ထင်မှတ်မထားတဲ့ နယ်ပယ်တွေမှာပါ ထူးချွန်ကြတဲ့နာမည်ကျော် ဆယ်လီများ

Advertisements

တွမ်ခရု၊ The Rock၊ အမ်မာဝက်ဆန်၊ ဘရစ်တနေစပီးယား အစရှိတဲ့ကမ္ဘာကျော်ဆယ်လီတွေဟာပရိသတ်တွေနဲ့ အထွေထူးမိတ်ဆက်ဖို့မလိုလောက်အောင်ကို သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုပုံရိပ်ကကြီးမားလှပါတယ်။ တစ်ကယ်တော့ သူတို့တွေဟာ အနုပညာနယ်ပယ်တစ်ခုတည်းမှာမဟုတ်ဘဲ အခြားနယ်ပယ်တွေမှာလည်း ပါရမီထူးချွန်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုနယ်ပယ်တွေမှာထူးချွန်တဲ့သူတွေဖြစ်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ Emma Watson – Field Hockey

ဟယ်ရီပေါ်တာမင်းသမီးလေး အမ်မာဝက်ဆန် (Emma Watson) ကတော့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား နာမည်ကျော်ဆယ်လီတစ်ဦး ဖြစ်မယ်ထင်ပါတယ်။ သူမဟာရုပ်ရှင်သရုပ်ဆောင်ရာမှာထူးချွန်သလို မြက်ခင်းပြင်ဟော်ကီအားကစားနည်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Dwayne “The Rock” Johnson – American Football

ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဒွိန်းဂျွန်ဆင်ကလည်းပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူကအရင်ကနပန်းအားကစားသမားတစ်ဦးဆိုတာလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေသိပ်မသိသေးတာက သူဟာ အမေရိကန်ဖွတ်ဘော ကစားနည်းမှာလည်း ထူးချွန်သူတစ်ယောက်ဆိုတာပါပဲ။ shwekhitonlinetv.com

၃။ Tom Cruise – Wrestling

နာမည်ကျော်မင်းသားကြီး တွမ်ခရုကတော့ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ အန္တရာယ်များတဲ့စတန့်တွေကို လူစားမထိုးဘဲကိုယ်တိုင်သရုပ်ဆောင်သူအဖြစ်လူသိများပါတယ်။ တွမ်ခရုဟာ ကျောင်းသားဘဝတုန်းကနပန်းအားကစားမှာ လက်ရွေးစင်တစ်ဦးဖြစ်ခဲ့တာကြောင့် ဒီလိုမျိုးသန်မာဖျက်လက်နေတာဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ Britney Spears – Basketball

ဘရစ်တနေစပီးယားဟာ တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ အသံကောင်းသလို ရုပ်ရည်လည်းလှပချောမောတဲ့ ဘရစ်တနေဟာအထက်တန်းကျောင်းမှာလည်း ဘတ်စကတ်ဘောလက်ရွေးစင်တစ်ဦးဖြစ်ခဲ့ပြီး ပုရိသတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Gwen Stefani – Swimming

ဂွမ်းစတက်ဖနီဟာ ယခင်က Billboards ရဲ့ Top Charts မှာသူ့ရဲ့သီချင်းတွေကိုအမြဲလိုလိုတွေ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ အဆိုပိုင်းထူးချွန်သလို အမိုက်စားကိုယ်လုံးကိုယ်ထည်ရှိလည်းရှိနေတဲ့ ဂွမ်းစတက်ဖနီရဲ့ လျှို့ဝှက်ချက်ကတော့ ကယ်လီဖိုးနီးယားက အထက်တန်းကျောင်းတစ်ခုမှာ ရေကူးလက်ရွေးစင်ဖြစ်ခဲ့တာကြောင့်လို့ ထင်ရပါတယ်။ shwekhitonlinetv.com

၆။ Amanda Seyfried – Tennis

အမန်ဒါဆေးဖရီ်ဒ် ကိုတော့ ဒရာမာမင်းသမီးတစ်ဦးအဖြစ်လူသိများမယ်ထင်ပါတယ်။ လှပကျော့ရှင်းတဲ့သွင်ပြင်နဲ့ ဒီမင်းသမီးလေးကတော့ တင်းနစ်အားကစားနည်းမှာ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ 2 Chainz – Basketball

နာမည်ကျော်ရက်ပါတစ်ယောက်ဖြစ်တဲ့ 2 Chainz ဟာအရပ် (၆) ပေ (၅) လက်မရှိတာကြောင့် ဘတ်စကတ်ဘောအားကစားနည်းမှာထူးချွန်ခဲ့သူတစ်ဦးဖြစ်တာ သိပ်အံ့သြစရာရှိမယ်မထင်ပါဘူး။ သူဟာအထက်တန်းကျောင်းတုန်းက ဘတ်စကတ်ဘောကြယ်ပွင့်တစ်ဦးဖြစ်ခဲ့သလို Alabama State University အသင်းမှာလည်းတစ်ရာသီကြာကစားဖူးခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Justin Timberlake – Golf

ဂျပ်စတင်တင်ဘားလိတ်ကတော့ အနုပညာနဲ့ပတ်သတ်ရင်ကဏ္ဍအတော်များများမှာထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘက်စုံထူးချွန်တဲ့အနုပညာရှင်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ အေးဆေးတည်ငြိမ်တဲ့ ဟန်ပန်ရှိတဲ့ တင်ဘားလိတ်ဟာ ဂေါ့ဖ်အားကစားနည်းမှာထူးချွန်သူတစ်ဦးဖြစ်လို့ သူ့ရဲ့ Character နဲ့ကြည့်မယ်ဆိုရင်တော့ လိုက်ဖက်တဲ့ အားကစားကျွမ်းကျင်မှုတစ်ခုလို့ဆိုရမှာပါ။ shwekhitonlinetv.com

၉။ Steve Carell — Ice Hockey

သင်ဟာ The Office ဆိုတဲ့ရုပ်သံစီးရီးရဲ့ ပရိသတ်တစ်ဦးဆိုရင်တော့ စတိဗ်ကာရယ်ကိုအထူးမိတ်ဆက်ဖို့ လိုမယ်မထင်ပါဘူး။ သူကတော့ထူးထူးခြားခြားရေခဲပြင်ဟော်ကီ ကစားနည်းကိုကျွမ်းကျင်တဲ့သူတစ်ဦးလို့ သိရပါတယ်။ shwekhitonlinetv.com

၁၀။ George Clooney – Baseball

ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ နာမည်ကျော်မင်းသားကြီး ဂျော့ကလူနေးကတော့ Ocean ဇာတ်ကားချစ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့အထက်တန်းကျောင်းတုန်းက အရမ်းတော်တဲ့ ဘေ့စ်ဘောကစားသမားတစ်ဦးဖြစ်ခဲ့တယ်လို့သိရပါတယ်။ နာမည်ကျော် ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောအသင်းတစ်သင်းဖြစ်တဲ့ Cincinnati Red အသင်းမှာကစားဖို့အခွင့်အရေး ရရှိခဲ့ပေမယ့် အသင်းရဲ့ပရိသတ်တစ်ဦးအဖြစ်သာရှိနေဖို့ ရွေးချယ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment