အိမ်သာမှတစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်

နောက်ဆုံးရရှိတဲ့ သတင်းတွေအရတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အိမ်သာတွေမှတစ်ဆင့်လည်း ကူးစက်ပြန့်ပွားနိုင်ကြောင်း သိရပါတယ်။ စမ်းသပ်မှုတွေအရလေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး နာမည်ကျော် နယူးယောက်တိုင်းမ်သတင်းစာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်မကူးစက်အောင် မိမိကိုယ်ကိုယ် ကာကွယ်လိုသူတွေအတွက်တော့ သတိပြုလိုက်နာစရာ နောက်တစ်ချက်ထပ်တိုးလာတဲ့ သဘောဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

အိမ်သာတက်ပြီး ရေဆွဲချလိုက်တဲ့အခါ ဝဲကတော့ထိုးပြီး မွှေ့လိုက်တဲ့ ရေအရှိန်ကြောင့် ရေမှုန်ရေမွှားလေးတွေဟာ အိမ်သာအိုးကနေ သုံးပေလောက်အမြင့်အထိလွှင့်ပျံတက်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ သတင်းစာက ဆိုပါတယ်။ ဒီရေမှုန်ရေမွှားလေးတွေဟာ လေထဲမှာ လွင့်မျောတည်ရှိနေပြီး အိမ်သာကို အသုံးပြုသူ နောက်တစ်ဦးဝင်ရောက်လာချိန်မှာ ရှူရှိုက်မိနိုင်သလို အိမ်သာထဲက ကြမ်းခင်းတွေပေါ်ကို ကျရောက်သွားနိုင်တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုပျံ့လွင့်နေတဲ့ အမှုန်အမွှားလေးတွေဟာ ပတ်ဝန်းကျင်လေထုထဲမှာ ရှိနေပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေကိုသာမက ရောဂါရှိသူစွန့်သွားတဲ့ မစင်ထဲမှာရှိတဲ့ ရောဂါပိုးတွေကိုလည်း သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ကွန်ပျူတာနဲ့ တုပပုံဖော်လုပ်ဆောင်ချက်တွေက ပြသနေကြောင်း Physics of Fluid အမည်ရှိ သိပ္ပံဂျာနယ်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ကိုရိုနာဗိုင်းရပ်စ်ဟာ ရေမှုန်ရေစက်လေးတွေက တစ်ဆင့်သာမက ပိုးပါဝင်တဲ့ မစင်ကတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း မူလယူဆထားချက်တွေကို ပိုမိုခိုင်မာလာစေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

သာမန်အားဖြင့်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းက ဆဲလ်တွေအတွင်းမှာသာ အကောင်းဆုံး ရှင်သန်ကြတာဖြစ်ပေမယ့် လေ့လာမှုတွေအရ အူသိမ်တွေအတွင်းက ဆဲလ်အာရုံခံအင်္ဂါတွေမှာလည်း ကပ်ငြိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ရောဂါပိုးကူးစက်ခံရသူတွေဟာ အခြားလက္ခဏာတွေအပြင် ဝမ်းပျက်တာ၊ ပျို့တာ၊ အန်တာတွေလည်း ခံစားကြရတာဖြစ်ကြောင်း ဆေးမှတ်တမ်းတွေက ဖော်ပြနေပါတယ်။ shwekhitonlinetv.com

သုတေသီတွေဟာ လူနာတွေရဲ့ မစင်မှာ ဗိုင်းရပ်စ်ပိုးတွေ တွေ့ရှိခဲ့သလို ဆေးရုံရဲ့ သီးသန့်လူနာဆောင်က အိမ်သာအိုးနဲ့ လက်ဆေးကန်တွေမှာလည်း ဗိုင်းရပ်စ်ရဲ့ အာအန်အေ အစအနတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ဒီအစအနတွေဟာ လူနာချောင်းဆိုးလို့ ထွက်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေလောက်တော့ ကူးစက်နိုင်ခြေမမြင့်မားဘူးဆိုတာ တွေ့ရပါတယ်။ shwekhitonlinetv.com

