အမှတ်တမဲ့ဆိုပေမဲ့ တချို့နိုင်ငံတွေမှာ ထောင်ကျသွားနိုင်တဲ့ အပြုအမူများ

သင်ဟာ နိုင်ငံခြားတိုင်းပြည်တခုကို သွားရောက်လည်ပတ်တော့မယ်ဆိုရင် အဆိုပါနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို သေချာသိဖို့လိုအပ်ပါတယ်။ အမှတ်တမဲ့ အပြုအမူတွေဆိုပေမဲ့ တချို့နိုင်ငံတွေမှာတော့ သင့်ရဲ့ လုပ်ရက်ဟာ ထောင်ချနိုင်တဲ့အထိ ပြစ်ဒဏ်ကြီးသွားနိုင်ပါတယ်။ ထူးခြားတဲ့ ဥပဒေရှိတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို Shwe Khit ကနေပြီး အခုပဲ တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ပီကေဝါးခြင်း

စင်ကာပူနိုင်ငံကတော့ အားလုံးသိကြတဲ့အတိုင်း စည်းမျဥ်းစည်းကမ်းအရာမှာ တင်းကြပ်တဲ့ နိုင်ငံဖြစ်သလို ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်တဲ့နိုင်ငံပဲ ဖြစ်ပါတယ်။ သူတို့ဟာ အများပိုင်နေရာတွေမှာ အမှိုက်စွန့်ပြစ်ခြင်း ၊ တံတွေးထွေးခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။ ဒါ့အပြင် နောက်ထပ်ထူးဆန်းတဲ့ အရာတခုကတော့ ပီကေ ရောင်းချခြင်းနဲ့ ပီကေဝါးခြင်းကို အထူးပိတ်ပင်ထားတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့အခါမှာပဲ စားသုံးခွင့်ပြုထားတာကြောင့် စင်ကာပူနိုင်ငံရဲ့ ဆေးဆိုင်တွေမှာပဲ ပီကေကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂ ။ အသားအရည်ကို ဖော်ပြလွန်းတဲ့ အဝတ်ကို ဝတ်ဆင်ခြင်း

မူဆလင်နိုင်ငံ အများစုကတော့ အသားအရည်ကို ဖော်ပြလွန်းတဲ့ အဝတ်တွေကို လူမြင်ကွင်းမှာ ဝတ်ဆင်ခြင်းကို တင်းတင်းကြပ်ကြပ်စည်းကမ်းထုတ် တားမြစ်ထားတတ်ကြပါတယ်။ သင်ဟာ မိန်းကလေးဖြစ်နေမယ်ဆိုရင် ပိုလို့တောင် သင့်တော်တဲ့ ဝတ်စုံကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဝတ်ဆင်တဲ့အခါမှာ သင့်ရဲ့ လက်မောင်းနဲ့ ခြေထောက်ကို သေချာလုံခြုံမှုပေးနိုင်တဲ့ ပွပွယောင်းယောင်းနဲ့ ကိုယ်ကျပ်မဟုတ်တဲ့ ဝတ်စုံဖြစ်ရပါမယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

အီရန်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေမှာဆိုရင်တော့ ခြေလက်တွေ လုံခြုံနေဖို့အပြင် ခေါင်းစည်းပဝါကိုပါ ပတ်ထားဖို့လည်း လိုအပ်ပါတယ်။ အဆိုပါ စည်းမျဥ်းစည်းကမ်းတွေကို သင်ဟာ မလိုက်နာဘူးဆိုရင်တော့ အီရန်နိုင်ငံမှာဆိုရင် သတိပေးစကားပြောကြားခံရမှာဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံမှာဆိုရင်တော့ ထောင်ကျနိုင်တဲ့အထိ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ရှားစောင်းပင် ခုတ်ခြင်း

ရှားစောင်းပင် ခုတ်ခြင်းကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာတော့ ပြည်နယ်ဥပဒေအဖြစ် သတ်မှတ်ပြီး တင်းတင်းကြပ်ကြပ်တားမြစ်ထားကြပါတယ်။ တကယ်လို့ အပင်တွေကို ခုတ်ခဲ့မယ်ဆိုရင်တော့ ခိုးမှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်အနေနဲ့ နှစ်အနည်းငယ်ကြာတဲ့အထိ အပြစ်ပေးခြင်းခံရမှာ ဖြစ်ပါတယ်။ အဆိုပါ ရှားစောင်းပင်တွေဟာ ရှင်သန်ကြီးထွားလာဖို့အတွက် နှစ်ကာလရှည်ကြာတာကြောင့် ဒေသတွင်းအပင်မျိုးစိတ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းထားရှိကြပါတယ်။ ဒါ့ကြောင့် ရှားစောင်းပင်ခုတ်ခြင်းက အရမ်းကို ကြီးလေးတဲ့ ပြစ်မှုပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ခပ်ဖွဖွပြေးလွှားတဲ့အားကစားလုပ်ခြင်း

