အစိုးရတွေအနေနဲ့ ကမ္ဘာကြီးကို လုံးဝအသိမပေးဘဲ အချိန်အကြာကြီး လျှို့ဝှက်ဖုံးကွယ်ထားခဲ့တဲ့ အရာများ

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းရဲ့အစိုးရတွေမှာတော့ သူ့အကြောင်းနဲ့သူ လျှို့ဝှက်စွာလုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေရှိနေတတ်ကြပါတယ်။ အချို့အင်အားကြီးနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်တွေကတော့ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းသလို ထိတ်လန့်တုန်လှုပ်စရာလည်း ကောင်းလှပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အင်အားကြီးနိုင်ငံအချို့ရဲ့ အစိုးရတွေအချိန်အတော်ကြာဖုံးကွယ်ထားခဲ့တဲ့ ဖြစ်ရပ်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ၉/၁၁ ဖြစ်ရပ်ကြောင့် ပင်တဂွန်စစ်ဌာနချုပ်ပျက်စီးမှု

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကတော့ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာသာမကဘဲ ကမ္ဘာ့သမိုင်းမှာပါ ကြောက်မက်ဖွယ်အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကျော်အဆောက်အဦးတွေဖြစ်တဲ့ Twin Towers နဲ့ ပင်တဂွန်အဆောက်အဦးတို့ဟာ အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။  shwekhitonlinetv.com

ဒါပေမယ့် လူအတော်များများသိထားတာကတော့ တိုက်ညီနောင် (၂) ခုရဲ့ပျက်စီးမှုတွေသာဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်ရဲ့ပျက်စီးမှုတွေကိုတော့ အစိုးရကလျှို့ဝှက်ထိန်ချန်ထားတာကြောင့် ဘယ်အတိုင်းတာလောက်ထိပျက်စီးခဲ့သလဲဆိုတာကို အသေချာမသိခဲ့ရပါဘူး။အစိုးရအနေနဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို အလုံးစုံပြန်လည်ပြုပြင်တည်ဆောက်မှုတွေပြုလုပ်ပြီးမှသာ တိုက်ခိုက်ခံခဲ့ရတုန်းက ပျက်စီးခဲ့တဲ့အနေအထားတွေကို အများပြည်သူထံချပြခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အချက်အလက်တွေဖုံးကွယ်ထားတဲ့ UFO တွေ့ရှိမှုမှတ်တမ်း

အမေရိကန်အစိုးရရဲ့ ၁၉၆၃ ခုနှစ် မှတ်တမ်းမှာတော့ အမျိုးအမည်မသိယာဉ်ပျံတစ်မျိုး (UFO) ကို အမေရိကန်စစ်တပ်အနေနဲ့ တွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါဟာလူအများသိထားကြတဲ့ နီဗားဒါးပြည်နယ်က ပန်းကန်ပြားပျံကိုဆိုလိုတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှတ်တမ်းမှာပါတဲ့ ယာဉ်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ ဘယ်ကလာတယ်စတဲ့ အရေးကြီးအချက်တွေအကုန်လုံးကိုတော့ ဖုံးကွယ်ထားလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Roswell ပျက်ကျမှု

အထက်ပါမှတ်တမ်း၊ Roswell ပျက်ကျမှု၊ နောက်ပြီးလျှို့ဝှက်ချက်များစွာနဲ့ Area 51 စတဲ့အကြောင်းတွေနဲ့စပ်ဆက်ပြီးတွေးလိုက်ရင် ပန်းကန်ပြားပျံတွေ (UFOs) ကမ္ဘာပေါ်မှာတကယ်ရှိနေနိုင်ပါတယ်။ အမေရိကန်အစိုးရကတော့ Roswell ဖြစ်စဉ်ဟာ မိုးလေဝသဘောလုံးပျက်ကျမှုသာဖြစ်တယ်လို့တွင်တွင်ဆိုနေပေမယ့် လူအများကတော့ Roswell မှာပျက်ကျခဲ့တဲ့ ပန်းကန်ပြားပျံနဲ့ဂြိုဟ်သားတွေကို Area 51 ကိုသယ်ဆောင်သွားပြီး လျှို့ဝှက်စမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ပဲ ယုံကြည်ထားကြပါတယ်။ shwekhitonlinetv.com

