ပုံမှန် ရေမချိုးသလို သန့်ရှင်းမှုကိုလဲ သိပ်အလေးမထားတဲ့ ကမ္ဘာကျော်ဆယ်လီများ

နာမည်ကျော်မင်းသားမင်းသမီးတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေကိုကြည့်လိုက်ရင် အမြဲတမ်းစတိုင်ကျ လှပပြီးသန့်ရှင်းသပ်ရပ်နေတယ်လို့ထင်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီအထင်အမြင်ကရာခိုင်နှုန်းအနည်းငယ်သာ မှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းပြီး သူတို့ဆီကနေ မကောင်းတဲ့အနံ့သက်တွေထွက်ရှိနေတဲ့ ကမ္ဘာကျော်ဆယ်လီတွေအများအပြားရှိနေလို့ပါပဲ။ ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ ဆယ်လီတွေထဲက အထင်ရှားဆုံးသူတွေကို ဖော်ပြရမယ်ဆိုရင်တော့ …. shwekhitonlinetv.com

၁။ ခရစ္စတင်းစတီးဝပ်

နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ခရစ္စတင်းစတီးဝပ်ဟာ ရည်းစားဟောင်းဖြစ်တဲ့ ရောဘတ်ပတ်တီဆန်နဲ့ ပြတ်စဲခဲ့ရတဲ့အကြောင်းအရင်းတွေထဲမှာ သူမရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းက အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုမှဖော်ပြဖူးပါတယ်။ သူမဟာတစ်နေ့ကို သွားတစ်ကြိမ်သာတိုက်ပြီး ခေါင်းလည်းလျှော်ခဲတဲ့သူဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဂျွန်နီဒပ်

နာမည်ကျော်မင်းသားကြီး ဂျွန်နီဒပ်ကတော့ (Jack Sparrow ကဲ့သို့) သူသရုပ်ဆောင်တဲ့ဇာတ်ကောင်တွေလိုပဲ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟောင်းဖြစ်တဲ့ ဗင်နီဆာကလည်း သူနဲ့သိပ်ပြီးထူးမခြားနားပါပဲ။ ဒီလိုမျိုးတစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့သူနှစ်ယောက်အနေနဲ့ ဘယ်လိုတွေစခန်းသွားကြသလဲဆိုတာတော့ စဉ်းစားလို့မရအောင်ပါပဲ။ shwekhitonlinetv.com

၃။ မီဂန်ဖောက်စ်

မြန်မာနိုင်ငံကရုပ်ရှင်ချစ်သူတွေထဲမှာ မီဂန်ရဲ့ ပရိသတ်တွေအများအပြားရှိမယ်လို့ထင်ပါတယ်။ ဒါပေမယ့် မီဂန်တစ်ယောက်သင်တို့အိမ်ကိုလာလည်ရင်း ရေအိမ်သုံးမယ်ဆိုရင်တော့ သင်တို့အနေနဲ့ခွင့်ပြုချင်မယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မီဂန်က အိမ်သာအသုံးပြုပြီးရင် ရေဆွဲချဖို့မကြာခဏ သတိမေ့တတ်တဲ့သူဖြစ်လို့ပါ။ shwekhitonlinetv.com

၄။ ပို့စ်မာလုန်း

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ပို့စ်မာလုန်းကတော့ ရေချိုးရမှာပျင်းတဲ့သူဖြစ်ပြီး ရက်အတန်ကြာမှရေတစ်ခါချိုးတဲ့သူဖြစ်တယ်လို့သိရပါတယ်။ ကောလဟလတစ်ချို့အရ သူ့ရဲ့မန်နေဂျာဖြစ်သူဟာ ပို့စ်မာလုန်းဆီက ဆိုးရွားတဲ့အနံ့အသက်တွေကို မခံနိုင်တော့လို့ အလုပ်အတူ ဆက်မလုပ်တော့ဘဲ လက်တွဲဖြုတ်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ ဘရစ်တနေစပီးယား