သင်ဟာ Jogging လို့ခေါ်တဲ့ ခပ်ဖွဖွပြေးပြီး အားကစားလုပ်ခြင်းကို နှစ်သက်တဲ့သူ ဆိုရင်တော့ ဒီလိုနိုင်ငံမှာနေဖို့ မစဥ်းစားသင့်ပါဘူးနော်။ အရှေ့အာဖရိက နိုင်ငံတွေထဲက တခုဖြစ်တဲ့ ဘူရွန်နီ နိုင်ငံမှာတော့ အုပ်စုလိုက် ခပ်ဖွဖွပြေးပြီး အားကစားလုပ်ခြင်းကို ဥပဒေထုတ်ပြီး တားမြစ်ထားတာပဲ ဖြစ်ပါတယ်။ သင်ဟာ တယောက်တည်း လမ်းပေါ်မှာ ခပ်ဖွဖွပြေးပြီး အားကစားလုပ်နိုင်တယ်ဆိုပေမဲ့ နောက်ထပ်အဖော်တယောက်နဲ့အတူ နှစ်ယောက်တွဲပြီး အားကစားလုပ်မယ်ဆိုရင်တော့ ဒါဟာ ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ လက်မထပ်ခင် အတူနေထိုင်ခြင်း

The United Arab Emirates ( UAE ) နိုင်ငံမှာဆိုရင်တော့ လက်မထပ်ခင် သမီးရည်းစားများ အတူနေထိုင်ခြင်းကို တင်းကြပ်စွာတားမြစ်ထားပါတယ်။ ဥပဒေကို ချိုးဖောက်ပြီး အတူနေထိုင်မယ်ဆိုရင်တော့ အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးပြီး ထောင်ချခြင်းကို ခံရမှာပါ။ ဟိုတယ်တည်းခိုမယ်ဆိုရင်လည်း လက်ထပ်စာချုပ်လို သက်သေအထောက်အထားပါမှသာ တည်းခိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Valentine’s Day ကျင်းပခွင့်မရှိခြင်း

နိုင်ငံအသီးသီးမှာရှိတဲ့ ချစ်သူစုံတွဲများဟာ နှစ်စဥ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်းပန်းစည်းများနဲ့ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဆော်ဒီအာရေဗျ နဲ့ ပါကစ္စတန် နိုင်ငံများမှာတော့ ချစ်သူများနေ့ ကျင်းပပြုလုပ်ခြင်းကို ပိတ်ပင်တားဆီးထားပါတယ်။ ဒီလို ချစ်သူများနေ့ ကျင်းပခြင်းက မူဆလင်ယဥ်ကျေးမှုနဲ့ ဆန့်ကျင်နေတဲ့အတွက်ကြောင့် ပိတ်ပင်တားဆီးရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

ချစ်သူများနေ့အတွက် လက်ဆောင်ကဒ်များ ၊ ချစ်သူများနေ့နဲ့ ပက်သက်တဲ့ ကြော်ညာတွေအပြင် လူမှုကွန်ရက်မှာပါ အဆိုပါနေ့အကြောင်း ပြောဆိုရေးသားတာတွေကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ တကယ်လို့ အဆိုပါ စည်းကမ်းကို မလိုက်နာပဲ ဖောက်ဖျက်မယ်ဆိုရင်တော့ ထောင်ချတဲ့အထိ ပြစ်ဒဏ်ခံရမှာပါ။ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့ ၄ မြို့မှာတော့ ချစ်သူများနေ့ကို ဆန့်ကျင်တဲ့ လူထုစည်းဝေးပွဲကို ကျင်းပလေ့ရှိပါတယ်။ shwekhitonlinetv.com

၇။ လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းရှုပ်ခြင်း

The United Arab Emirates ( UAE ) ၊ အီရန် ၊ ကာတာ ၊ ပါကစ္စတန် ၊ အိုမန် နိုင်ငံတွေမှာ သင်ဟာ လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းရှုပ်မယ်ဆိုရင်တော့ ဒုက္ခအကြီးကြီး ရောက်သွားနိုင်ပါတယ်။ အဆိုပါ နိုင်ငံတွေဟာ လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းရှုပ်ခြင်းကို လက်သင့်မခံနိုင်တဲ့ အပြုအမူတခုလို့ သတ်မှတ်ထားပြီး စည်းကမ်းကို ချိုးဖောက်မယ်ဆိုရင်တော့ ငွေဒဏ် ဒါမှမဟုတ် ထောင်ကျနိုင်တဲ့အထိ ပြစ်မှုကြီးပါတယ်။ လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းရှုပ်ခြင်းကို အထက်က ဖော်ပြခဲ့တဲ့ နိုင်ငံများမှာသာမက အိန္ဒိယ ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေမှာဆိုရင်လည်း ရှောင်ကျဥ်သင့်ပါတယ်။ shwekhitonlinetv.com

