ကမ္ဘာပေါ်ကထိတ်လန့် ကြောက်မက်စရာ အကောင်းဆုံး ဥယျာဥ် ( ၁၀ ) ခု

ပရိတ်သတ်ကြီးရေ… Horror ကြိုက်နှစ်သက်တဲ့သူတွေအတွက် သရဲအိမ်တွေ၊ သရဲရထားတွေ၊ ပန်းခြံတွေဆိုတာ လှည့်ကွက်တွေနဲ့အတူဖန်တီးထားတဲ့ ဖျော်ဖြေရေးအစီအစဥ်တစ်မျိုးပဲဖြစ်ပါတယ်နော်….။ အခုပြောပြပေးချင်တဲ့အကြောင်းကတော့ ကမ္ဘာပေါ်က ထိတ်လန့်ကြောက်မက်စရာအကောင်းဆုံး ဥယျာဥ် ( ၁၀ ) ခုအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Ruby Falls Haunted Cavern (USA)

View this post on Instagram

#RUBYFALLSHAUNTEDCAVERNS

A post shared by Justin Irvin (@jirvin3) on

ဒီသရဲခြောက်တဲ့လှိုဏ်ဂူကြီးကတော့ မြေအောက်မှာ ၂၆ထပ်ရှိပါတယ်။ အထဲကိုရောက်သွားပြီဆိုတာနဲ့ ကြောက်စရာအကောင်ကြီးတွေနဲ့ သတ္တဝါတွေကို ကြောက်လန့်စရာအကောင်းဆုံးပုံစံနဲ့တွေ့ရမှာပါ။ ကံဆိုးတာတစ်ခုကတော့ သင့်ဘယ်လောက်ပဲအော်နေပါစေ.. ဘယ်သူမှ မကြားရပါဘူးတဲ့..။ ဒီသရဲဂူကိုတော့ လာမယ့် စက်တင်ဘာလ မှာဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Farmageedon (UK)

View this post on Instagram

#farmageddon #halloweentime #hauntedhouse

A post shared by Farmageddon (@farmageddon_haunted_cornmaze) on

အောက်တိုဘာလဟာဆိုရင် အနောက်နိုင်ငံတွေရဲ့ Holloween ပွဲတော်တွေကျင်းပတဲ့အချိန်ပဲဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင် Farmageedon ထဲကိုသာ သင်ရောက်သွားမယ်ဆိုရင် သင်ဟာနောက်ထက်ဘယ်တော့မှ ကြောက်စရာကောင်းတဲ့ ပန်းခြံတွေထဲ ထပ်သွားမှာ မဟုတ်တော့ပါဘူးတဲ့…။ ဒီပန်းခြံရဲ့ ကြောက်မက်ဖွယ်ရာ ထူးခြားမှု ( ၄ ) ခုကတော့ ကူးစက်ရောဂါ၊ လယ်တောထဲက ကြောက်မက်ဖွယ်ရာများ၊ စက်ရုံကြီးနဲ့ အသားတွေထားတဲ့ Locker ကြီးတွေနဲ့တင် သင်က ထွက်ခွင့်ပေးပါတော့လို့တောင် ဆိုနိုင်နေပါပြီ။ ဒီထဲမှာဆိုရင် တစ်ကယ့် Zoombie တွေကို အမဲလိုက်ရမယ့် ဂိမ်းမျိုးကိုလည်း ဆော့ကစားနိုင်တာကြောင့် ကြောက်စရာကောင်းသလို ပျော်စရာကောင်းတဲ့ ပန်းခြံတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ The Bates Motel (USA)

View this post on Instagram

Post prom party 2013 haunt

A post shared by JT (@johnny_thunder_) on

ဒီ မိုတယ်ကတော့ လူတွေကို ( ၂၇ ) နှစ်တိုင်အောင် ထိတ်လန့်စေခဲ့ပါတယ်။ ဒါက သရဲခြောက်တဲ့မိုတယ်အဖြစ်နဲ့ အမေရိကန်တစ်ခုလုံးရဲ့ နံပါတ် ( ၁ ) နေရာမှာရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုတယ်က သင့်ရဲ့ကြောက်စိတ်တွေကို မတူညီတဲ့ Level တွေနဲ့ တစ်ဆင့်စီ ဆွဲတင်သွားမှာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ Special effect တွေနဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေက သင့်ကို အမှန်တစ်ကယ် ကြောက်လာစေနိုင်ပါတယ်။ ဒီနှစ်ထဲမှာတော့ သူတို့က နောက်ထပ်ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို ထပ်ထည့်ထားတယ်လို့သိရပါတယ်။ Bates Motel ကိုသာရောက်ခဲ့မယ်ဆိုရင် သင့်ရဲ့ တစ်ဘဝလုံးစာ ကြောက်လန့်စေဖို့အတွက် လုံလောက်နေပါပြီတဲ့…။ shwekhitonlinetv.com