ဖာနန်ဒိုဖလောရက်စ် ဆိုသူကတော့ ဘရစ်တနေရဲ့ သက်တော်စောင့်ဟောင်းတစ်ဦးဖြစ်ပါတယ်။ တစ်ခါတုန်းက သူ့ဆီနေပြီးဘရစ်တနေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကိစ္စတွေအကြောင်း ပေါက်ကြားဖူးခဲ့ပါတယ်။ အဲ့ဒီထဲမှာ ဘရစ်တနေဟာ ရေမချိုးဘဲအပြင်ထွက်လေ့ရှိကြောင်း၊ ဆေးလိပ်နံ့စွဲနေတဲ့ သူမရဲ့အဝတ်အစားတွေကိုလည်း မလျော်ဖွပ်ဘဲပြန်ဝတ်လေ့ရှိတဲ့အကြောင်း၊ ပုံမှန်သွားတိုက်လေ့မရှိတဲ့အကြောင်းတွေပါဝင်ပါတယ်။ shwekhitonlinetv.com

၆။ လီယိုနာဒိုဒီကာပရီယို

အော်စကာဆုရမင်းသားကြီးကတော့ အယူအဆတစ်မျိုးနဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ရေမချိုးဘဲ ရေကိုချွေတာခြင်းဟာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့ အထောက်အကူဖြစ်စေတယ်လို့ ယူဆထားတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာတစ်ပတ်ကို (၂) ခါ သာအများဆုံးရေချိုးပါတယ်။ သူ့ဆီကရနံ့တွေကတော့ နှစ်လိုဖွယ်ရှိမှာမဟုတ်တာသေချာပါတယ်။ shwekhitonlinetv.com

၇။ မိုင်လေးဆိုင်းရပ်

မိုင်လေးဆိုင်းရပ်ဟာ သွားနှင့်ခံတွင်း သန့်ရှင်းရေးညံ့ဖျင်းသူတစ်ယောက်အဖြစ်ကျော်ကြားသူဖြစ်ပါတယ်။ သူမရဲ့ Music Video တွေမှာဆိုရင်သူမရဲ့သွားတွေကို သူ့ရဲ့လျှာနဲ့ဖုံးတာမျိုးတွေပြုလုပ်တက်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၈။ အော်လန်ဒိုဘလွန်း

မီရန်ဒါကား နဲ့ အိမ်ထောင်ရေးပြတ်စဲရတာဟာ အော်လန်ဒိုဘလွန်းရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်ဖြစ်ကြောင်း မီဒီယာတွေထက်မှာဖော်ပြဖူးပါတယ်။ မီရန်ဒါအနေနဲ့ အော်လန်ဒိုဘလွန်းကို အဝတ်အစားတွေကိုလျော်ဖွပ်ဖို့နဲ့ ရေပုံမှန်ချိုးဖို့တောင်းဆိုခဲ့ပေမယ့် ဘလွန်းနဲ့သဘောတူညီမှုမရခဲ့ပါဘူး။ နောက်ပြီး ဘလွန်းဟာ ဂျင်းဘောင်းဘီတစ်ထည်ကို တစ်ပတ်လောက်ဝတ်တက်တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ကင်မရွန်းဒိုင်ယာ့ဇ်

The Mask မင်းသမီးကြီး ကင်မရွန်းဒိုင်ယာ့ဇ် ကိုတော့အားလုံးမှတ်မိကြမယ်လို့ထသ်ပါတယ်။ သူမကတော့ သူမရဲ့ကိုယ်သင်းနံ့ကိုတန်ဖိုးထားတဲ့သူလို့ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမအနေနဲ့ ဂျိုင်းသုတ်ဆေး (Deodorant) လို ကိုယ်ခန္ဓာအနံ့အသက်ပျောက်ဆေးတွေကို မသုံးတာ နှစ် (၂၀) ရှိပြီဖြစ်လို့ပါပဲ။ shwekhitonlinetv.com

၁၀။ ဟယ်ရီစတိုင်စ်

One Direction အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဟယ်ရီစတိုင်စ်ရဲ့ Ex တစ်ဦးဖြစ်တဲ့ တေလာဆွစ်ကတော့ “သူ့ဆီကနေ ဆေးလိပ်၊ ကော်ဖီ ဒါမှမဟုတ် အရက်လိုအနံ့မျိုးတွေအမြဲတမ်းထွက်နေတက်တယ်” လို့ ပြောကြားဖူးပါတယ်။ One Direction အဖွဲ့သားတစ်ဦးဖြစ်တဲ့ လူးဝစ္စတွမ်မလင်ဆန်ကလည်း “သူလေတစ်ခါလည်ရင် (၁၀) မိနစ်လောက်ကြာတဲ့ အထိနံစော်နေအောင် အနံ့အသက်ဆိုးလွန်းပါတယ်” လို့ပြောဖူးပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။