ပြည့်တန်ဆာ ပညာရပ်တွေကို တရားဝင် သင်ကြားပေးနေတဲ့ကျောင်း

ဒီနေ့ခေတ်မှာ သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) ဘွဲ့ရပြီးရင် အလုပ်အကိုင်ရရှိဖို့ အာမခံတဲ့သင်တန်းတွေက အများအပြားရှိနေပါတယ်။ ဒါပေမယ့်အခုတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာလေးမှာပါဝင်မယ့် သင်တန်းကျောင်းကတော့ အားလုံးအတွက် အထူးအဆန်းဖြစ်နေမှာသေချာပါတယ်။ ဘာလို့လည်းဆိုတော့ ဒီသင်တန်းကျောင်းက ကျွမ်းကျင်တဲ့ ပြည့်တန်ဆာတွေဖြစ်အောင် သင်ကြားပေးနေတဲ့ သင်တန်းဖြစ်နေတာကြောင့်ပါပဲ။ shwekhitonlinetv.com

ဒါက ဟာသတစ်ခုမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ပြည့်တန်ဆာတစ်ဦးဖြစ်အောင် တရားဝင်လေ့ကျင့်သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုအပြင်မှာတစ်ကယ်ရှိနေပါတယ်။ ဒီကျောင်းက စပိန်နိုင်ငံ ဗလင်စီယာမြို့မှာတည်ရှိပြီး Trabajo Ya! လို့အမည်ရပါတယ်။ ကျောင်းသားတစ်ဦးအနေနဲ့ သင်တန်းကြေးအဖြစ် ယူရို (၁၀၀) ပေးသွင်းပြီး ဒီကျောင်းမှာ ပြည့်တန်ဆာပညာရပ်တွေကိုတက်ရောက်သင်ကြားလို့ရပါတယ်။ shwekhitonlinetv.com

ဒီကျောင်းမှာတော့ ကမ္ဘာ့ရှေးအကျဆုံးသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်တဲ့ ပြည့်တန်ဆာလုပ်ငန်းနဲ့ပတ်သက်ပြီး ဖောက်သည်တွေကိုဆွဲဆောင်ခြင်း နဲ့ လိင်ဆက်ဆံရာမှာဖောက်သည်တွေ အနှစ်သက်ဆုံးအနေအထားတွေပဲဖြစ်ပါတယ်။ နောက်ပြီးတော့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ပြောဆိုဆက်ဆံရေးပညာတွေကိုလည်းထည့်သွင်း သင်ကြားပေးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဗလင်စီယာဒေသဆိုင်ရာ အစိုးရအနေနဲ့ ဒီသင်တန်းကျောင်းကိုပိတ်ပစ်စေဖို့အတွက် အစိုးရရှေ့နေတွေထံကို စွဲချက်တင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒီသင်တန်းက အရွယ်အရောက်သေးသူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပစ်မှတ်ထားရည်ရွယ်တာမဟုတ်တာကြောင့် စွဲချက်ကနေကင်းလွတ်ပြီး ဆက်လက်ဖွင့်လှစ်သင်ကြားခွင့်ရနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီးဒီကျောင်းက ပတ်ဝန်းကျင်တွေ၎င်းတို့အနေနဲ့ လုပ်ဆောင်မယ့်လုပ်ဆောင်ချက်တွေကို အစိုးရရှေ့နေတွေထံ အသေးစိတ်တင်ပြထားပြီး သူတို့ရဲ့ တက်သစ်စ လိင်အလုပ်သမများအနေနဲ့လည်း ဥပဒေနဲ့ ငြိစွန်းခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်စေဖို့ အာမခံထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

စပိန်နိုင်ငံဟာပြည့်တန်ဆာလုပ်ငန်းကနေနှစ်စဉ်ဝင်ငွေ (၃.၇) ဘီလီယံကျော်ရှိနေပြီး နိုင်ငံအတွင်းမှာလည်း ခန့်မှန်းခြေအားဖြင့် ပြည့်တန်ဆာပေါင်း (၇၀၀၀၀) ကျော်ရှိတယ်လို့သိရပါတယ်။ အတည်မပြုနိုင်တဲ့ စာရင်းတွေအရဆိုရင်တော့ နိုင်ငံတွင်းမှာပြည့်တန်ဆာ အရေအတွက် (၃) သိန်းကနေ (၄) သိန်းကြားရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။