ပြဿနာက အိမ်သာတွေကို အမြဲမပြတ် ပိုးသတ်နေဖို့ မဖြစ်နိုင်သလို နေအိမ်နဲ့ အဆောက်အအုံတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံနေသူတွေအဖို့ အိမ်သာတစ်လုံးတည်းကို မျှဝေသုံးရတာကိုလည်း ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေမှာ လုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်လာကြတာနဲ့အမျှ လူတွေဟာ အများသုံးအိမ်သာ၊ စုပေါင်းအိမ်သာတွေကို ပိုမိုသုံးစွဲလာရမှာ ဖြစ်ပါတယ်။ အိမ်သာတွေဟာ အများအားဖြင့် လေဝင်လေထွက်မကောင်းတဲ့ အခန်းကျဉ်းတွေဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပါဝင်တဲ့ ရေစက်ရေမှုန်လေးတွေဟာ လေထုထဲမှာ ဆက်လက်တည်ရှိနေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားစေနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ အထိအတွေ့များတဲ့ တံခါးလက်ကိုင်၊ ဘုံပိုင်ခေါင်း၊ ရေဆွဲခလုပ် စတဲ့မျက်နှာပြင်တွေကတစ်ဆင့် ကူးစက်နိုင်ခြေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

အရင်ကိုရိုနာဗိုင်းရပ် အမျိုးအစားတွေဟာ မစင်ကနေ အသက်ရှူလမ်းကြောင်းထိ ဝင်ရောက်ကူးစက်နိုင်ကြောင်း ၂၀၀၃ ခုနှစ် SARSရောဂါဖြစ်ပွားစဉ် ဟောင်ကောင်က လူနေအဆောက်အအုံတစ်ခုမှာ တွေ့ကြုံခဲ့ပြီး ဖြစ်ပါတယ်။ အခု ကိုဗစ်−၁၉ နဲ့ ပတ်သက်ပြီး အိမ်သာက ရေစက်ရေမှုန်တွေကတစ်ဆင့် ကူးစက်နိုင်ခြင်းရှိမရှိ လက်တွေ့လေ့လာမှုတွေ ပြုလုပ်ဖို့လိုနေသေးပေမယ့် သုတေသနတစ်ခုကတော့ တရုတ်ပြည် ဝူဟန်က ဆေးရုံတစ်ရုံရဲ့ စုပေါင်းအိမ်သာမှာ ဗိုင်းရပ်စ်ရဲ့ အာအန်အေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် သုတေသီတွေဟာ ရေစက်ရေမှုန်မှာပါဝင်တဲ့ ဗိုင်းရပ်စ်ဟာ ဘယ်လောက် ကူးစက်နိုင်ခြေရှိတယ်ဆိုတာ မပြောနိုင်သေးသလို ရောဂါပြင်းသူက ရောဂါပျော့သူထက် ဗိုင်းရပ်စ်ပိုး ပိုထွက်သလားဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။ shwekhitonlinetv.com

ဒါပေမဲ့ ဝမ်းသာစရာတစ်ခုက အိမ်သာက လွင့်ပျံလာတဲ့ ရေစက်ရေမှုန်တွေကတစ်ဆင့် ရောဂါမကူးစက်အောင် အလွယ်တကူကာကွယ်နိုင်တဲ့ နည်းလမ်းရှိနေခြင်းပါ။ အဲသည်နည်းကတော့ အိမ်သာသုံးပြီးရင် အိမ်သာအိုးရဲ့အဖုံးကို ပိတ်ထားပြီးမှ ရေဆွဲချဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖုံးမပါတဲ့ အိမ်သာခွက်ဖြစ်နေတာ၊ အလိုအလျောက် ရေဆွဲချတဲ့စနစ် ဖြစ်နေတာ၊ ကိုယ့်ရှေ့ကအသုံးပြုသူက အဖုံးမပိတ်ဘဲ ရေဆွဲသွားတာမျိုးတွေ ဖြစ်နိုင်နေသေးတဲ့အတွက် စိတ်အချရဆုံး အကာအကွယ်ကတော့ အများသုံးအိမ်သာ၊ စုပေါင်းအိမ်သာ အသုံးပြုမယ်ဆိုရင် အိမ်သာထဲမဝင်မီ နှာခေါင်းစည်းတပ်ထားဖို့နဲ့ လက်ကို မကြာခဏနဲ့ စနစ်တကျ ဆေးကြောဖို့ဖြစ်ကြောင်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ရပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။