ဒေါ်လာ သန်းချီရမယ့် အခွင့်အရေးကို လွဲချော်သွားခဲ့တဲ့ နာမည်ကြီး အနုပညာရှင်များ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ဒေါ်လာသန်းချီရမယ့် အခွင့်အရေး ကို ငြင်းပယ်လိုက်သလို ဖြစ်သွားတဲ့ နာမည်ကြီး ကမ္ဘာကျော် အနုပညာရှင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဘယ်သူတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ….

၁ ။ Emily Browning

ပထမဦးဆုံး ပြောပြပေးမှာကတော့ Twilight စီးရီး ထဲမှာ ခေါင်းဆောင် မင်းသမီး နေရာ ကနေ ရိုက်ကူးဖို့ ကမ်းလှမ်းလာတာကို ငြင်းပယ်ခဲ့တဲ့ Emily Browning အကြောင်းပဲ ဖြစ်ပါတယ် ။ အားလုံး သိတဲ့ အတိုင်း Twilight စီးရီးဟာ အတော်လေးကို အောင်မြင်ခဲ့ပြီး ဝင်ငွေ သောက်သောက်လဲ ကို ရခဲ့တာပါ ။ Browing ကတော့ သူမရဲ့ အခုလို ဆုံးဖြတ်ချက်အတွက် လုံး၀ နောင်တမရခဲ့ပဲ ဒီဇာတ်ကား ရိုက်ကူးပြီးတဲ့အခါ နာမည်ကြီး ကျော်ကြားလာမှာကို ထိုအချိန်တုန်းက လက်ခံဖို့ အဆင့်သင့် မဖြစ်သေးတာကြောင့်လို့ ဖြေကြားခဲ့ပါတယ် ။ shwekhitonlinetv.com

၂ ။ Josh Hartnett

Josh Hartnett  ကတော့ Btaman နဲ့ Superman ဇာတ်ကောင်တွေ နေရာ မှာ ရိုက်ကူးဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တာပါ ။ Josh ရဲ့ ပြောပြချက်အရတော့ ဒီလို ငြင်းပယ်လိုက်တာဟာ သူလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်တဲ့ ။ ဒါ့အပြင် Josh ဟာ ပုံသေဇာတ်ရုပ်ပုံစံ မျိုးကို သရုပ်ဆောင်လိုခြင်းမရှိတာ ကြောင့်လည်း ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ် ။ ( ၂၀၀၆ ) ခုနှစ်မှာတော့ Lucky Number Slevin ဆိုတဲ့ ဇာတ်ကားမှာ Josh ဟာ အဓိက ဇာတ်ဆောင် နေရာမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ကာလတွေမှာတော့ သူ့ကို ဘတ်ဂျက်နည်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာသာ သရုပ်ဆောင်နေတာကို တွေ့မြင်ခဲ့ရပါတယ် ။ shwekhitonlinetv.com

၃ ။ Matthew Broderick

Breaking Bad စီးရီးကို ဖန်တီးထားကြသူတွေ ဟာ သရုပ်ဆောင် Matthew Broderick ကို သူတို့ စီးရီးရဲ့ အဓိက ဇာတ်ဆောင် နေရာမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ် ။ ဒါပေမယ့်လည်း Broderick က သရုပ်ဆောင်ဖို့ကို ငြင်းပယ်ခဲ့တာကြောင့် ထုတ်လုပ်သူတွေဟာ အခြားအနုပညာကို အစားထိုးဖို့ ရှာဖွေခဲ့ကြပါတယ် ။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ပါဝင်သရုပ်ဆောင်ခဲ့တာကတော့ Bryan Cranston ဖြစ်ပြီး တစ်ကယ်လည်း အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။ Broderick ကတော့ ဇာတ်ကားကောင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လည်း ထင်သလောက် မအောင်မြင်ခဲ့ပဲ လက်ရှိမှာတော့ အသံသရုပ်ဆောင် အဖြစ် လုပ်ကိုင်နေပါတယ် ။ shwekhitonlinetv.com

