ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့ တစ္ဆေသင်္ဘောကြီးတွေ အကြောင်း

ထူးဆန်းတဲ့အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေကိုစိတ်ဝင်စားကြတဲ့ ရွှေခေတ်ပရိသတ်ကြီးအတွက်အခုတစ်ခေါက်မှာတော့ ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်တွေနဲ့ သမိုင်းမှာအကျော်ကြားဆုံးဖြစ်ခဲ့တဲ့ တစ္ဆေသင်္ဘောကြီးတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ မေရီဆီလက်စတီ (Mary Celeste)

မေရီဆီလက်စတီကတော့ ကမ္ဘာပေါ်မှာလူသိအများဆုံးနဲ့ အကျော်ကြားဆုံးသရဲသင်္ဘောကြီးဖြစ်ပါတယ်။ ဒီသင်္ဘောကြီးဟာ ၁၈၇၂ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ East River ဆိပ်ကမ်းကနေ အရက်စည်ပေါင်း (၁၇၀၀) ကိုတင်ဆောင်ပြီး အီတလီနိုင်ငံ ဂျီနိုအာမြို့ဆိပ်ကမ်းဆီကို ရွက်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီသင်္ဘောကြီးဟာဘယ်တော့မှရောက်ရှိလာခြင်းမရှိခဲ့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ ၁၈၇၂ ဒီဇင်ဘာ (၄) ရက်နေ့မှာတော့ မေရီဆီလက်စတီကို ပေါ်တူဂီ နဲ့ Azore ကျွန်းတွေရဲ့ကြားမှာ ရွက်လွှင့်နေတာကို ဗြိတိန်သင်္ဘောတစ်စီးဖြစ်တဲ့ Dei Gratia ကမြင်တွေ့ခဲ့ပါတယ်။ သူတို့ဟာ အချိန် (၂) နာရီလောက်အချက်ပြမှုတွေပြုလုပ်ခဲ့ပေမယ့် မေရီဆီလက်စတီ ဆီကနေဘာတုံ့ပြန်မှုမှမပြခဲ့တာကြောင့် နောက်ဆုံးမှာ မေရီဆီလက်စတီနားကိုချဉ်းကပ်ကာ သင်္ဘောပေါ်ကိုတက်ကြည့်ခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီအချိန်မှာတော့ သင်္ဘောကြီးဟာ သင်္ဘောသားတစ်ဦးမှမပါဘဲ ထူးဆန်းစွာရွက်လွှင့်နေတာဖြစ်ကြောင်းကို Dei Gratia ကသင်္ဘောသားတွေသိရှိလိုက်ရပါတယ်။ မေရီဆီလက်စတီ ပေါ်ကအရက်စည်တွေဟာလည်း တစ်စုံတစ်ရာပျောက်ဆုံးခြင်းမရှိသလို သင်္ဘောပေါ်မှာ တိုက်ခိုက်ထားတဲ့ အရိပ်လက္ခဏာလည်းတစ်စုံတစ်ရာမတွေ့ရတာကြောင့် ဒီသင်္ဘောပေါ်က လူတွေဘယ်လိုအကြောင်းကြောင့် သဲလွန်စတစ်စုံတစ်ရာမကျန်ဘဲ ပျောက်ဆုံးသွားခဲ့သလဲဆိုတာကတော့ ယနေ့ထက်တိုင် ပဟေဠိတစ်ခုအဖြစ်ကျန်ရှိနေပါတော့တယ်။ shwekhitonlinetv.com

၂။ အော်လ်တာ (Alta)