၄။ Pasaje Del Terror (USA)

လူ ( ၁၄ ) သန်းလောက်လာရောက်လည်ပတ်တဲ့ ဒီအဆောက်အအုံကတော့ သက်တမ်း ( ၂၈ ) နှစ်ကြာပြီးဖြစ်ပြီး Bates Motel ထက် သက်တမ်း တစ်နှစ် ပိုကြီးပါတယ်တဲ့…။ သူတို့တွေက တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သရုပ်ဆောင်တွေနဲ့ သင့်ကိုထိတ်လန့်စရာ အတွေ့အကြုံကိုပေးပါလိမ့်မယ်…။ ဒါကတစ်ကယ်ကြောက်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ လာရောက်လည်ပတ်သူတွေဟာ သားကောင်တွေ ဖြစ်လာတတ်လို့ပါပဲနော်..။ ဒါကိုတော့ လာမယ့် Holloween မှာ စောင့်ကြည့်လိုက်ရအောင်နော်..။ shwekhitonlinetv.com

၅။ The Ghoullog (USA)

View this post on Instagram

ghouls

A post shared by Emery O'Connell (@lostinthesauc_) on

The Ghouldog အဖွဲ့သားတွေဟာဆိုရင် လာရောက်လည်ပတ်တဲ့သူတွေကို ကြောက်စရာအကောင်းဆုံးအတွေ့အကြုံတွေ ပေးနိုင်ဖို့အတွက် Special effect တွေနဲ့ မိတ်ကပ်တွေကို အချိန်ယူပြင်ဆင်ခဲ့ကြပါတယ်။ သူတို့ကိုကြည့်လိုက်ရင် တစ်ကယ့်သရဲအစစ်တွေလိုပါပဲ။ညအခါမှာဆိုရင် သင်က ဒီသရဲတွေရဲ့ လိုက်ဖမ်းခြင်းကို ခံရနိုင်ပါတယ်။ shwekhitonlinetv.com

၆။ Fear Overload Scream Park (USA)

ကယ်လီဖိုးနီးယားတွင်အဆိုးရွားဆုံးသောဆွဲဆောင်မှုအဖြစ်သတ်မှတ်ခံထားရတဲ့ Scream Park မှာ ကြောက်မက်ဖွယ်ကောင်းသောသတ္တဝါများနဲ့ပြည့်နှက်နေတဲ့ သရဲခြောက်တဲ့အိမ် ၂အိမ်ရှိပါတယ်။ သင်ကအဲ့ကိုရောက်ပြီးတဲ့နောက်မှာ ဘယ်တော့မှ တစ်ယောက်တည်း အိပ်ရဲမှာ မဟုတ်တော့ပါဘူးတဲ့…။ဂြိုယ်သားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ နိုဝင်ဘာ ( ၁၀ ) ရက်နဲ့ ( ၁၁ ) မှာ အထူးအစီအစဥ်တွေရှိနေပါတယ်။ သူတို့တွေကို Nerf သေနတ်ကိုအသုံးပြုပြီး သတ်နိုင်မယ့်အခွင့်အရေးတွေလည်းရှိနေပါတယ်။ shwekhitonlinetv.com

၇။ Fright Dome (USA)

တစ်ကယ့် ထိတ်လန့်တုန်လှုပ်မှုတွေကို ခံစားချင်တဲ့သူတွေအတွက်ကတော့ Fright Dome က တစ်ကယ့် သရဲခြောက်တဲ့အိမ်နဲ့ ညီမျှပါတယ်တဲ့ ပရိတ်သတ်ကြီးရေ..။သူတို့မှာ ကြောက်စရာကောင်းတဲ့ စီးစရာ ( ၂၀ ) အထက်နဲ့ သရဲ ( ၆ ) ကောင်ရှိနေပါတယ်။ သူတို့မှာ နောက်ထပ်ကြောက်စရာကောင်းတဲ့ ဇုန်အသစ်တွေရှိနေပြီးတော့ ဘာတွေဖြစ်မလဲဆိုတာ လာမယ့် Holloween မှာစောင့်ကြည့်ရအောင်နော်…။ဒါ့အပြင် Celebrities အချို့ကိုလည်း ဒီ Fright Dome မှာ မြင်တွေ့နိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဒါကသူတို့အကြိုက်ဆုံး ကြောက်စရာကောင်းတဲ့ ပန်းခြံဖြစ်နေလို့ပါတဲ့…။ shwekhitonlinetv.com

