ဆန်းသစ်တဲ့ ဆံပင်ကေကို ညှပ်ခဲ့ပေမဲ့ ရယ်စရာဖြစ်ခဲ့ရတဲ့ ဆံပင်ပုံစံများ

ဒီနေ့ခေတ်မှာတော့ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ထူးဆန်းပြီး ဖက်ရှင်ကျ လှပတဲ့ ဆံပင်ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်ရမှာပါ။ ထိုအထဲကမှ အများနဲ့ မတူဘဲ ဆန်းသစ်တဲ့ ဖန်တီးမှုမျိုးစုံနဲ့ ဆံပင်ဒီဇိုင်းတွေကို Shwe Khit မှ တင်ဆက်ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ကော်ဖီထဲကို နွားနို့လောင်းထည့်နေသလို ဖြစ်နေတဲ့ ဆံပင်

ပုံမှာ တွေ့မြင်ရတဲ့ ဆံပင်ပုံစံကတော့ တော်ရုံဆံပင်ညှပ်ဆရာတွေ မညှပ်တတ်လောက်တဲ့ စတိုင်လ်မျိုး ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ လန်းလွန်းတဲ့ စတိုင်လ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ရွေးစပ်ထားတဲ့ ဆံပင်အရောင်တွေကြောင့် ကော်ဖီထဲကို နွားနို့လောင်းထည့်နေသလို ဆံပင်စတိုင်လ် ဖြစ်ပေါ်သွားပါတယ်။ shwekhitonlinetv.com

၂။ ခက်ရင်းလို ဖြစ်နေတဲ့ ဆံပင်

ခေါင်းပေါ်မှာ ခက်ရင်းအကြီးစားတခုကို တင်ထားသလို ဖြစ်နေတဲ့ ဆံပင်ကတော့ ကြည့်လိုက်တာနဲ့တင် ရယ်စရာ ဖြစ်နေမှာပါနော်။ ဒါပေမဲ့ ပုံထဲက အမျိုးသားကတော့ ဆံပင်အချောင်းချောင်းတွေ မျက်နှာပေါ်ကျရောက်နေတာကိုတောင် အဆင်ပြေနေပုံပါပဲ ။ shwekhitonlinetv.com

၃။ ကြွက်မြှီး ဆံပင်

ဦးခေါင်းရဲ့ နောက်ပိုင်းတခြမ်း ဆံပင်တွေကို ကြွက်ပုံစံ ပုံဖော်ပြီး ကြွက်မြှီးအဖြစ် ဆံပင်တချို့ကိုတောင် ချထားလိုက်ပါသေးတယ်။ ရှေ့ကနေ ကြည့်ရင်တော့ ပုံမှန် ဆံပင်စတိုင်လ် ဖြစ်နေမှာ မှန်ပေမဲ့ နောက်မှာတော့ ကြွက်လေးတကောင် ကပ်လိုက်နေသလိုပါပဲနော်။ shwekhitonlinetv.com

၄။ Anime ဆံပင်

ဂျပန် Anime movie တွေကို ဆွဲမြဲနှစ်ခြိုက်စွာ ကြည့်ရှုသူဆိုရင်တော့ ဒီဆံပင်ကေကို မြင်လိုက်တာနဲ့ ဇာတ်ကောင်တွေကို ပြေးမြင်မိကြပါလိမ့်မယ် ။ ပုံထဲက အမျိုးသားကလည်း Anime movie တွေရဲ့ တကယ့် အမာခံပရိတ်သတ်ဖြစ်မယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၅။ တောက်တဲ့ ဆံပင်

လွန်ခဲ့တဲ့နှစ်တွေမှာ ခေတ်စားခဲ့တဲ့ one way လမ်းသရဲစတိုင်လ် ဆံပင်ကေနဲ့ ခပ်ဆင်ဆင်တူတဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ ဘေးဘက်အကုန်ရိတ်ကာ အလယ်မှာပဲ ဆံပင်တွေကို ထောင်ပြီး တောက်တဲ့ပုံစံ ဖန်တီးပြုလုပ်ထားတာက တကယ်ကို လက်ရာမြောက်ပါတယ် ။ ဒါပေမဲ့ ဒီလို တောက်တဲ့ ဆံပင်ကေကတော့ နေ့စဥ်ဘဝမှာ အဆင်ပြေမယ့် အပြင်အဆင်တော့ မဟုတ်ပါဘူးနော်။ shwekhitonlinetv.com

၆။ ဟယ်လီကော်ပတာ ဆံပင်

မိန်းကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ဘယ်တော့မှ လျှော့မတွက်သင့်ဘူးဆိုတာ သက်သေပြနေသလိုပါပဲနော်။ ပုံမှာ တွေ့မြင်ရတာကတော့ ဆံပင်ပုံစံကို ဟယ်လီကော်ပတာ ပုံစံ ဖန်တီးပြုလုပ်ထားတဲ့ မိန်းကလေးပဲ ဖြစ်ပါတယ်။ အဆိုပါ ဆံပင်ပုံစံရရှိဖို့ နာရီပေါင်း အတော်ကြာကြာ ပြင်ဆင်ဖန်တီးခဲ့ရမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၇။ ဆံထုံး ဆံပင်

ပုံမှာ တွေ့ရတဲ့ ကောင်လေးကတော့ ဘေးဘက်တွေကိုပါးပြီး အလယ်မှာပဲထောင်နေတဲ့ ဆံပင်ပုံစံကို ညှပ်ခဲ့တာပါ။ ဒါပေမဲ့လည်း သူ့ရဲ့ ဆံပင်ပုံစံက သေချာကြည့်မယ်ဆိုရင်တော့ အမျိုးသမီး ဆံထုံးအတု အလုံးကြီးကို ခေါင်းပေါ်တင်ထားသလို ဖြစ်နေမှာပါ။ shwekhitonlinetv.com