၄ ။ Ja Rule

ရက်ပ် အဆိုတော် တစ်ယောက် ဖြစ်တဲ့ Ja Rule ဟာ Fast and Furious ရဲ့ ပထမ အပိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ် ။ ဒါပေမယ့် 2 Fast 2 Furious ကို ရိုက်ကူးနေစဉ် ဒါရိုက်တာ John Singleton ဟာ Screen Time ကို မြှင့်ခဲ့ပြီး Ja rule ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ် ။ ဒါ့အပြင် ဒါရိုက်တာနဲ့လည်း အနည်းငယ် ကတောက်ကဆ တွေ ဖြစ်ခဲ့တာကြောင့် နောက်ဆုံးမှာ Ja Rule ရဲ့ သရုပ်ဆောင်ခ အတွက် ဒေါ်လာ တစ်သန်းခွဲကို ပေးချေခဲ့ပြီး လက်တွဲဖြုတ်ခဲ့ပါတယ် ။ shwekhitonlinetv.com

Ja Rule ကတော့ ဒီ သရုပ်ဆောင်ကြေးကို ယူဖို့ ငြင်းပယ်ခဲ့ပြီး တစ်ခြား ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖို့ ကြိုးစားခဲ့တာပါ ။ Ja Rule ရဲ့ နေရာကိုတော့ Ludacris က အစားထိုး သရုပ်ဆောင်ခဲ့ပြီး Tej Parker ဆိုတဲ့ ဇာတ်ကောင် အဖြစ် လက်ရှိ ထွက်ရှိ ထားတဲ့ F9 အဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ Nicolas Cage

Lord Of The Rings ဇာတ်ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေ ကြားထဲမှာ မသိသူ မရှိလောက်အောင် နာမည်ကြီးတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ် ။ ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ ဒီ ဇာတ်ကားကို စတင် ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တုန်းက မင်းသား အာရဂွန်ရဲ့ ဇာတ်ရုပ် ကို သရုပ်ဆောင်ဖို့ Nicolas Cage ကို ကမ်းလှမ်းခဲ့ကြပါသေးတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း မင်းသားကြီး Nicolas Cage ဟာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေအပြင် အချိန်အကြာကြီး အိမ်နဲ့ခွဲပြီး ရိုက်ကူးရေး လုပ်ရတာကို မကြိုက်တာကြောင့် ပါဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ် ။ ဒါ့ကြောင့်ပဲ ရိုက်ကူးသူတွေဟာ အာရဂွန် နေရာ မှာ သရုပ်ဆောင်ဖို့ Viggo Mortensen ကို ထည့်သွင်းခဲ့ပြီး တစ်ကယ်လည်း ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်ကာ အောင်မြင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၆ ။ Claire Danes

အခုနောက်ဆုံး ပြောပြပေးမှာ ကတော့ Titanic ဇာတ်ကားထဲက မင်းသမီးနေရာမှာ သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ Claire Danes အကြောင်းပဲ ဖြစ်ပါတယ်။ Titanic ဇာတ်ကားရဲ့ ရိုက်ကူးသူတွေ ဟာ Rose နေရာမှာ သရုပ်ဆောင်ဖို့အတွက် Clarie ကို ကမ်းလှမ်းခဲ့ပေမယ့် သူမဟာ လတ်တလော ရိုက်ကူးရေး ပရောဂျက်တွေ များနေတာရယ် ၊ မင်းသား DiCaprio နဲ့လည်း အတူတွဲပြီး သရုပ်မဆောင်ချင်တာကြောင့် ပါဝင်ဖို့ကို ငြင်းဆန်ခဲ့ပါတယ် ။ shwekhitonlinetv.com

ဒါ့ကြောင့်ပဲ Titanic ဇာတ်ကားရဲ့ မင်းသမီးနေရာမှာ Kate Winslet နဲ့ ရိုက်ကူးခဲ့ပြီး ပရိသတ် အားပေးမှုကို အတော်လေး ရရှိခဲ့ပါတယ်။ ဒါ့အပြင် Kate Winslet ဟာ ဒီ ဇာတ်ကားနဲ့ အော်စကာ ဆန်ခါတင် ဆုစာရင်းထဲတောင် ပါဝင်ခဲ့ပါသေးတယ် ။ နောက်ပိုင်း မှာတော့ ဒီဇာတ်ကား အပြီး Kate Winslet တစ်ယောက် ဟောလိ၀ုဒ် မှာ အတော်လေး နာမည်ကြီးလာခဲ့ပြီး ကမ္ဘာကျော် မင်းသမီး တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဒေါ်လာသန်းချီရမယ့် အခွင့်ရေးကို လက်လွှတ် လိုက်မိတဲ့ နာမည်ကြီး အနုပညာရှင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။