ဒီသင်္ဘောကြီးကတော့ ၁၉၇၆ ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ ရေနံတင်သင်္ဘောကြီးဖြစ်ပါတယ်။ သူ့ကိုတွေ့ရှိခဲ့တာကတော့ အိုင်ယာလန်နိုင်ငံ County Cork က Ballycotton ကမ်းရိုးတမ်းမှာဖြစ်ပါတယ်။ ရေနံစည်တွေအပြည့်တင်ဆောင်ထားတဲ့ အော်လ်တာဟာ ၂၀၂၀ ခုနှစ်က အတ္တလန္တစ်သမုဒ္ဒရာထဲမှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတစ်ခုကြောင့် အိုင်ယာလန်နိုင်ငံက ကမ်းရိုးတန်းတစ်ခုမှာ လာပြီးသောင်တင်နေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီသင်္ဘောကြီးဟာ ၂၀၁၈ ခုနှစ်အတွင်း ဂရိကနေ ဟေတီကိုရေနံစည်တွေတင်ပြီးသွားလာခဲ့တာဖြစ်ပြီး သင်္ဘောအင်ဂျင်ချို့ယွင်းမှုကြောင့် သင်္ဘောပေါ်မှာပါတဲ့သူတွေကို အမေရိကန်စစ်သင်္ဘောတစ်စီးက ကယ်တင်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဒီသင်္ဘောကြီးဟာဘာဆက်ဖြစ်သွားသလဲဆိုတာ ဘယ်သူမှမသိရှိတော့ဘဲ ပျောက်ခြင်းမလှပျောက်သွားကာ ၂၀၂၀ ခုနှစ်ကျမှ အိုင်ယာလန်ကမ်းခြေမှာပြန်တွေ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အစိုးရအာဏာပိုင်တွေကတော့ ဒီသင်္ဘောကြီးသောင်တင်နေတဲ့နားကို အန္တရာယ်ရှိတာကြောင့် တာဝန်မရှိဘဲကပ်ခွင့်မပေးထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီသင်္ဘောကြီးကိုသောင်တင်နေရာကနေဆွဲချဖို့ကြိုးပမ်းတုန်းက ဘယ်သူမှမရှိဘဲ သင်္ဘောပေါ်မှာမီးထလောင်တာမျိုး၊ ရုတ်တရက်လေပြင်းမုန်တိုင်းကျတာမျိုး စတဲ့ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေကြုံတွေ့ရလို့ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလိုအဖြစ်ဆန်းတွေကြုံတာကတစ်ကြောင်း ကုန်ကျစရိတ်များလွန်းတာကတစ်ကြောင်းကြောင့် ဒီသင်္ဘောကြီးက ယနေ့ထက်တိုင် အဲ့ဒီနေရာမှာသောင်တင်လျက်ရှိနေပါတော့တယ်။ shwekhitonlinetv.com

၃။ လူဘော့ဗ်အော်လိုဗာ (Lyubov Orlova)

၁၉၇၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တဲ့ Orlova ကတော့ အစပိုင်းမှာအပျော်စီးသင်္ဘောအဖြစ်ပြေးဆွဲခဲ့တဲ့ သင်္ဘောတစ်စီးဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ပြီး ကုန်တင်သင်္ဘောဖြစ်လာခဲ့ပါတယ်။ နောက်ထပ်နှစ်နှစ်ကြာတဲ့အခါမှာတော့ ဒီသင်္ဘောကြီးကို ဒိုမီနီကန်ကသူဋ္ဌေးတစ်ဦးကဝယ်ယူခဲ့ပြီး သင်္ဘောလွန်းတင်နေချိန်မှာဆိုင်းထားတဲ့ကြိုးတွေပြတ်တောက်သွားပြီး သမုဒ္ဒရာထဲကိုမျောပါသွားခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီဖြစ်စဉ်နောက်ပိုင်း ကနေဒါကမ်းခြေစောင့်တပ်ဖွဲ့က Orlova ကိုရှာဖွေခဲ့သေးပေမယ့်လုံးဝမတွေ့ရှိတာကြောင့် နစ်မြုပ်သွားပြီလို့သာယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်အမျိုးသားပထဝီဝင်ဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီက Orlova ကို မြောက်အတ္တလန္တိတ်မှာတွေ့ရှိခဲ့တယ်လို့ဆိုခဲ့ကြပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့ပြောဆိုမှုမှာတော့ သင်္ဘောပေါ်မှာ သဲသဲကွဲကွဲမမြင်ရတဲ့ပုံရိပ်တွေကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ အချို့ကတော့ ဒီသင်္ဘောပေါ်မှာလူသားစားကြွက်ကြီးတွေရှိတယ်လို့တောင်ပြောဆိုခဲ့ကြပါတယ်။ shwekhitonlinetv.com

