ကမ္ဘာပေါ်မှ ာထင်ရှားကျော်ကြားတဲ့ အထင်ကရနေရာတွေ အများအပြားရှိတာကတော့ အားလုံးသိပြီးဖြစ်ပါတယ်။ လူအတော်များများအနေနဲ့ ဒီလိုမျိုးနေရာတွေကို ကိုယ်တိုင်မရောက်ဖူးရင်တောင်မှ အင်တာနက်ပေါ်ကနေမြင်ဖူးတွေ့ဖူးပြီးသားဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးမယ့် အဆောက်အအုံတွေကိုတော့ သိတဲ့သူအနည်းငယ်လောက်ပဲရှိမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com
၈။ The Great Mosque of Djenné – Mali

ထူးခြားတဲ့ဗိသုကာလက်ရာနဲ့ ဒီအဆောက်အဦးကတော့ သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၀၀) ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်မှာအကြီးဆုံးရွှံ့အုတ် အဆောက်အအုံကြီးဖြစ်ပါတယ်။ အာဖရိကတိုက် မာလီနိုင်ငံမှာတည်ရှိတဲ့ ဒီအဆောက်အဦးကို (၁၉၈၈) ခုနှစ်မှာ Djenné မြို့ဟောင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် UNESCO က ကမ္ဘာအမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေလာရောက် လည်ပတ်ခြင်းကိုပိတ်ပင်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com


၇။ Chand Baori – India

အိန္ဒိယနိုင်ငံက Abhaneri ဆိုတဲ့ရွာငယ်လေးမှာရှိတဲ့ Chand Baori ကလည်း ကမ္ဘာပေါ်မှာရှေးအကျဆုံးနဲ့အနက်ရှိုင်းဆုံး ရေတွင်းဟောင်းတစ်ခုဖြစ်ပါတယ်။ အဝကျယ်ပြီး အောက်ခြေကိုကျဉ်းမြောင်းသွားတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် ပိရမစ်ကို ပြောင်းပြန်တည်ဆောက်ထားသလိုဖြစ်နေပါတယ်။ ပေ (၁၀၀) လောက်နက်ပြီးတော့ အောက်ခြေကိုဆင်းဖို့အတွက် ဘေးနံရံတွေမှာကျဉ်းမြောင်းတဲ့ လှေကားထစ်လေးတွေပြုလုပ်ပေးထားပါတယ်။ စုစုပေါင်းလှေကားထစ်အရေအတွက်ကတော့ (၃၅၀၀) ရှိပြီး ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ ဒီလှေကားထစ်ရေတွင်းကို လွန်ခဲ့တဲ့ (၉) ရာစု နဲ့ (၁၁) ရာစုကြားမှာ တည်ဆောက်ခဲ့တယ်လို့ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com


၆။ The Palace of Parliament – Romania

ရိုမေးနီးယားနိုင်ငံ မြို့တော်ဘူခါရက်မှာရှိတဲ့ ပါလီမန်နန်းတော်ကြီးကလည်း ကမ္ဘာ့တန်ဖိုးအကြီးဆုံး အရပ်သားအုပ်ချုပ်ရေး အဆောက်အအုံအဖြစ်သတ်မှတ်ခံထားရပါတယ်။ ရိုမေးနီးယားဆိုရှယ်လစ်သမ္မတနိုင်ငံ အဖြစ်ရပ်တည်ချိန်က တည်ဆောက်ခဲ့တာဖြစ်ပြီး စတုရန်းပေပေါင်း (၄) သန်းနီးပါးကျယ်ဝန်းပါတယ်။ အထူးစိတ်ဝင်စားဖို့ကောင်းတာက ဒီအဆောက်အအုံရဲ့ မြေအောက်မှာ (၈) ထပ်ရှိနေပြီး နျူကလီးယားဗုံးဒဏ်ခံ နိုင်တဲ့ကတုတ်ကျင်းတွေပါရှိပါတယ်။ နောက်ပြီးမြေအောက်ကနေ နိုင်ငံတော်ရဲ့ အရေးကြီးအစိုးရအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကီလိုမီတာ (၂၀) ရှည်လျားတဲ့ ဥမင်လှိုဏ်ခေါင်းလည်းပါရှိပါတယ်။ shwekhitonlinetv.com