၄။ မသင်္ကာစရာကောင်းလွန်းတဲ့ ဓာတ်ပုံတစ်ပုံ

ဒီဓာတ်ပုံကလည်း လူတွေရဲ့အထင်အမြင်နဲ့ကောက်ချက်ဆွဲမှုတွေဟာ မှန်ကန်ကြောင်းသက်သေပြနေသလိုပါပဲ။ မစ်ဆူရီပြည်နယ်မှာရိုက်ကူးထားမိခဲ့တဲ့ဒီပုံမှာတော့ ထရပ်ကားတစ်စီးက ထူးဆန်းပြီးကြီးမားတဲ့အရာတစ်ခုကို ဖုံးကွယ်ပြီးသယ်ဆောင်လာတာဖြစ်ပါတယ်။ ဒီအရာရဲ့ပုံပန်းသဏ္ဍာန်အနေအထားကိုကြည့်ပြီး လူအများကတော့ Area 51 ကိုပန်းကန်ပြားပျံသယ်ဆောင်သွားခြင်းဖြစ်တယ်ဆိုပြီး တစ်ထစ်ချယုံကြည်ထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အစိုးရရဲ့အကြောင်းပြချက်ကတော့ ထုံးစံအတိုင်း ဒါဟာမိုးလေဝသဘောလုံးသာဖြစ်ပါသတဲ့… shwekhitonlinetv.com

၅။ ဧရာမ ရေဒီယိုအချက်ပြမှုထောက်လှမ်းရေး တယ်လီစကုပ်ကြီး

ဒီအရာကတော့ တရုတ်နိုင်ငံက ဂျင်ကီရွာ (Jinke Village) အနီးမှာရှိတဲ့ အလွန်ကြီးမားလှတဲ့ ရေဒီယိုအချက်ပြထောက်လှမ်းရေးတယ်လီစကုပ် (Aperture Spherical Telescope) ဖြစ်ပါတယ်။ အချင်းပေ (၁၆၀၀) ကျော်ရှိတဲ့ ဒီတယ်လီစကုပ်ကြီးကို တရုတ်နိုင်ငံအစိုးရ အမေရိကန်ဒေါ်လာသန်း (၁၈၀) အကုန်ကျခံပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ၂၀၁၆ ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ထားပေမယ့် တစ်ကယ်တမ်းမှာတော့ ၁၉၉၆ ခုနှစ်ကတည်းက လူ (၆၅) ဦးကိုအဲ့ဒီရွာမှာအခြေချနေစေပြီး လျှို့ဝှက်တည်ဆောက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ shwekhitonlinetv.com

၆။ ရုရှားနိုင်ငံ ဓာတုလက်နက်သိုလှောင်ရုံ

စစ်အေးတိုက်ပွဲကာလအတွင်းမှာတော့ ရုရှားနိုင်ငံရဲ့လက်နက်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ကောလဟလမျိုးစုံထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ရုရှားရဲ့လက်နက်ပြင်ဆင်မှုတွေက ထင်ထားတာထက်အများကြီးပိုဆိုးခဲ့ပါတယ်။ ရုရှားနဲ့ အဓိကတင်းမာနေတဲ့ အမေရိကန်နိုင်ငံရဲ့ ထောက်လှမ်းမှုတွေကနေရရှိလာတဲ့ ဒီဓာတ်ပုံကတော့ စစ်ပွဲမှာအသုံးချဖို့ပြင်ဆင်ထားတဲ့ ရုရှားနိုင်ငံကဓာတုလက်နက်တွေ သိုလှောင်ထားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ပြည်သူတွေအထိတ်တလန့်မဖြစ်စေဖို့အတွက် ဒီဓာတ်ပုံကိုအချိန်အတော်ကြာလျှိ့ဝှက်ထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ နျူကလီးယားနဲ့ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေထားရှိတဲ့ လျှို့ဝှက်နေရာ