၈။ Johnny Bravo ဆိုတဲ့ ကာတွန်းဇာတ်ကောင်ဆံပင်

အခုပုံမှာ တွေ့မြင်ရတဲ့ ကောင်လေးကတော့ Johnny Bravo ဆိုတဲ့ ကာတွန်းဇာတ်ကောင်လေးရဲ့ အကြီးမားဆုံး ပရိတ်သတ်ဖြစ်မယ်ထင်ပါတယ်နော်။ ကာတွန်းဇာတ်ကောင်ရဲ့ ဆံပင်ကေနဲ့ တပုံစံတည်းတူအောင် ညှပ်ပေးတဲ့ ဆံသဆရာကတော့ တကယ့်ကို တော်ပါပေတယ်။ shwekhitonlinetv.com

၉။ ခရမ်းချဥ်သီး ဆံပင်

ခရမ်းချဥ်သီးကို တဝက်လှီးဖြတ်ပြီး ခေါင်းကနေ စွပ်ထားတဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ ထူးဆန်းလွန်းတဲ့ ဆံပင်ပုံစံနဲ့ အရောင်ကြောင့် မြင်သူတကာရဲ့ အာရုံကို ဖမ်းစားနိုင်မှာ အမှန်ပါပဲနော်။ shwekhitonlinetv.com

၁၀။ ခေါင်းပေါ်မှာ Laptop တင်ထားသလို ဖြစ်နေတဲ့ ဆံပင်

အမျိုးသမီးတွေရဲ့ ရူးသွပ်လောက်စရာ ဆံပင်ပုံစံတွေဟာ အခုခေတ်မှာသာမက ဟိုးရှေးယခင်ခေတ်များကတည်းကပါ ဖန်တီးခဲ့ကြတာကို ပုံမှာ တွေ့မြင်ရမှာပါ။ အဖြူအမည်း ဓာတ်ပုံခေတ်က အမျိုးသမီးတယောက်ရဲ့ ဆံပင်ကေပဲ ဖြစ်ပါတယ်။ Laptop ကို ဆံပင်ထဲ ထည့်ဖွက်ထားသလိုပါပဲနော်။ shwekhitonlinetv.com

၁၁။ စာသင်ခန်းမှာ အိပ်ငိုက်တတ်တဲ့သူတွေအတွက် ဆံပင်

စာသင်ခန်းမှာ အိပ်ငိုက်တတ်တဲ့သူဆိုရင်တော့ ဒီပုံထဲကလို ကိုယ့်ရဲ့ မျက်နှာပုံစံတူကို ဆံပင်ညှပ်ထားကြည့်လိုက်ပါ။ စာသင်ခန်းထဲမှာ အိပ်လို့မရရင်တောင် ထူးဆန်းတဲ့ ဆံပင်ပုံစံဆိုပြီး တတန်းလုံးက ဝိုင်းကြည့်ကြမယ် ထင်ပါတယ်။ shwekhitonlinetv.com

၁၂။ နာနတ်သီးဆံပင်

ခရမ်းချဥ်သီး ဆံပင်ပြီးတော့ နာနတ်သီး ဆံပင်ကို တွေ့မြင်ရမှာပါ။ ဘေးဘက်တွေအားလုံးကို ကံတုံးဆံပင်ပေါက်ပုံစံ တိုကပ်နေတဲ့အထိညှပ်ပြီး ငယ်ထိပ်နေရာမှာပဲ ဆံပင်တွေကို ချန်ထားခဲ့တဲ့ ဒီဇိုင်းဖြစ်ပါတယ်။​ နာနတ်သီးပုံစံ အရောင်ဆိုးလိုက်တဲ့နောက်မှာတော့ ခေါင်းတခုလုံး နာနတ်သီးလို့တောင် ထင်မှတ်စရာပါပဲနော်။ shwekhitonlinetv.com

၁၃။ မုန်လာဥဆံပင်

တွင်းထဲမှာ တွေ့နေရတဲ့ မုန်လာဥအချောင်းလေးတွေ မဟုတ်ပါဘူးနော်။ အများတကာနဲ့ မတူအောင် ဆန်းသစ်ပြီး ဆံပင်အရောင်ဆိုးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးထားတဲ့ အရောင်တွေက လိုက်ဖက်မှု မရှိတာကြောင့် မုန်လာဥလေးတွေကို မြင်နေရသလို ဖြစ်နေတာပါ။ shwekhitonlinetv.com

၁၄။ မိတ်ကပ်လိမ်းတဲ့ဘရက်ရှ် ဆံပင်

မိန်းကလေးတွေ အလှပြင်တဲ့အခါမှာအသုံးပြုတဲ့ မိတ်ကပ်ဘရပ်ရှ်နဲ့ တူနေတဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ ဒီလောက်အမြင့်ကြီးဖြစ်အောင် ဆံပင်ကို ပုံသွင်းထားရတာကြောင့် အရမ်းကိုလေးနေမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၁၅ ။ ဘားကုတ်ပုံစံ ဆံပင်

ထိပ်ပြောင်နေတဲ့ အမျိုးသားတယောက်က ရှိရှိသမျှ ဆံပင်တွေကို ရှေ့ကို ချထားပြီး ထိပ်ပြောင်နေတာကို ဖုံးကွယ်ထားလိုဟန် ရှိပါတယ်။ ဒါပေမဲ့ အချောင်းလိုက်ဖြစ်နေတဲ့ ဆံပင်တွေကြောင့် ရုတ်တရက်ကြည့်ရင် ဘားကုတ်ပုံစံလို့ ထင်မှတ်မှားနိုင်ပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။