အပြင်မှာအမှန်တကယ်ရှိတဲ့ ဆန်းကြယ်သော စားသောက်ဆိုင်များ

၁။ Dinner In The Sky , Canada

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ ရှိတဲ့ဒီစားသောက်ဆိုင် ဟာဆိုရင်တော့ ပေ (၁၆၀) အမြင့်မှာ ညစာစားနိုင်အောင်လို့ ဝန်ဆောင်မှုပေးပါတယ်။ လိုအပ်တဲ့ စားပွဲ၊ ကုလားထိုင်တွေကို ကရိန်းနဲ့လေထဲကို ဆွဲတင်ထားလို့ တကယ့်ကို ဆန်းကြယ်ပြီး အသည်းယားဖွယ်ကောင်းတဲ့ ညစာကို သုံးဆောင်လိုသူတွေ သွားရောက်သင့်ပါတယ်။ အပေါ်ရောက်လို့ လိုအပ်တာတွေအတွက်စိတ်မပူ ရအောင် ဝိတ်တာတစ်ယောက်လည်း ထည့်ပေးထားပါတယ်။ shwekhitonlinetv.com

၂။ The Naked Restaurant , London

နှစ်စဉ်နှစ်တိုင်း နွေဦးကာလဖြစ်တဲ့ ဇွန်လကနေ သြဂုတ်လထိသာ ဖွင့်လှစ်တဲ့ လန်ဒန်မြို့က ဘွန်ယာဒီ စားသောက်ဆိုင်ကလည်း ထူးဆန်းလှသလို အတော်လေးကိုကျော်ကြားလှပါတယ်။ လက်ရှိအချိန်မှာလည်း ဒီနှစ်နွေရာသီအတွက် ကြိုတင်စာရင်းပေးလားတဲ့ သူအရေအတွက်က (၄၆၀၀၀) ကျော်တောင်ရှိပါတယ်။ ဝန်ထမ်းတွေက ကိုယ်လုံးအထက်ပိုင်းကို ဗလာကျင်းထားသလို လာရောက်တဲ့ ဧည့်သည်တွေကလည်း ကိုယ်လုံးတီးအနေအထားနဲ့ စားသောက်ဖွယ်ရာတွေကို သုံးဆောင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Chillout Ice Lounge , Dubai

ဒူဘိုင်းဆိုတာကတော့ အရှေ့အလယ်ပိုင်းဒေသက သဲကန္တာရမြို့တော်ကြီးဖြစ်ပါတယ်။ ဒီလို ပူပြင်းတဲ့ သဲကန္တာရထဲမှာအပူချိန် ရေခဲမှတ်အောက်ရောက်နေတဲ့ နေရာတစ်ခုရှိတယ်ဆိုရင် ယုံနိုင်ပါ့မလား။ မယုံမရှိပါနဲ့ တတယ်ကို အပူချိန် သုညဒီဂရီစင်တီဂရိတ်ရောက်အောင်ဖန်တီးထားတဲ့ အပန်းဖြေအနားယူ စားသောက်ဆိုင်တစ်ခုရှိနေပါတယ်။ ဒီစားသောက်ဆိုင်မှာတော့ အေးစက်တဲ့ သောက်သုံးဖွယ်ရာတွေရရှိ နိုင်သလို ပူးနွေးတဲ့ အစားအသောက်တွေကိုလည်း သုံးဆောင်နိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ O.Noir , Canada

မျက်မမြင်တစ်ဦးရဲ့ ခံစားချက်တွေကို နားလည်ချင်ရင်တော့ O.Noir ဆိုတဲ့စားသောက်ဆိုင်လေးကို သွားရောက်သင့်ပါတယ်။ ဒီဆိုင်လေးကလည်း ကနေဒါနိုင်ငံ မွန်ထရီယယ် မြို့မှာရှိတာဖြစ်ပြီး အခုဆိုရင် တိုရွန်တိုမြို့မှာပါဆိုင်ခွဲဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ လာရောက်စားသုံးတဲ့သူတွေကို မျက်စိအဝတ်စည်းထားပြီး အမှောင်ခန်းထဲမှာ စားသောက်ဖွယ်ရာတွေနဲ့ ဧည်ခံတာဖြစ်ပါတယ်။ ဓာတ်မီးလို Flashligh တွေ၊ ဖုန်းတွေ နဲ့ အလင်းရောင်ထွက်စေမည့် တောက်ပတဲ့ နာရီတွေကို ဒီစားသောက်ခန်းထဲယူဆောင်ခွင့်မရှိပါဘူး။ shwekhitonlinetv.com

၅။ Labassin Waterfall , Philippines

ရေတံခွန်တစ်ခုအနီးနားမှာ ဖွင့်လှစ်ထားတဲ့ ဒီစားသောက်ဆိုင်ကတော့ အာဆီယံဒေသတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ ရှိပါတယ်။ ဒေသထွက်အစားအစာ တွေကို သုံးဆောင်ရင်း တေးဂီတဖျော်ဖြေမှုတွေ အကအလှဖျော်ဖြေမှုတွေကိုလည်း ခံစားနိုင်အောင်စီစဉ်ပေးထားပါတယ်။ ဒီဆိုင်ကိုလာရောက်စား သုံးသူတွေအနေ သဘာဝအတိုင်းအေးမြလက်ဆက်တဲ့ လေကို ခံစားရမှာဖြစ်သလို ဝါးရုံပင်တွေနဲ့ ရှုမငြီးဖွယ် တောရိပ်တောင်ရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။