ဆရာဝန်တွေကို ခေါင်းစားသွားစေခဲ့တဲ့ ထူးထူးခြားခြားဓာတ်မှန်ပုံများ

X-Rays ရိုက်ထားတဲ့ဓာတ်မှန်ပုံတွေကိုတော့ လူတိုင်းနီးပါးမြင်ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့်တစ်ချို့ဓာတ်မှန်ပုံတွေကတော့ သာမန်လူတွေနားလည်နိုင်မှာမဟုတ်ဘဲ ဓာတ်မှန်ဆရာဝန်တွေမှသာ နားလည်မယ့်ပုံမျိုးတွေလည်းရှိပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်ဖော်ပြပေးမယ့်ပုံတွေကတော့ သာမန်လူတွေအပြင် ဆရာဝန်တွေပါ အကြောင်းအရင်းသေချာမသိရင် အထင်အမြင်တွေတက်တက်စင်အောင်လွဲမှားသွားစေနိုင်တဲ့ ထူးထူးဆန်းဆန်းဓာတ်မှန်ပုံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ပုံမှန်အားဖြင့် လူတစ်ဦးမှာ သွားအစုံ (၂) ခုရှိပါတယ်။ တစ်ခုကသွားအချောင်း (၂၀) ဝန်းကျင်ပါတဲ့ ငယ်သွားတွေနဲ့ သူတို့နေရာမှာ အစားထိုးပြီးဖြစ်တည်လာမယ့် ကြီးသွား (၃၂) ချောင်းပဲဖြစ်ပါတယ်။ တစ်ချို့လူတွေမှာတော့ ငယ်သွားကိုလဲမယ့် ကြီးသွားက (၃၂) ချောင်းထက် သွားများပိုနေတာမျိုးတွေ့ရတက်ပါတယ်။ ဒါကိုတော့ ဆေးပညာအရ Hyperdonita လို့ခေါ်ပါတယ်။ ဒီဓာတ်မှန်ပုံက Hyperdonita သမားတစ်ဦးရဲ့ ဓာတ်မှန်ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အပြင်ကလူရဲ့ ခြေထောက်ပုံသဏ္ဍာန်ကိုမမြင်တွေ့ရဘဲ ဒီဓာတ်မှန်ကြီးကိုပဲကြည့်ရင်တော့ နာရီပေါင်းများစွာအတွေးတွေနဲ့ ခေါင်းစားနေမှာအသေအချာပါပဲ။ shwekhitonlinetv.com

၃။ ဒီဓာတ်မှန်ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ SpongBob ကာတွန်းဇာတ်ကောင်လေးရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကလေးတစ်ဦးအနေနဲ့ ဆော့စရာ ဒါမှမဟုတ် SpongBob ပုံစံသော့ချိတ်လေးကို မျိုချမိထားတာဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ ဒါကကြောက်စရာ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ မျက်နှာပုံစံလို့မထင်လိုက်ပါနဲ့နော်။ သာမန်လူတစ်ယောက်ကို MRI Scan ဖတ်ထားတဲ့ပုံဖြစ်ပါတယ်။ လူဖြစ်စေ တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့မျက်နှာကိုဖြစ်စေ တည့်မတ်စွာ MRI Scan ဖတ်ထားတဲ့ပုံတွေဟာ အခုလိုမျိုးဖြစ်နေတက်ပါတယ်။ shwekhitonlinetv.com

၅။ ဓားထိုးမှုအတော်များများကိုကြည့်မယ်ဆိုရင် ခန္ဓာကိုယ်အတွင်းကိုအလွယ်တကူဖောက်ထွင်းဝင်ရောက် နိုင်မယ့်နေရာတွေကိုထိုးကြတာများပါတယ်။ (ဥပမာပြောရရင် ရင်ဘတ်၊ လည်ပင်း၊ ဝမ်းဗိုက်၊ ပေါင် စသဖြင့်ပေါ့)။ ဒါပေမယ့် ဒီလူကသူများထက်ထူးပြီး မာကျောလှတဲ့ဦးခေါင်းကိုမှ ရွေးပြီးဓားနဲ့ထိုးသွားတာကိုခံခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ လုယက်မှုတစ်ခုကျူးလွန်နေတဲ့ လူ (၃) ဦးကိုဝင်ရောက်တားဆီးရာကနေ လုယက်သူတွေက သူ့ကိုရန်ပြုတိုက်ခိုက်ပြီး အခုလိုပြုလုပ်သွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒီလူရဲ့ ဉာဏ်ကောင်းပုံကတော့ မလေးစားပဲမနေနိုင်သလို အံ့သြလို့လည်းမဆုံးပါဘူး။ ဘာကြောင့်လဲဆိုတော့ သွားတွေကိုသန့်ရှင်းဖို့အတွက် ကတ်ကြေးအသေးလိုအရာမျိုးကိုသုံးခဲ့တယ်တဲ့လေ။ နောက်ဆုံးမှာတော့ မတော်တဆမျိုချမိပြီး အကြောင်းဆိုးသွားပါတယ်။ shwekhitonlinetv.com

၇။ ဒီပုံကလည်း အကြောင်းအရင်းသေချာမသိဘဲကြည့်ရရင်တော့ ဘာကြီးမှန်းကိုမသိဖြစ်နေမှာပါ။ တစ်ကယ်တော့ လူနောက်တစ်ဦးကသူများဓာတ်မှန်ရိုက်နေချိန်မှာဝင်ရှုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ချော်လဲပြီးလွန်ဖောက်တဲ့ကိရိယာတစ်ခု မျက်နှာကိုထုတ်ချင်းဖောက်စိုက်ဝင်သွားခဲ့တဲ့လူတစ်ဦးရဲ့ ဓာတ်မှန်ပုံပါ။ ပုံကိုကြည့်တာနဲ့တင်အတော်လေးကို ကြက်သီးထပြီး တုန်လှုပ်စရာကောင်းလှပါတယ်။ ဒါပေမယ့် ဆရာဝန်တွေအနေနဲ့ ခွဲစိတ်ပြီးဒီအရာကိုဖယ်ထုတ်နိုင်ခဲ့လို့ ဒီလူအနေနဲ့ အသက်ရှင်ခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ ဒါကတော့ ရင်သွေးတွေလွယ်ထားတဲ့ ကြောင်တစ်ကောင်ရဲ့ပုံကို ဓာတ်မှန်ရိုက်ထားတာဖြစ်ပါတယ်။ အမှတ်တမဲ့ဆိုရင်တော့ ဘာမှန်းမသိဘဲ ခေါင်းရှုပ်သွားနိုင်တာအသေအချာပါပဲ။ shwekhitonlinetv.com

၁၀။ ဒီပုံကိုမြင်ရင်တော့ ဒီလူနာကိုခွဲစိတ်ခဲ့တဲ့တာဝန်ရှိသူတွေအနေနဲ့ အတော်လေးကိုခေါင်းကျိန်းနေကြမယ်ဆိုတာပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ကြည့်ဦးလေ ခွဲစိတ်ကိရိယာတစ်ခုက ခန္ဓာကိုယ်အတွင်းမှာမေ့ကျန်နေခဲ့တာမဖြစ်သင့်တဲ့ ကိစ္စမဟုတ်လား။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။