လူသားတွေက ကမ္ဘာကြီးကို ဆိုးဆိုးရွားရွား ဖျက်ဆီးနေကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

ကမ္ဘာပေါ်မှာမှီတင်းနေထိုင်တဲ့ လူဦးရေဟာ တစ်နေ့တစ်ခြား များပြားလာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း တစ်ဖြည်းဖြည်းယိုယွင်းပျက်စီးလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုများပြားလာတဲ့ လူတွေဆီကနေ ထွက်ရှိလာတဲ့ အဆိပ်အတောက်စွန့်ပစ်ပစ္စည်းတွေကလည်း အဆမတန်များပြားလာလို့ပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ သဘာဝတရားကြီးကို လူသားတွေအနေနဲ့ ဆိုးဆိုးရွားရွား ဖျက်ဆီးမိနေပြီဆိုတာကို မီးမောင်းထိုးသက်သေပြနေတဲ့ ဓာတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဒီပုံကတော့မြင်တွေ့တဲ့သူတွေကို အထိတ်တလန့်ဖြစ်စေမှာ အသေအချာပါပဲ။ ဘာသတ္တဝါမှန်းတောင် ခန့်မှန်းလို့ မရအောင်ဖြစ်နေတဲ့ သနားစရာငှက်တစ်ကောင်ဖြစ်ပါတယ်။ ပင်လယ်အတွင်း ဆီယိုဖိတ်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ရပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာ့ချ်မဟာ (Taj Mahal) အဆောက်အဦးကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ အင်တာနက်ပေါ်မှာ တွေ့ရတဲ့ တာ့ချ်မဟာရဲ့ ပုံတွေအတော်များများ ကတော့ခမ်းနားလှပနေမှာဖြစ်ပေမယ့် ဒီပုံထဲမှာတော့ စိတ်ပျက်ဖွယ် ဆန့်ကျင်ဘက်ရှုထောင့်ကနေ မြင်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီပုံကိုတော့ ဓာတ်ပုံဆရာက အစိမ်းရောင်ထောင်ချောက် (Green Trap) လို့အမည်ပေးထားပါတယ်။ တရုတ်နိုင်ငံ ချင်ဒေါင်း (Qingdao) ဒေသကမ်းခြေမှာ ရေညှိတွေအဆမတန် များပြားလာတာဖြစ်ပါတယ်။ ဒီနေရာမှာ ရေကူးမိရင်တော့ အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။ shwekhitonlinetv.com

၄။ “Great pacific garbage patch” လို့အမည်ပေးထားတဲ့ ဒီဓာတ်ပုံ အင်တာနက်ပေါ်ပျံ့နံှ့ သွားချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက စိုးရိမ်မှုတွေဟာ မြင့်တက်ခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ ဒါကတော့ အိန္ဒိယနိုင်ငံ ယမုံနာမြစ်ထဲမှာ အမှိုက်သရိုက်တွေကြားမှာ ဖြတ်ပြီးရေကူးနေတဲ့ ကလေးငယ်တစ်ဦးရဲ့ ပုံဖြစ်ပါတယ်။ ဒီပုံကြောင့် လူအတော်များများဟာ သူတို့ရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားဖျက်ဆီးရာရောက်နေကြောင်း မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၆။ ပင်လယ်ရေမျက်နှာပြင်အထက်ပေါ်တယ်ဆိုရုံလောက်သာရှိတော့တဲ့ မော်လ်ဒိုက်နိုင်ငံက ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင်တွေ လျင်မြန်စွာမြင့်တက်လာမှု ကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရေအောက်ကိုရောက်ရှိသွားနိုင်တဲ့ မြို့လေးတစ်မြို့ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၇။ ဒါကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖုယွမ်ဒေသမှာ သောက်သုံးရေရှားပါးမှုကြောင့် ရွေးချယ်စရာမရှိဘဲ အမှိုက်တွေနဲ့ ညစ်ညမ်းနေတဲ့ ရေကိုသောက်သုံးနေတဲ့ ကလေးငယ်တစ်ဦးရဲ့ ပုံဖြစ်ပါတယ်။ ဓာတ်ပုံဆရာက ဒီပုံကို အမိအရရိုက်ကူးပြီး ကမ္ဘာ့ရေအရင်းအမြစ်နေ့ မှာ ပြသခဲ့တာကြောင့် နာမည်ကြီးခဲ့တဲ့ ပုံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဗီယက်နမ်နိုင်ငံ အနောက်ပိုင်း တေးဟို (Tay Ho) ခရိုင်မှာရှိတဲ့ ရေကန်ကြီးကတော့ ကမ္ဘာလှည့်ခရီးသွားတွေကိုအတော်အသင့်ဆွဲဆောင်နိုင်တဲ့ရေကန်ကြီးဖြစ်ပါတယ်။ ဒါပေမယ့်ပုံထဲကလို ရေညစ်ညမ်းမှုကြောင့် ငါးတွေအစုလိုက်အပြုံလိုက် သေနေတာကတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်မှု ကျဆင်းစေမှာ အသေအချာပါပဲ။ shwekhitonlinetv.com

၉။ အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင်တွေရဲ့ ရေချိုးပွဲလို အပြုအမူတွေကြောင့် ယမုံနာမြစ်ရေထဲမှာ အံ့သြစရာကောင်းလောက်အောင် အမြုပ်တွေထနေတာဖြစ်ပါတယ်။ ဒါကလည်း သဘာဝပတ်ဝန်းကျင်နဲ့ ရေနေသတ္တဝါတွေရဲ့ ဇီဝစက်ဝန်းအတွက် စိုးရိမ်စရာကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ လူသားတွေရဲ့ စည်းကမ်းမဲ့စွာလွှင့်ပစ်ထားတဲ့ ပလတ်စတစ်အမှိုက်တွေကြောင့် စားကျက်မြေရှားပါးလာပြီး မြက်ကို ခက်ခက်ခဲခဲရှာဖွေစားသောက်နေရတဲ့ နွားတစ်ကောင်ရဲ့ ပုံကလည်း လူသားတွေရဲ့ ပလတ်စတစ်သုံးစွဲမှုကို လျော့ချဖို့ သတိပေးနေသလိုပါပဲ။ shwekhitonlinetv.com

၁၁။ ၂၀၁၀ ခုနှစ်အတွင်းက တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေနံယိုဖိတ်မှုကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ ပြုလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးရဲ့ပုံဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပြီး ရေနေသတ္တဝါအများအပြား သေဆုံးခဲ့ရမယ်ဆိုတာကတော့ တွေးကြည့်စရာတောင် လိုမယ်မထင်ပါဘူး။ shwekhitonlinetv.com

ဒီအကြောင်းအရာလေးကို ဖတ်ရှုပြီးရင်တော့ လူတစ်ဦးချင်းစီအနေနဲ့ မိမိတို့ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်တွေကို ပြုပြင်ပြီး သဘာဝတရားနဲ့ ကမ္ဘာမြေကြီးကို ပြန်လည်လှပလာအောင် ဖန်တီးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်နော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။