နှလုံးခွဲစိတ်မယ့် ကလေးငယ်အတွက် အိုလံပစ်ဆုတံဆိပ်ကို လေလံတင်ရောင်းချခဲ့တဲ့ ပိုလန်နိုင်ငံသူ

ပြီးခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်မှာ ငွေတံဆိပ်ရရှိခဲ့တဲ့ ပိုလန်နိုင်ငံသူ လှံတံပစ်အားကစားသမား မာရီယာ အန်ဒရီယက်ဟာ လက်ရှိအချိန်မှာတော့ သူမရဲ့ ဆုတံဆိပ်ကို အင်မတန်မှ မွန်မြတ်တဲ့ အကြောင်းပြချက်တစ်ခုအတွက် လေလံတင်ရောင်းချတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

သူမဟာ အသက် (၈) လသားသာရှိသေးပြီး အရေးပေါ်နှလုံးခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပိုလီ ဆိုတဲ့ ကလေးငယ်အတွက် ခွဲစိတ်ဖို့ုလိုအပ်တဲ့ ရန်ပုံငွေရရှိအောင်လို့ သူမရဲ့ဆုတံဆိပ်ကို အခုလိုလေလံတင်ရောင်းချ ရခြင်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

သူမအနေနဲ့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “ဆုတံဆိပ်ဆိုတာ အရာဝတ္ထုတစ်ခုမျှသာဖြစ်ပေမယ့် အခြားသောသူတွေအတွက်တော်အလွန်အဖိုးတန်တဲ့ အရာဖြစ်နိုင်ကြောင်း၊ စစ်မှန်တဲ့ဆုတံဆိပ်ဆိုတာ နှလုံးသားထဲမှာအမြဲစွဲကျန်နေမှာဖြစ်ကြောင်း၊ ဒါကြောင့် သူမအနေနဲ့ ဒီဆုတံဆိပ်ကို သူ့ရဲ့ဗီဒိုထဲမှာ ပြသထားခြင်းထက် လူ့အသက်တစ်ချောင်းကို ကယ်တင်ဖို့အတွက် အသုံးချခြင်းဖြစ်ကြောင်း” ရေးသားထားပါတယ်။ shwekhitonlinetv.com

ကလေးငယ်အတွက် ခွဲစိတ်ဖို့ ကုန်ကျစရိတ်ဟာ သြစတြေးလျ ဒေါ်လာ (၅၂၅၀၀၀) လောက်ကုန်ကျမှာဖြစ်ပါတယ်။ မာရီယာကတော့ ဒီဆုတံဆိပ်ကနေ ကလေးငယ်အတွက် ခွဲစိတ်ကုသဖို့ ရန်ပုံငွေ သြစတြေးလျဒေါ်လာ (၂၅၀၀၀၀) လောက်ရရှိဖို့ မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ အချိန်တိုတွင်း လူမှုကွန်ယက်စာမျက်နှာတွေမှာပျံ့နှံ့ သွားခဲ့တာကြောင့် ကလေးငယ်အတွက် အလှုငွေထည့်ဝင်မယ့် အလှုရှင်တွေဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ shwekhitonlinetv.com

ကြည်နူးဝမ်းသာဖို့ကောင်းတာက သူမရဲ့ ဆုတံဆိပ်ကိုတော့ ပိုလန် စူပါမားကတ်လုပ်ငန်းစု တစ်ခုဖြစ်တဲ့ ဇက်ဘာ (Zabka) က သြစတြေးလျဒေါ်လာ (၂၆၀၀၀၀) နဲ့ ဝယ်ယူသွားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆုတံဆိပ်ကိုတော့ သူမကိုပြန်လည် ပေးအပ်ခဲ့သလို ခွဲစိတ်ဖို့လိုအပ်တဲ့ လက်ကျန်ငွေကြေးကိုလည်း စိုက်ထုတ်လှုဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီအဖြစ်အပျက်ကြောင့် အသက် (၂၅) နှစ်သာရှိသေးတဲ့ ပိုလန် လှံတံပစ်အားကစားသမား မာရီယာဟာ သတင်းမီဒီယာတွေထက်မှာတော့ မွန်မြတ်တဲ့ နှလုံးသားပိုင်ရှင်အဖြစ် အမည်သတင်းကျော်ကြားနေပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။