၅။ Stari Most (Old Bridge) – Bosnia-Herzegovina

နီရတ်ဗာမြစ်ကိုဖြတ်သန်းပြီးတည်ဆောက်ထားတဲ့ Stari Most လူကူးတံတားကတော့ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား နိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဘော့စနီးယန်း-ခရိုအက် တပ်တွေကြောင့်ပျက်စီးသွားတဲ့ မူလတံတားကို ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။ ဒီနေရာကိုကမ္ဘာလှည့်ခရီးသွားတွေလာရောက်ဖို့ အဓိကဆွဲဆောင်နေတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ မြင့်မားတဲ့တဲ့တံတားပေါ်ကနေ အေးစက်နေတဲ့မြစ်ရေထဲကို ပုံစံအမျိုးမျိုးနဲ့အလွတ်ဒိုင်ဗင်ထိုးကြတဲ့ ရိုးရာဓလေ့ကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com


၄။ Kumbhalgarh Fort – India

တရုတ်နိုင်ငံမှာ မဟာတံတိုင်းရှိသလိုမျိုး အိန္ဒိယနိုင်ငံမှာလည်း Kumbhalgarh Fort လို့ခေါ်တဲ့မဟာတံတိုင်းရှိပါတယ်။ (၃၆) ကီလိုမီတာရှည်လျားတဲ့ ဒီတံတိုင်းကြီးကိုတည်ဆောက်ဖို့အတွက် (၁၅) ရာစုကနေ (၁၆) ရာစုအထိ ရာစုနှစ်တစ်ခုလုံးစာ အချိန်ယူခဲ့ရပါတယ်။ ရှေးခေတ်တုန်းကတော့ ဒီတံတိုင်းကြီးကို “Eye of Mewar” (သို့မဟုတ်) “Guardian of Death” လို့ခေါ်ဝေါ်ကြပြီး တံတိုင်းကြီးရဲ့တစ်ချို့နေရာတွေမှာဆို (၈) မီတာလောက်ထိမြင့်မားပါတယ်။ shwekhitonlinetv.com

၃။ Sheikh Lotfollah Mosque – Iran

ဒီဗလီဝတ်ကျောင်းတော်ကြီးကတော့ရှေးဟောင်း ဆာဖာဗစ်အီရန်လူမျိုးတို့ရဲ့ဗိသုကာလက်ရာဖြစ်ပြီး (၁၆၀၂) နှစ်နဲ့ (၁၆၁၉) ခုနှစ်ကြားမှာတည်ဆောက်ခဲ့တာလို့သိရပါတယ်။ ထုထည်ကြီးမားပြီးအတွင်းပိုင်းမှာ အံ့မခန်းလောက်တဲ့ အနုပညာလက်ရာတွေရှိတဲ့ ဒီဝတ်ပြုကျောင်းကြီးကတော့ အီရန်နိုင်ငံမှာရှိတဲ့ အကြီးကျယ်အခမ်းနားဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Derawar Fort – Pakistan

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ သဲကန္တာရထဲမှာတည်ရှိတဲ့ ဒီရှေးဟောင်းခံတပ်အဆောက်အအုံကြီးကိုတော့ (၉) ရာစုကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီး (၁၅၀၀) မီတာလောက်ကျယ်ဝန်းတဲ့ စတုရန်းပုံခံတပ်ကြီးဖြစ်ပါတယ်။ ၁၇၃၂ ခုနှစ်မှာတော့ ပြန်လည်ပြုပြင်တည်ဆောက်မှုတွေပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာ မီတာ (၃၀) လောက်အမြင့်ပါတယ်။ ဒီခံတပ်ကြီးရှိတာကို ယနေ့အချိန်ထိ ပါကစ္စတန်နိုင်ငံသား အတော်များများမသိကြဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၁။ Fort Alexander I – Russia

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အနီးမှာတည်ရှိတဲ့ ဒီခံတပ်ကိုတော့ တစ်ချို့က ပလိပ်ခံတပ် “Plauge Fort’’ လို့ခေါ်ဝေါ်ကြပါတယ်။ ဘောလ်တစ်ပင်လယ်နဲ့ ဖင်လန်ပင်လယ်ကွေ့မှာတည်ရှိပြီး (၁၉) ရာစုတုန်းက ဘောလ်တစ် ရေလမ်းကြောင်းကို ကာကွယ်ဖို့အတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်မကြာခင်မှာပဲ ဒီခံတပ်ကြီးဟာ ပလိပ်ရောဂါနဲ့ အခြားဘက်တီးရီးယားရောဂါများဆိုင်ရာ သုတေသနဓာတ်ခွဲခန်းဖြစ်လာခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။
Be the first to comment
You must log in to post a comment.