အပြင်မှာ တစ်ကယ်ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်ရာ လူလုပ်အမှားများ

လူမှန်ရင်အမှားနဲ့မကင်းဘူးဆိုတဲ့ ဆိုရိုစကားလိုပဲ လောကကြီးမှာလူတိုင်းအနည်းဆုံး တစ်ကြိမ်တစ်ခါတော့ အမှားအယွင်းလုပ်မိကြပါတယ်။ နောက်ပြီးတစ်ချို့အမှားတွေဟာ ဘဝအတွက်အကောင်းဆုံးသင်ခန်းစာတွေလည်း ဖြစ်နေတက်တာကြောင့် တော်တန်ရုံအမှားမျိုးကို လူတိုင်းကနားလည်ပေးတတ်ကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လူ့အသက်ပေါင်းများစွာဆုံးရှုံးစေတဲ့ အမှားမျိုးတွေ ပြန်လည်ပြုပြင်ဖို့အတွက် ဒေါ်လာဘီလီယံနဲ့ချီပြီးကုန်ကျမယ့် အမှားမျိုးတွေကြတော့ နားလည်ပေးနိုင်ဖို့ရာ အတော်လေးခက်ခဲလှပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူလုပ်အမှားတွေကြောင့်ဆိုးဆိုးရွားရွား အခြေအနေမျိုးကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာတစ်လွှားက အဖြစ်အပျက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ မကွဲနိုင်ဘူးလို့ အာမခံထားတဲ့မှန်များ

တရုတ်နိုင်ငံက မှန်တံတားတွေ (Glass Bridges) ကတော့ပရိသတ်တွေလည်းမြင်ဖူးတွေ့ဖူးပြီးသားဖြစ်ကြမှာပါ။ လုံးဝမကွဲနိုင်တဲ့ မှန်အကြည်တွေကိုအသုံးပြုပြီးသည်းထိတ်ရင်ဖိုဖွယ်ဖြစ်အောင်တောင်တန်းတွေကိုသွယ်တန်း ထားပြီး ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်ထားတာဆိုလည်းမမှားပါဘူး။ ဒါပေမယ့် တစ်ကြိမ်မှာတော့ Longjing မြို့အနီးက မီတာ (၁၀၀) လောက်မြင့်တဲ့ ဒီလိုမှန်တံတားတစ်ခုမှာတော့ တစ်ကယ်သည်းထိတ်ရင်ဖိုဖွယ်ကောင်းတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသားတစ်ဦး အဲ့ဒီမှန်တံတားပေါ်လမ်းလျှောက်နေစဉ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အခင်းမှန်တွေ ကွဲအက်ပြီး လွင့်စင်ထွက်ကုန်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီအမျိုးသားကတော့ ပုံပါအတိုင်းတံတားလက်ရမ်းကိုအမိအရဖက်တွယ်ထားလို့ပြုတ်မကျခဲ့ဘဲ တွဲလောင်းဖြစ်နေတာပါ။ ကံကောင်းလို့သာမီးသတ်တပ်ဖွဲ့ဝင်တွေ အချိန်မီရောက်ရှိလာပြီးကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအမျိုးသားအနေနဲ့ကတော့ အတော်လေးတုန်လှုပ်ခြောက်ခြားသွားပုံရပြီး သူ့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ဆေးရုံမှာတက်ရောက် ကုသခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ပေ (၂၄၀၀၀) အမြင့်မှာအမိုးပြုတ်ထွက်သွားတဲ့လေယာဉ်

ဒီကတော့ ဟာဝိုင်အီအခြေစိုက် Aloha လေကြောင်းလိုင်းရဲ့လေယာဉ်တစ်စီးကြုံတွေ့ခဲ့ရတဲ့ မတော်တဆဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ (၁၉၈၈) ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ကတော့ အတော်လေးကို အံ့အားသင့်စရာကောင်းတယ်လို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပေ (၂၄၀၀၀) လောက်အမြင့်မှာ လေယာဉ်ကိုယ်ထည်ရဲ့ အမိုးပိုင်းကပြုတ်ထွက်သွားတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ခရီးသည်အားလုံး အသက်အန္တရာယ်ကနေ ကံကောင်းစွာလွတ်မြောက်ခဲ့ပေမယ့် လေယာဉ်မယ်တစ်ဦးကတော့ လေယာဉ်ပေါ်ကနေ ပြုတ်ကျသွားခဲ့ရပါတယ်။ သူမကိုတော့လုံးဝ ပြန်ရှာမတွေ့ခဲ့ပါဘူး။ shwekhitonlinetv.com

ဒီဖြစ်ရပ်နဲ့စပ်လျဉ်းပြီး အမေရိကန်လေကြောင်းထိန်းသိမ်းရေးကော်မတီအနေနဲ့ လေယာဉ်ကိုယ်ထည်ရဲ့ သတ္ထုတွေခိုင်ခံ့မှုနဲ့ပတ်သတ်တဲ့ စည်းမျဉ်းဥပဒေတွေရေးဆွဲထုတ်ပြန်ခဲ့ရပါတယ်။ ခရီးသည်တွေအားလုံး အသက်ဘေးကလွတ်မြောက်ခဲ့ရတာကတော့ လေယာဉ်စီးတဲ့အခါ ထိုင်ခုံခါးပတ်ကို သေချာစွာပတ်ဖို့က ဘယ်လောက်အရေးပါတယ်ဆိုတာ မီးမောင်းထိုးပြသလိုဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၃။ Tacoma တံတားပြိုကျခြင်း

လွန်ခဲ့တဲ့ (၁၉၄၀) ခုနှစ်တုန်းကတော့ ကမ္ဘာပေါ်မှာ တတိယမြောက်အရှည်ဆုံးကြိုးတံတားဖြစ်တဲ့ Tacoma ကြိုးတံတားပြိုကျခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာတည်ရှိတဲ့ ဒီတံတားဟာဖွင့်လှစ်ပြီး (၂) နှစ်နီးပါးလောက်သာ ရှိသေးတဲ့အချိန်မှာပြိုကျခဲ့တာလည်းဖြစ်ပါတယ်။ Final Destination ရုပ်ရှင်ကားကတော့ ဒီဖြစ်ရပ်ကို မှီငြမ်းပြီးရိုက်ကူးထားတာလို့တောင်ထင်ရပါတယ်။ shwekhitonlinetv.com

၄။ ကမ္ဘာ့အနံ့အသက်အဆိုးဆုံး ဘေးအန္တရာယ်

ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် သြဂုတ် (၁၄) ရက်နေ့မှာတော့ ဆွစ်ဇာလန်နိုင်ငံက မြို့ငယ်လေးတစ်ခုမှာ ချောက်ကလက်ပြုလုပ်တဲ့စက်ရုံရဲ့ အမှားအယွင်းကြောင့် ကိုကိုးမှုန့်တွေဟာ ဆီးနှင်းတွေလိုမြို့ရဲ့လေထုထဲကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါကြောင့်တစ်မြို့လုံးက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဒီ ကိုကိုးကုန်ကြမ်းမှုန့်တွေ အသက်ရှုလမ်းကြောင်းထဲဝင်မှာစိုးတဲ့အတွက် အပြင်မထွက်ရဲ ဖြစ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကိုတော့ ကမ္ဘာ့အနံအသက်အဆိုးဆုံးဘေးအန္တရာယ်လို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

၅။ လူပေါင်းများစွာရဲ့ အသက်ကိုကယ်တင်ခဲ့တဲ့ ဝေလငါးရုပ်တု

(၂၀၂၀) နိုင်ဝင်ဘာ (၂) ရက်နေ့မှာတော့ နယ်သာလန်နိုင်ငံက ရထားတစ်စီးဟာ အရံအတားတွေကိုကျော်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့်ကံကောင်းစွာနဲ့ပဲ အနီးနားမှာရှိတဲ့ ဝေလငါးရုပ်တုတွေပေါ်မေးတင်ထားသလိုဖြစ်ခဲ့ပြီး ခရီးသည်အားလုံးထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြပါဘူး။ မဟုတ်မှလွဲရော ဒီဝေလငါးရုပ်တုတွေက Spider-Man ရဲ့ပရိသတ်တွေဖြစ်မယ် ထင်ပါတယ်။ shwekhitonlinetv.com

၆။ ထိုင်ဝမ်မြို့ကို ချေမွသွားခဲ့တဲ့ ဂတ်စ်လိုင်းပေါက်ကွဲမှု

ဒီမတော်တဆမှုကတော့ ထိုင်ဝမ်ပင်မရေပေးဝေရေးနဲ့ဆိုင်တဲ့ ဂတ်ယိုစိမ့်ပေါက်ကွဲမှုဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေကတော့ (၁၅) ထပ်တိုက်အမြင့်လောက်ရှိတဲ့ မီးတောက်တွေဟာ မြေကြီးထဲကနေထွက်လာပြီး ဗုံးပေါက်ကွဲသလိုကြောက်မက်ဖွယ်အသံကြီးနဲ့ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ပုံမှာမြင်တွေ့ရသလိုပဲ ဒီဖြစ်ရပ်ကြောင့် လမ်းအရှည် (၆) ကီလိုမီတာလောက်လဲပျက်စီးသွားခဲ့ပါတယ်။ shwekhitonlinetv.com

၇။ Challenger အာကာသလွန်းပျံယာဉ်ပျက်ကျမှု

(၁၉၈၆) ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့မှာတော့ သမိုင်းတွင်မယ့်မတော်တဆပျက်စီးမှုတစ်ခုဖြစ်ပွားခဲ့ရပါတယ်။ နာဆာ (NASA) ရဲ့ Challenger အာကသလွန်းပျံယာဉ်ဟာ မြေပြင်ကလွှတ်တင်ပြီး (၇၃) စက္ကန့်အကြာမှာ ကမ္ဘာမြေပေါ်ပြန်လည် ပျက်ကျခဲ့တာဖြစ်ပါတယ်။ ယာဉ်ရဲ့ ညာဘက်မှာရှိတဲ့ SRB ရဲ့ O-ring ဟာအအေးဒဏ်ကို မခံနိုင်တာကြောင့် ပျက်ကျခဲ့ရတာလို့ သိရပါတယ်။ ဒီဖြစ်ရပ်မှာ နာဆာက တာဝန်ရှိသူတေဟာ အင်ဂျင်နီယာတွေရဲ့ သတိပေးချက်တွေကို လျစ်လျူရှုခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၈။ Deepwater Horizon ပေါက်ကွဲမှု

(၂၀၁၀) ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံးမတော်တဆမှုဖြစ်တဲ့ ပင်လယ်ရေနံဖိတ်စင်မှုဖြစ်ပွားခဲ့ပါတယ်။ နာမည်ကျော်ကြားတဲ့ အမေရိကန်ပိုင် ကမ်းလွန်ရေနံတူးစင်တစ်ခုဖြစ်တဲ့ Deepwater Horizon ဟာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အဆိုအရတော့ ဒီဖြစ်စဉ်မှာလုံခြုံရေးဆိုင်ရာ စစ်ဆေးရမယ့်အချက် (၈) ချက်ကို စစ်ဆေးဖို့ပျက်ကွက်ခဲ့တာကြောင့် မီးလောင်ပေါက်ကွဲရခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply