ဂျပန်နိုင်ငံဟာ တခြားသောနိုင်ငံတွေထက် ခေတ်ရှေ့ပြေးနေကြောင်း သက်သေပြနေတဲ့ ပုံရိပ်များ

ဂျပန်နိုင်ငံဟာ အနောက်နိုင်ငံတွေထက်တောင် ခေတ်မှီသာလွန်နေပါတယ်ဆိုတဲ့ အကြောင်းအရာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူးနော်။ ခေတ်မှီတိုးတက်လွန်းတဲ့အပြင် စည်းစနစ်ကျလွန်းတာကြောင့် နိုင်ငံတိုင်းရဲ့ စံနမူနာထားပြီး အတုယူစရာအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ခေတ်မှီတိုးတက်နေတဲ့ ဂျပန်နိုင်ငံရဲ့ အံ့မခန်းဖြစ်ရလောက်တဲ့ တီထွင်ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အစားအသောက်

တွေ့မြင်ရတဲ့ပုံထဲက အစားအသောက်တွေဟာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ် ဒါမှမဟုတ် စားသောက်ဆိုင်ရဲ့ အစားအသောက်မဟုတ်ပါဘူးနော်။ ဆေးရုံတက်ရတဲ့ လူနာတွေကို ဆေးရုံကကျွေးတဲ့ နေ့လည်စာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ရေအောက်ပြတိုက် အိမ်သာ

ဂျပန်နိုင်ငံမှာရှိတဲ့ အိမ်သာတွေဟာ သန့်ရှင်းသပ်ရပ်လွန်းတာကို အားလုံးသိကြမှာပါ။ ပုံမှာတွေ့မြင်ရတာကတော့ ဂျပန်နိုင်ငံရဲ့ ကော်ဖီဆိုင်တခုက အိမ်သာပဲ ဖြစ်ပါတယ်။ အိမ်သာတက်ရင်း ငါးလေးတွေကိုကြည့်ပြီး စိတ်အပန်းပြေနိုင်စေဖို့ ဆောက်လုပ်ထားတဲ့ အိမ်သာလို့ပဲ ဆိုရမှာပါ ။ တွေးခေါ်စဥ်းစားနိုင်စွမ်းမှာတော့ သူများနဲ့မတူ တမူထူးခြားတဲ့ ဂျပန်လူမျိုးတွေပါပဲနော်။ shwekhitonlinetv.com

၃။ ရှူခင်းကြည့်နိုင်တဲ့ အိမ်သာ

ဂျပန်နိုင်ငံရဲ့ ထူးခြားတဲ့အပြင်အဆင်တွေထဲက တခုဖြစ်ပါတယ်။ ရှူးပေါက်ရင်း ရှူခင်းလည်း ကြည့်ရှုနိုင်လို့ ဘယ်သူမဆို တခေါက်လောက် ဝင်ရောက်ချင်စိတ်ဖြစ်စေမယ့် အိမ်သာပါပဲနော်။ shwekhitonlinetv.com

၄။ ကိုကာကိုလာရဲ့ အကြည်ရောင်အချိုရည်

နိုင်ငံတိုင်းမှာ ကိုကာကိုလာအချိုရည်ရဲ့ အရောင်ဟာ အမည်းရောင်အဖြစ် အားလုံးတွေ့ဖူးကြမှာပါ။ ဒါပေမယ့် သူမတူတဲ့ ဂျပန်နိုင်ငံမှာတော့ ကိုကာကိုလာဟာလည်း အကြည်ရောင်အချိုရည်အဖြစ် တွေ့ရနိုင်ပါတယ်။ shwekhitonlinetv.com

၅။​ ဂျပန်နိုင်ငံရဲ့ မုန့်ဝယ်လို့ရတဲ့စက်များ

ဂျပန်နိုင်ငံရဲ့ နောက်ထပ်လူပြောအများဆုံး အကြောင်းအရာတခုကတော့ vending machine လို့ခေါ်တဲ့ အကြွေစေ့ထည့်ပြီး ပစ္စည်းဝယ်ယူနိုင်တဲ့ စက်တွေပဲ ဖြစ်ပါတယ်။ များပြားလှတဲ့ vending machine တွေမှာ ငှက်ပျောသီးကို တလုံးချင်း ဝယ်ယူလို့ရတဲ့ စက်တွေရှိသလို ငါးစွပ်ပြုတ်လို စွပ်ပြုတ်တွေကိုတောင်မှပဲ vending machine မှာ လွယ်လင့်တကူဝယ်ယူနိုင်ပါတယ်။ shwekhitonlinetv.com