ဒါကတော့ အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် ယူကတောင်တန်းမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ နျူကလီးယားလောင်စာနဲ့ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေထားရှိတဲ့ နေရာဖြစ်ပါတယ်။ အဆိုပါနေရာမှာ ပရောဂျက်တွေကို (၁၉၈၇) ကတည်းကစတင်လုပ်ဆောင်နေတာဖြစ်ပေမယ့် (၂၀၀၂) ခုနှစ်မှသာ ဒီနေရာအမှန်တစ်ကယ်တည်ရှိကြောင်းကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Area 51 မှ သံသယဖြစ်ဖွယ်လေယာဉ်တစ်စီး

Area 51 နဲ့ ဂြိုဟ်သားတွေပက်သတ်မှုသတင်းတွေကတော့ ဒီဓာတ်ပုံထွက်ပေါ်လာတဲ့အချိန်ကနေစတင်ခဲ့တာ ဖြစ်တယ်လို့ဆိုကြပါတယ်။ ခေတ်ရှေ့ပြေးလွန်းတဲ့ ဒီယာဉ်ရဲ့ဒီဇိုင်းကအတော်လေးကိုတော့ မသင်္ကာဖွယ်ကောင်းလှပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ Roswell မှာပျက်ကျခဲ့တဲ့ပန်းကန်ပြားပျံမှာပါလာတဲ့ ဂြိုဟ်သားတွေနဲ့ အမေရိကန်အစိုးရဟာနည်းပညာသဘောတူညီမှု ရယူပြီး Area 51 မှာဂြိုဟ်သားတွေရဲ့နည်းပညာတွေကို စမ်းသပ်ခဲ့တာလို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂြိုဟ်သားတွေဟာ သူတို့ဌာနေပြန်ဖို့ ဒီယာဉ်ပျံကိုတည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ်ကနေအပြီးအပိုင် ပြန်လည်ထွက်ခွာသွားကြတာလို့ ပြောဆိုကြတာတွေလည်းရှိပါတယ်။ shwekhitonlinetv.com

၉။ ပထမဆုံးအကြိမ် နျူကလီယားပေါက်ကွဲမှု

၁၉၅၂ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့မှာတော့ သာမိုနျူကလီးယားလက်နက်ကို အမေရိကန်တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲက မာရှယ်ကျွန်း (Marshall Island) မှာပထမဆုံးအကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒီလက်နက်ရဲ့ ပေါက်ကွဲမှုအားက TNT တန်ချိန် (၁၀) မဂ္ဂတန်နဲ့ညီမျှပြီး ဟီရိုရှီးမားကိုကျဲခဲ့တဲ့ အနုမြူဗုံးထက်အဆ (၁၀၀၀) ပြင်းထန်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ အကြီးမားဆုံး အဝေးထိန်းဗုံး

အမေရိကန်တွေအနေနဲ့ သာမိုနျူကလီးယားဗုံးလက်နက်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တဲ့သတင်းကိုကြားပြီးတဲ့ အချိန်မှာတော့ ဆိုဗီယက်ပြည်ထောင်စု (ယခုရုရှား) ဟာလည်း ၁၉၆၁ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့မှာ Tsar Bomb လို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စမ်းသပ်ဖောက်ခွဲပြခဲ့ပါတယ်။ လူသားတွေပြုလုပ်ခဲ့သမျှအဝေးထိန်းဖောက်ခွဲနိုင်တဲ့ ဗုံးတွေထဲမှာတော့ ဒါဟာ အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကို လျှို့ဝှက်စွာလုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် အနီးတစ်ဝိုက်မှာ အမေရိကန်လေယာဉ်တစ်စီးရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလေယာဉ်ဟာ ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုအရှိန်ကနေ မလွတ်ကင်းခဲ့ဘဲ မီးလောင်ပျက်ကျသွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။