၈။ လူမြင်ကွင်းမှာ အစားစားခြင်း

မူဆလင်တွေ ဥပုဒ်စောင့်တဲ့ကာလမှာ မူဆလင်တွေဟာ နေ့အချိန်အတွင်း ( အာရုဏ်တက်မှ နေဝင်ချိန် အထိ ) မှာ အစားစားခြင်းကို ရှောင်ကျဥ်ပြီး ဥပုဒ်စောင့်ကြပါတယ်။ The United Arab Emirates ( UAE ) နိုင်ငံမှာ ဥပုဒ်ကာလအတွင်း လူမြင်ကွင်းမှာ နေ့ခင်းအချိန် အစားစားခြင်းကို တားမြစ်ထားပါတယ်။ တကယ်လို့ အဆိုပါ ကာလတွေမှာ လူမြင်ကွင်းမှာ အစားစားမယ်ဆိုရင်တော့ ငွေဒဏ် ဒါမှမဟုတ် ထောင်ကျတဲ့အထိ အပြစ်ကြီးနိုင်ပါတယ်။ သင်ဟာ မူဆလင်တယောက် မဟုတ်ဘူးဆိုရင်တောင် အဆိုပါ စည်းကမ်းကို လိုက်နာရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဘုရင်ကို စော်ကားခြင်း

သင်ဟာ ထိုင်းနိုင်ငံမှာ နေမယ်ဆိုရင်တော့ တော်ဝင်မိသားစုကို မရိုမသေ ပြောဆိုခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ အနောက်နိုင်ငံသားတွေအတွက်ကတော့ ဘုရင်မင်းမြတ်ကို ကိုးကွယ်ရတဲ့ ဓလေ့ထုံးတမ်းနဲ့ ပက်သက်ပြီး နားလည်ရခက်ခဲနေမယ် ထင်ပါတယ်။ ဘုရင်မင်းမြတ်ရဲ့ ရုပ်ပုံပါတဲ့ ထိုင်းနိုင်ငံသုံး ပိုက်ဆံကို လွှတ်ချမိတာ ဒါမှမဟုတ် နင်းမိတာမျိုး ပြုမူမိမယ်ဆိုရင်တော့ ဘုရင်မင်းမြတ်ကို စော်ကားတယ်လို့ ယူဆပါတယ်။ အဆိုပါ အပြုအမူကြောင့် ထောင်ကျနိုင်တဲ့အထိ ကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရမှာပါ။ shwekhitonlinetv.com

၁၀။ အရက်သောက်သုံးခြင်း

မူဆလင်နိုင်ငံတွေမှာတော့ အရက်သေစာ သောက်သုံးခြင်းကို အထူးတားမြစ်ထားလေ့ရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ မူဆလင်နိုင်ငံတွေကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ထိုနိုင်ငံရဲ့ ဥပဒေတွေကို လေ့လာဖို့ လိုပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံမှာဆိုရင် အရက်သေစာ သောက်သုံးခြင်းကို လုံးဝတားမြစ်ထားပြီး နိုင်ငံအတွင်း အရက်သယ်ဆောင်ခြင်းကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ် စစ်ဆေးလေ့ရှိပါတယ်။ shwekhitonlinetv.com

ဆော်ဒီအာရေဗျနိုင်ငံရဲ့ မည်သည့် နေရာမှာမဆို အရက်ကို ဝယ်ယူသောက်သုံးလို့ ရမှာမဟုတ်ပါဘူး။ တကယ်လို့ ထိုနိုင်ငံမှာ အရက်သောက်သုံးမိမယ်ဆိုရင်တော့ ထောင်ဒဏ်နှစ်ရှည်ကျခံရမှာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံလို အရက်သောက်သုံးခြင်းကို တားမြစ်ထားတဲ့ နိုင်ငံတွေကတော့ the United Arab Emirates ( UAE ) ၊ အီရန် ၊ ကူဝိတ် ၊ လစ်ဗျား ၊ ဘင်္ဂလားဒေ့ရှ် ၊ ဆူဒန် ၊ ယီမင် ၊ မော်ဒိုက် နဲ့ အိန္ဒိယနိုင်ငံရဲ့ နေရာအချို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

တကယ်လို့ သင်ဟာ အထက်ဖော်ပြပါ နိုင်ငံတွေကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ အဆိုပါ နိုင်ငံတွေရဲ့ ဥပဒေတွေကို သေချာသိနားလည်ထားဖို့ လိုအပ်ပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။