နာမည်ကျော်ဓာတ်ပုံတွေအတိုင်း လိုက်လံတုပရင်း ဟာသဖြစ်သွားခဲ့တဲ့ ဓာတ်ပုံများ

ရွှေခေတ်ပရိသတ်ကြီးအတွက် ဒီတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ အင်တာနက်ပေါ်က ဆယ်လီတွေရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သူတို့အတိုင်းလိုက်လံတုပရိုက်ကူးခဲ့ပေမယ့် အလွဲကြီးလွဲချော်သွားခဲ့ ရသူတွေအကြောင်းပဲဖြစ်ပါတယ်။ ပုံလေးတွေကိုကြည့်ရှုပြီး စိတ်အပန်းပြေနိုင်ကြပါစေနော် … shwekhitonlinetv.com

၁။ ဒီတစ်ယောက်ကတော့ မြင်းပေါ်ကသတို့သမီးလေးရဲ့ ပုံကိုအားကျပြီး လိုက်လံအတုခိုးရိုက်ကူးရာမှာတော့ မြင်းရဲ့ဗွေဖောက်မှုကြောင့် အတော်လေးရုပ်ပျက်သွားခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ကမ်းခြေမှာလှပလွန်းတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ထိုင်နေတဲ့ မော်ဒယ်လေးတစ်ဦးရဲ့ ကျောပြင်ပေါ်ကိုအနောက်က စွန်ပလွန်ပင်ရဲ့အရိပ်ကျနေပုံက အတော်လေးကိုကြည့်ကောင်းလှပါတယ်။ ဒါပေမယ့် လိုက်လံတုပရိုက်ကူးခဲ့တဲ့သူရဲ့ ပုံကတော့ကြည့်ရတာ အဆင်ပြေမနေပါဘူးနော် … shwekhitonlinetv.com

၃။ ဒီအမျိုးသမီးနှစ်ဦးကတော့ ကိုင်လီဂျန်နာတို့ရဲ့ Women’s Friendship ဓာတ်ပုံအတိုင်းလိုက်လံတုပရိုက်ကူးရင်း အားတွေပါသွားကြတယ်ထင်ပါရဲ့ … shwekhitonlinetv.com

၄။ ဒီစုံတွဲကတော့ အင်စတာဂရမ်ကစုံတွဲတစ်တွဲကို အားကျပြီးလိုက်လံတုပရိုက်ကူးခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ အနေအထားက ရယ်စရာကောင်းနေပါတယ်။ shwekhitonlinetv.com

၅။ ဒီပုံကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ Icon Photo လို့ပြောလို့ရတဲ့ပုံဖြစ်ပြီး လိုက်လံတုပရိုက်ကူးမှုတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီအဖွားကြီးတွေကတော့ သင့်ရဲ့အမြင်ကို တစ်မျိုးဖြစ်သွားစေလောက်ပါတယ်။ shwekhitonlinetv.com

၆။ ဒီတစ်ယောက်ကတော့ သူများလိုကုလားအုတ်တစ်ကောင်နဲ့ ဂိုက်ပေးကြမ်းချင်ပေမယ့် ကံဆိုးသွားတဲ့ပုံပါပဲ။ shwekhitonlinetv.com

၇။ သူများလိုမျိုး ရေဘဝဲပုံစံအလန်းစားလွယ်အိတ်မရှိလို့ တစ်ကယ့်ရေဘဝဲအစစ်ကိုပဲ ကျောပြင်မှာတွယ်ကပ်ထားခိုင်းလိုက်တယ်လေ။ shwekhitonlinetv.com

၈။ ဒီတစ်ယောက်ကတော့ မူရင်းပုံကဆယ်လီရဲ့ ပို့စ်နဲ့အတော်လေးကို နီးနီးကပ်ကပ်တူတယ်လို့ ခံစားရမယ်ထင်ပါရဲ့။ shwekhitonlinetv.com

၉။ ရေခဲမုန့်တစ်ခုနဲ့ အလန်းစား ဓာတ်ပုံတစ်ခုဖန်တီးဖို့ကြိုးစားခဲ့ပေမယ့်လည်း ဘယ်ကစင်ရော်တစ်ကောင်က ရောက်လာမှန်းမသိတာကြောင့် စိတ်ကူးလေးပျက်ပြယ်သွားခဲ့ရပါတယ်။ shwekhitonlinetv.com

၁၀။ ကမ္ဘာကျော်ရက်ပါကြီးတွေရဲ့ တေးသီချင်းအယ်လ်ဘမ် ကာဗာကိုလိုက်လံတုပရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် စနုဒေါ့ရဲ့နေရာကိုကျတော့ ခွေးတစ်ကောင်နဲ့ အစားထိုးထားတာ မဖြစ်သင့်ပါဘူးနော် … shwekhitonlinetv.com

၁၁။ ဒီတစ်ယောက်ကတော့ ပုံမရိုက်ခင် နေလုံးကဘယ်မှာရှိနေသလဲဆိုတာကို သေချာမကြည့်ထားဘူး ထင်ပါရဲ့။ တော်တော်ကြီးကို လွဲလွန်းနေပါတယ်။ shwekhitonlinetv.com

၁၂။ အင်တာနက်က ကလေးတစ်ဦးနဲ့ ရိုက်ထားတဲ့ဓာတ်ပုံ အိုင်ဒီယာအတိုင်းလိုက်လံတုပပြီး ရိုက်ကူးထားတာပါတဲ့။ shwekhitonlinetv.com

၁၃။ အပေါ်ကလို Slim Body မျိုးနဲ့မဟုတ်တော့ မတော်လို့များပြုတ်ကျခဲ့ရင်တော့ မစားသာပါဘူးနော်။ shwekhitonlinetv.com

၁၄။ ပျော်ရွှင်ပြီးပြုံးပြနေသယောင်ရှိတဲ့ Stingray တစ်ကောင်ရဲ့ Mood အတိုင်းမူလပုံက ဓာတ်ပုံပိုင်ရှင်တွေက ပို့စ်ပေးထားပါတယ်။ လိုက်လံတုပရိုက်ကူးသူတွေကလည်း သူတို့ Stingray ရဲ့ Mood အတိုင်း ပို့စ်ပေးထားကြသလားတော့ မပြောတက်ပါဘူး။ shwekhitonlinetv.com

၁၅။ အေးလွန်းတဲ့ရာသီဥတုမှာ သူများတွေလိုမျိုး အထာကျကျနဲ့ ပုံကောင်းတစ်ပုံရဖို့ ကြိုးစားခဲ့ပေမယ့်လည်း … shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။