၈။ Nightmare in Budapest (Hungary)

သင်က သတ္တိရှိတဲ့ လူတစ်ယောက်လား….။ ဒါဆိုရင်တော့ ဘူဒါပါတ်စ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စီးနင်းမှုတွေနဲ့ သင့်ကိုသင် စမ်းသပ်နိုင်ပါတယ်တဲ့…။ အလင်းရောင်တွေနဲ့ သေချာဖန်တီးထားတဲ့အသံစနစ်တွေ၊ Special မိတ်ကပ် Effect တွေက သင့်ကို ထွက်ပြေးသွားစေနိုင်ပါတယ်။ shwekhitonlinetv.com

၉။ Dent Schoolhouse (USA)

( ၁၈၉၄ ) ခုနှစ်မှာ Cincinnati ပြည်နယ်မှာ တစ်ကယ့်ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ကျောင်းက ချာလီလို့ခေါ်တဲ့ ကျောင်းစောင့်က ကလေးတွေကိုသတ်ပြီးတော့ ကလေးအလောင်းတွေကိုတော့ ကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ထားခဲ့ပါတယ်။ ဒါကတော့ ဘာကြောင့် ဒီကျောင်းရဲ့ နာမည်ကြီးရတဲ့ အချက်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါက တစ်ကယ့် သရဲခြောက်တဲ့ ကျောင်းပဲဖြစ်ပါတယ်။ ကျောင်းရဲ့ စင်္ကြန်တွေကို လေ့လာလိုသူတစ်ချို့အတွက် Holloween တိုင်းမှာ ဖွင့်လှစ်ပေးပါတယ်။အဲ့ကဝန်ထမ်းတွေကတော့ တစ်ကယ့်ကို သေချာလေ့ကျင့်ထားတဲ့ ကျွမ်းကျင်သူတွေပဲဖြစ်ပါတယ်။ သူတို့က ကျောင်းရဲ့ဘယ်နေရာမှာ သရဲတွေပိုပြီးရှိနေတတ်သလဲဆိုတာကို သိနေကြပါတယ်။ တစ်ကယ်လို့ သင်က သရဲအစစ်ခြောက်တာကို ကြုံဖူးချင်ရင်တော့ ရူးချင်လောက်အောင် ကြောက်စရာကောင်းတဲ့ ဒီကျောင်းကို သွားသင့်ပါတယ်နော်…။ shwekhitonlinetv.com

၁၀။ Freakling Brothers’ The Victim Experience (USA)

သင်က ပြင်းထန်တဲ့ အစွန်းရောက် ကြောက်လန့်စရာကောင်းတာကို ရှာနေတာမျိုးလား…။ Sepsis အယူဝါဒဟာဆိုရင် စိတ်ပျက်အားလျော့ခြင်းအတွက်မဟုတ်ပဲနဲ့ နက်ရှိုင်းလွန်းတဲ့ ငရဲ၊ စိတ်ပျက်စရာတွေနဲ့အတူ စိတ်ထိခိုက်သွားနိုင်ပါတယ်။ ဒီမှာဆိုရင် ကလေးတွေကို ဝင်ခွင့်မပြုထားပါဘူး။ သင့်ရဲ့ ဘဝတစ်လျောက်လုံးမှာ ကြောက်မက်စရာကောင်းကောင်း ကြုံဖူးချင်တယ်ဆိုရင်တော့ အခုပဲလက်မှတ်ဝယ်ပြီး သားကောင်အဖြစ်နဲ့သွားလိုက်ပါတဲ့…။ သွားချင်တယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ( ၁၈ ) နှစ်ပြည့်ပြီးပြီဆိုတာ သေချာအောင် ပြသနိုင်ဖို့တော့ လိုပါတယ်တဲ့ ပရိတ်သတ်ကြီးရေ…။ shwekhitonlinetv.com

အခုပြောပြပေးခဲ့တာတွေက ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး လည်ပတ်စရာ ပန်းခြံ ( ၁၀ ) ခုပဲဖြစ်ပါတယ်။ ကြောက်စရာကြီးတွေနော်…။ ဒီအကြောင်းအရာနဲ့ ပါတ်သတ်ကြီး ဘယ်လိုထင်လဲဆိုတာ ပြောပြပေးခဲ့ပါဦးနော်…။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။