကောင်း ထူးထူးခြားခြားဇာတ်ရုပ်နှစ်မျိုးကိုသရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ကွင်းလာတီဖာ့ (Queen Latifah) ။ shwekhitonlinetv.com

၆။ ချက်ဒ်ဝစ်ဘော့စ်မန်း (Chadwick Boseman)

၂၀၁၄ ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ Get on Up ဆိုတဲ့ဇာတ်ကားမှာ ခေတ်ဟောင်းကပုံစံနဲ့ James Brown အဖြစ်လည်းကောင်း ၂၀၁၈ ခုနှစ်ကရိုက်ကူးခဲ့တဲ့ Black Panther ဇာတ်ကားမှာတော့ Black Panther ဆိုတဲ့ ခေတ်လွန်စူပါဟီးရိုးတစ်ယောက်အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့ရတာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ချက်ဒ်ဝစ်ဘော့စ်မန်း (Chadwick Boseman) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မာဂေါ့ရော်ဘီ (Margot Robbie)

၂၀၁၃ ခုနှစ်ကထွက်ရှိတဲ့ The Wolf of Wall Street မှာ Naomi Lapaglia ဆိုတဲ့ Sexy ဆန်ဆန်ဇာတ်ရုပ် ၂၀၂၀ ခုနှစ်ကထွက်ရှိတဲ့ Bird of Prey ဇာတ်ကားမှာ Harley Queen ဆိုတဲ့ ခပ်ကြမ်းကြမ်းငဆိုးမလေး ဇာတ်ရုပ် စတဲ့ ဆန့်ကျင်ဘက်ဇာတ်ရုပ် (၂) မျိုးကို သူမတူအောင်သရုပ်ဆောင်ပြခဲ့တာကတော့ မာဂေါ့ရော်ဘီ (Margot Robbie) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ရေချယ်မက်အဒမ် (Rachel McAdams)

၂၀၀၄ ခုနှစ်ကရိုက်ကူးခဲ့တဲ့ The Notebook ဇာတ်ကားမှာ Allie Hamilton ဆိုတဲ့ခေတ်ဟောင်းကတည်တည်ငြိမ်ငြိမ်အမျိုးသမီးပုံစံနဲ့လည်းကောင်း ၂၀၀၄ ခုနှစ်မှာပဲ Mean Girl ဇာတ်ကားမှာ Regina George ဆိုတဲ့ သွက်လက်ရွှင်မြူးလှတဲ့ အမျိုးသမီးလေးအဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့တာကတော့ ကနေဒါသရုပ်ဆောင် ရေချယ်မက်အဒမ် (Rachel McAdams) ပါ။ shwekhitonlinetv.com

၉။ မိုက်ကယ်ကီတန် (Michael Keaton)

မိုက်ကယ်ကီတန် (Michael Keaton) ကတော့ ၁၉၈၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Bat Man ဇာတ်ကားမှာအဓိကဇာတ်လိုက်ဖြစ်တဲ့ Bruce Wayne အဖြစ်သရုပ်မဆောင်ခင် ၁၉၈၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Beetlejuice ဇာတ်ကားမှာ Beetlejuice ဆိုတဲ့ ဟာသဗီလိန်ဇာတ်ရုပ်မှာသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဂျူလီယာရောဘတ် (Julia Roberts)

Pretty Woman (1990) ဇာတ်ကားမှာတော့ ခပ်ဟော့ဟော့ကောင်မလေး Vivian Ward အဖြစ်လည်းကောင်း Erin Brockovich (2000) ဇာတ်ကားမှာတော့ Erin Brockovich ဆိုတဲ့ ရဲရင့်တည်ငြိမ်တဲ့အိမ်ထောင်ရှင်မတစ်ဦးအဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့တဲ့ ဂျူလီယာရောဘတ် (Julia Roberts) ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။