၄။ ဘေချီမို (Baychimo)

ဒီသင်္ဘောကြီးကတော့ ၁၉၃၁ ခုနှစ်မှာ အလာစကာကမ်းရိုးတန်း ချက်ချီပင်လယ်ထဲက ရေခဲပြင်တွေထဲမှာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောပေါ်မှာပါတဲ့သင်္ဘောသားတွေဟာ သင်္ဘောကိုစွန့်ပစ်ခဲ့ကြပြီး များမကြာခင်မှာသင်္ဘောဟာ နစ်မြုပ်သွားတော့မယ်လို့ထင်မြင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ဒီသင်္ဘောကြီးဟာရေခဲပြင်ထဲကနေဘယ်လိုလွတ်မြောက်သွားခဲ့သလဲမသိရဘဲ ၁၉၃၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ်အထိ နှစ်ပေါင်း (၄၀) နီးပါး ချက်ချီပင်လယ်ထဲမှာမျောနေခဲ့ပါတယ်။ ဒီသင်္ဘောကြီးကို လူမရှိဘဲပင်လယ်ထဲမျောနေတာကို အကြိမ်များစွာကြုံတွေ့ခဲ့ကြပေမယ့် ဆိုးရွားတဲ့ရာသီဥတုကြောင့် သင်္ဘောနားကိုချဉ်းကပ်လို့မရခဲ့ဘူးလို့သိရပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ ဒီသင်္ဘောကြီးကိုထပ်မံမြင်တွေ့မှုမျိုး မရှိတော့ပါဘူး။ shwekhitonlinetv.com

၅။ ဂါဗာနာပါး (Governor Parr)

ဒီသင်္ဘောကတော့ ကနေဒါနိုင်ငံ နိုဗာစကော့တီးယား (Nova Scotia) ဆိပ်ကမ်းကနေ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ် (Buenos Aires) ကိုရွက်လွှင့်နေစဉ်အတွင်း မုန်တိုင်းကြောင့် သင်္ဘောသားတွေစွန့်ခွာခြင်းကို ခံခဲ့ရတဲ့သင်္ဘောကြီးပဲဖြစ်ပါတယ်။ ဒီသင်္ဘောကြီးဟာ မုန်တိုင်းအတွင်းမှာအပျက်အစီးတွေရှိခဲ့တယ်လို့ သင်္ဘောသားတွေကဆိုခဲ့ပြီး အားလုံးကနစ်မြုပ်သွားပြီလို့ပဲ ယူဆခဲ့ကြတာပါ။ shwekhitonlinetv.com

ဒါပေမယ့်နောက်ထပ်နှစ်အနည်းငယ်အကြာမှာတော့ ဒီသင်္ဘောကြီးကို ကနေရီကျွန်းစုတွေအနီးတစ်ဝိုက်မှာ ရွက်လွှင့်နေခဲ့တာကို မြင်တွေ့ခဲ့သူတွေရှိခဲ့ပါတယ်။ ဒီသင်္ဘောကြီးအနေနဲ့ဒီလောက်အပျက်အစီးတွေကြားကနေ နစ်မြုပ်ခြင်းမရှိဘဲ ဘယ်လိုရွက်လွှင့်နေနိုင်တာလဲဆိုတာကိုတော့ ဘယ်သူမှမသိရှိနိုင်ခဲ့ကြပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။