မဖြစ်နိုင်တာကိုခန့်မှန်းပြီး ပေါင် (၃) သိန်းကျော်အနိုင်ရရှိခဲ့တဲ့ ဘောလုံးပွဲလောင်းသူတစ်ဦး

ဒီနှစ်ဘောလုံးရာသီကတော့ ပိတ်သိမ်းချိန်တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ချန်ပီယံအသင်း၊ တန်းဆင်းတန်းတက် အသင်းတွေအားလုံးနီးပါးဟာလည်း ရာနှုန်းပြည့်နီးပါး ရုပ်လုံးပေါ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ရာသီတစ်လျှောက်လုံးတော့ အံ့အားသင့်စရာတွေ မထင်မှတ်တဲ့ရလာဒ်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ဘောလုံးရာသီတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့စနေနေ့မှာကစားခဲ့တဲ့ အင်္ဂလန် (လိဂ်-၂) ပွဲစဉ်မှာဆိုရင်လည်း ဘရစ္စတိုးလ်ရိုဗာအသင်းဟာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ဂိုးရလဒ်ကိုအတိအကျထွက်ပေါ်အောင်ကစားပြီး တိုက်ရိုက်တန်းတက်ခွင့်ရရှိသွားခဲ့ပါတယ်။ shwekhitonlinetv.com

သူတို့ထက်ပိုကံကောင်းခဲ့တာကတော့ လိဂ်-၂ မှာချန်ပီယံဖြစ်သွားခဲ့တဲ့ ဖောရက်စ်ဂရင်းရိုဗာအသင်းဖြစ်ပါတယ်။ ရာသီတစ်လျောက်လုံးခြေစွမ်းကောင်းပြသခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်လာတဲ့ ဖောရက်စ်ဂင်းရိုဗာအသင်းဟာ ရာသီကုန်ခါနီး ပွဲစဉ် (၇) ပွဲအလိုမှာတော့ ဆိုးဆိုးရွားရွား ခြေချော်ခဲ့ပြီး နိုင်ပွဲ (၁) ပွဲသာရရှိခဲ့လို့ နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ အိတ်စတာစီးတီးအသင်းကို ပထမနေရာလွှဲပေးလိုက်ရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် သူတို့အနေနဲ့ကံကောင်းခဲ့တာကနောက်ဆုံးပွဲစဉ်မှာ သရေတစ်မှတ်ပဲရခဲ့ပေမယ့် တစ်ဖက်မှာ အိတ်စတာစီးတီးအသင်းက ရှုံးပွဲကြုံခဲ့တာကြောင့် ရမှတ်တူဂိုးကွာခြားချက်အသာနဲ့ ပထမနေရာရရှိပြီး လိဂ်-၂ မှာချန်ပီယံဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီနောက်ဆုံးပွဲစဉ်ကို ရင်တမမနဲ့စောင့်ကြည့်ပြီး တစ်ကမ္ဘာလုံးမှာ ကံအကောင်းဆုံးနဲ့ အပျော်ဆုံးလူသားတစ်ဦးဖြစ်သွားတဲ့သူရှိပါတယ်။ သူကတော့ အမည်မဖော်လိုတဲ့ ဘောလုံးပွဲလောင်းသူတစ်ဦးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖောရက်စ်ဂရင်းရိုဗာ လိဂ်-၂ မှာချန်ပီယံဖြစ်သွားခဲ့တာကြောင့် သူ့အနေနဲ့ ပေါင် (၃၀၈,၀၀၀) အလျော်ရရှိခဲ့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလူဟာ နာမည်ကျော်လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝီလျံဟေးမှာပြီးခဲ့တဲ့နှစ် သြဂုတ်လက ပေါင် (၂၀) နဲ့ လောင်းကြေးတစ်ခုတင်ထားခဲ့တာဖြစ်ပါတယ်။ သူခန့်မှန်းပြီးလောင်းခဲ့တာကတော့ မတူညီတဲ့ လိဂ်ပြိုင်ပွဲ (၆) ခုမှာ ချန်ပီယံဖြစ်မယ့်အသင်း (၆) သင်းကိုခန့်မှန်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီအသင်းတွေကတော့ ဖူလ်ဟမ် (လိဂ်ချန်ပီယံရှစ် ချန်ပီယံ) ၊ ဝီဂန် (လိဂ်-၁ ချန်ပီယံ) ၊ ဖောရက်စ်ဂရင်းရိုဗာ (လိဂ်-၂ ချန်ပီယံ) ၊ ကယ်လ်မာနော့ (စကော့တစ်ချန်ပီယံရှစ် ချန်ပီယံ) ၊ ကို့ဗ်ရိန်းဂျား (စကော့တစ်လိဂ်-၁ ချန်ပီယံ) ၊ ကယ်လ်တီဟာ့တ် (စကော့တစ်လိဂ်-၂ ချန်ပီယံ) တို့ပဲဖြစ်ပါတယ်။ သူ့ရဲ့ခန့်မှန်းချက်အတွက် ဝီလျံဟေးက ၁၅၄၄၃ / ၁ အလေးပေးခဲ့ပါတယ်။ shwekhitonlinetv.com

ဖောရက်စ်ဂရင်းရိုဗာကလွဲရင်ကျန်တဲ့ (၅) သင်းစလုံးက ဧပြီလကုန်ပိုင်းလောက်ကတည်းက ချန်ပီယံအဖြစ်အဖြေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာတော့ သူ့ရဲ့နောက်ဆုံးလက်ကျန် ချန်ပီယံအသင်းရဲ့ပွဲစဉ်ကို ရင်တမမနဲ့ စောင့်ကြည့်ခဲ့ပြီး အခုလိုကံကောင်းစွာနဲ့ များပြားလှတဲ့အလျော်ငွေတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့များ ဒီပွဲမှာသာ ဖောရက်စ်ဂရင်းရိုဗာအနေနဲ့ ရှုံးနိမ့်ခဲ့ရင် သူ့အနေနဲ့ဘယ်လောက်တောင် ကြေကွဲနေမလဲဆိုတာတွေးကြည့်လို့တောင်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်အခုအချိန်မှာတော့ သူ့ဟာ ပေါင် (၂၀) လောင်းပြီး ပေါင် (၃၀၈,၀၀၀) အနိုင်ရရှိခဲ့တဲ့သူဖြစ်သွားခဲ့ပါပြီ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။