” မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးအရှည် ထားလိုက်တဲ့နောက် ရုပ်ပြောင်းသွားသူများ “

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရိုးရှင်းပေမယ့် ထူးဆန်းတဲ့ အကြောင်းအရာလေးတစ်ခု အကြောင်းပါ။ အခုလိုအနေအထားမှာ လူတွေဟာ အိမ်မှာပဲ Stay Home နေရတဲ့အခါ တော်တော်များများက မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေကို မရိပ်ပဲ အရှည်ထားလေ့ရှိပါတယ်။ ဒီလိုထားကြတာကို သဘောကျတဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ ဒါ့ကြောင့် မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးထားရင် ဘယ်လိုမျိူးဖြစ်သွားလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com

ဒီပုံထဲမှာပါတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ နဂိုရုပ်ရည်နဲ့ မှုတ်ဆိတ်၊ နှုတ်ခမ်းမွှေးထားတဲ့အခါ ပြောင်းလဲသွားတဲ့ မျက်နှာပုံတွေကို ယှဉ်တွဲပြထားတာပဲ ဖြစ်ပါတယ်။ တစ်ကယ်လည်း ယှဉ်ကြည့်တဲ့အခါ သူတို့ရဲ့ အရင်မျက်နှာထက် ပိုပြီးကြည့်ရတာ ကောင်းသလို မျိုးဖြစ်နေပါတယ်။ နောက်ပြီး အခုခေတ်နောက်ပိုင်း အနောက်ပိုင်းနိုင်ငံတွေမှာ မှုတ်ဆိတ် ၊ နှုတ်ခမ်းမွှေး အရှည်ထားတဲ့ Culture ကလည်း ခေတ်စားလာတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီနေရာမှာ တစ်ခုသတိထားရမှာက မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေး အရှည်ထားတော့မယ်ဆိုရင် အမြဲ သန့်ရှင်းနေအောင် ထားဖို့တော့လိုပါတယ်။ မဟုတ်ရင် အညစ်အကြေးများပြီး ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာကာ ဝက်ခြံပေါက်တတ်လို့ပဲ ဖြစ်ပါတယ်။ အခုမြင်နေရတဲ့ ပုံတွေထဲမှာဆိုရင် မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေး အရှည်ထားလို့ ရုပ်အတော်လေးပြောင်းလဲသွားတဲ့ နာမည်ကျော် Cele တွေလည်း ပါဝင်တာကို တွေ့ရမှာပါ။ shwekhitonlinetv.com

တစ်ကယ်လို့ သင်ဟာ အခုလိုမျိုးထားရတာ မကြိုက်ဘူးဆိုလည်း ပြသနာမဟုတ်ပါဘူး ။ တစ်ချို့သော မှုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေး အရှည်မထားချင်တဲ့သူတွေဟာ တစ်မျိုးတစ်မည် ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိကြပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မိမိစိတ်ကြိုက်ပုံစံအတိုင်း နေထိုင်ချင်းသာ အကောင်းဆုံး ဖြစ်ပါတယ်နော်။ အခုဖော်ပြပေးထားတာတွေကတော့ မှုတ်ဆိတ် ၊ နှုတ်ခမ်းမွှေး အရှည်ထားလို့ မျက်နှာပုံစံပြောင်းသွားတဲ့ လူတွေအကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုမျိုး အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။