၆။ အလုပ်ခန်းများ

အလုပ်သမားတွေအတွက် Laptop သယ်လာပြီး အလုပ်လုပ်လို့ရတဲ့ အလုပ်ခန်းတွေကို နေရာတိုင်းမှာ ထားရှိပေးထားပါတယ်။ အသံလုံပြီး ကိုယ်ပိုင်နေရာလေးတခုအဖြစ် ဖန်တီးပေးနိုင်တဲ့ အခန်းငယ်လေးတခုပါ။ အလုပ်သရဲဖြစ်တဲ့ ဂျပန်တွေအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ နေရာလေးတခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။​ အိမ်သာသုံးစက္ကူရွေးချယ်နိုင်

ဂျပန်နိုင်ငံရဲ့ သပ်ရပ်လွန်းတဲ့ အိမ်သာတွေအကြောင်း ပြောမယ်ဆိုရင် အိမ်သာသုံးစက္ကူတွေအကြောင်းကလည်း မပါမဖြစ်ပါ။ ပုံမှာတွေ့မြင်ရတာကတော့ အမျိုးအစား အမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်စေဖို့ တခုထက်မကတဲ့ အိမ်သာသုံးစက္ကူတွေကို ထားရှိထားတာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ သန့်ရှင်းသပ်ရပ်မှုကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။ shwekhitonlinetv.com

၈။ ဓာတုနာမည်များနဲ့ ပစ္စည်းသိမ်းရာနေရာများ

ပုံမှာတွေ့မြင်ရတဲ့ နေရာကတော့ သိပ္ပံဆိုင်ရာ ပြတိုက်တခုရဲ့ ပစ္စည်းသိမ်းဆည်းရာ အခန်းငယ်လေးတွေပဲ ဖြစ်ပါတယ်။ သာမန်အခန်းတွေလို နံပါတ်စဥ်မရေးထားပဲ ဓာတုအမည်တွေ ပေးထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၉။ သာမိုမီတာပါဝင်တဲ့ အဆောက်အဦ

ဂျပန်နိုင်ငံရဲ့ ဖန်တီးတီထွင်မှုတွေဟာ အမြဲတမ်းပဲ ဆန်းသစ်နေတယ်ဆိုတာ အားလုံးသိပြီးဖြစ်ကြမှာပါနော်။ ပုံမှာတွေ့မြင်ရတာကတော့ အပူချိန်တိုင်းတာတဲ့ သာမိုမီတာကိုပါ ထည့်သွင်းပြသထားတဲ့ အဆောက်အဦကို တွေ့ရမှာပါ။ အဝေးက ကြည့်လိုက်ရုံနဲ့တင် တနေ့တာရဲ့ အပူချိန်ကို သိရှိနိုင်ပါတယ်။ shwekhitonlinetv.com

၁၀။ ယုန်ကျွန်း

ယုန်လေးတွေနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံက ကျွန်းငယ်လေးတခုဖြစ်ပါတယ်။ ယုန်ကျွန်းလို့ ခေါ်ဝေါ်ကြပြီး အဆိုပါယုန်လေးတွေဟာ ဘယ်ကနေရောက်လာတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူးလို့ ဆိုပါတယ်။ shwekhitonlinetv.com

၁၁။ ကြောင်ကျွန်း

ဒီကျွန်းကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ ကြောင်တွေနဲ့ ပက်သက်ပြီး ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာလေးတခုလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ရွှေရေခဲမုန့်

တခြားသောနိုင်ငံတွေနဲ့ မတူပဲ တမူထူးဆန်းတဲ့ ဂျပန်နိုင်ငံမှာတော့ ရေခဲမုန့်ထူးထူးဆန်းဆန်းတွေလည်း ရရှိနိုင်ပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ ရွှေနဲ့ပြုလုပ်ထားတဲ့ ရေခဲမုန့်ပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ခဲ့မယ်ဆိုရင် ရွှေရေခဲမုန့်ကို စားကြည့်ခဲ့ပါနော်။ shwekhitonlinetv.com

၁၃။ ထူးဆန်းတဲ့စတိုးဆိုင်

တွေ့မြင်ရတဲ့ ပုံကတော့ နေရာတခုတည်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံတခုပဲ ဖြစ်ပါတယ်။ တောတောင်ရေမြေထဲမှာ ပျော်ပွဲစားထွက်တဲ့အခါ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ရောင်းချတဲ့ စတိုးဆိုင်ရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ တကယ့်တောတောင်ရေမြေထဲကို ရောက်နေသလိုဖွဲ့စည်းတည်ဆောက်ထားကာ ပစ္စည်းများကို ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။