WHO က ထုတ်ပြန်ထားတဲ့ COVID-19 နဲ့ ပတ်သက်ပြီး လူတိုင်းသိသင့်တဲ့ အချက် (၅) ချက်

လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 ကူးစက်ရောဂါကို ကျွန်တော်တို့နိုင်ငံ မှာ တရားဝင်တွေ့ရှိထားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခြေအနေတွေဟာ ရှုပ်ထွေးနေပြီး စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူလူထုတွေဟာ လူမှုကွန်ယက်တွေမှာ ဖော်ပြထားတဲ့ သတင်းများကြောင့် စားစရာသောက်စရာတွေ အလုအယက် ဝယ်ယူနေကြတာကိုလည်း မြင်တွေ့ကြားသိနေရပါတယ်။ shwekhitonlinetv.com

ဒီလို လုပ်တာဟာ မှန်လား ? မှားလား ? ဆိုတာထက် ဒီရောဂါနဲ့ ပတ်သတ်တဲ့ အခြေခံကျတဲ့ အချက်တွေကိုသိရှိအောင် လေ့လာထားဖို့ က ပိုပြီးအရေးပါ တယ်လို့ထင်မိပါတယ်။ ဒါမှသာ မလိုအပ်တဲ့ စိုးရိမ်ထိတ်လန့်မှုတွေ နဲ့ အဖြစ်အပျက်တွေကို ဖြစ်မလာအောင်တားဆီးနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ shwekhitonlinetv.com

နေုာက်ထပ်အရေးကြီးတာတော့ တိကျမှုမရှိတဲ့ သတင်းတွေနဲ့ ခန့်မှန်းခြေတွေကို ရာနှုန်းပြည့် ယုံကြည်တာမျိုးထက် WHO လိုကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ကြေညာချက်တွေ၊ သတိပေးချက်တွေလိုမျိုး နဲ့ စိတ်ချယုံကြည်ရတဲ့ သတင်းဌာနကြီးတွေက တင်ဆက်တဲ့ သတင်းတွေကိုသာ မိမိရဲ့ အသိညဏ်နဲ့ ယှဉ်ပြီး ယုံကြည်ကြဖို့လိုအပ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် World Health Organization (WHO) က COVID-19 နဲ့ ပတ်သတ်ပြီး ပြုလုပ်ထားတဲ့ အမေးအဖြေတစ်ချို့ကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ ဒါအမေးအဖြေလေးတွေဟာ COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး လူတိုင်းသိရှိထားသင့်တဲ့ အခြေခံအကျဆုံး အချက်တွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Coronavirus ဆိုတာဘာလဲ?

Coronavirus ဆိုတာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖျားနာစေတဲ့ ဗိုင်းရပ်စ် အမျိုးနွယ်တစ်ခုပဲဖြစ်ပါတယ်။ Coronavirus ဟာ လူတွေမှာ Middle East Respiratory Syndrome (MERS) နဲ့ Severe Acute Respiratory Syndrome ( SARS) တို့ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေပါတယ်။ နောက်ဆုံးတွေ့ရှိထားတဲ့ ဒီဗိုင်းရပ်စ် မျိုးနွယ်ဝင်ကတော့ COVID-19 ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Covid-19 ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

COVID-19 ဖြစ်ပွားနေတာပြီဆိုတာကို အဖျားတက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း နဲ့ ချောင်းခြောက်ဆိုးခြင်းတို့ ဖြစ်ပါတယ်။ တစ်ချို့ကူးစက်ခံရသူတွေမှာတော့ ကိုယ်လက်ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရေယိုခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတွေပါ တွေ့ရတတ်ပါတယ်။ shwekhitonlinetv.com

ဒီလက္ခဏာတွေဟာ များသောအားဖြင့် ပျော့ပျောင်းစွာ စတင်ပြီး တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ချို့တွေ ရောဂါကူးစက်ခံနေရပေမယ့် ဖျားနာခြင်းလည်း လုံးဝမဖြစ်၊ နေမကောင်းတာ ရောဂါလက္ခဏာ တစ်ခုမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

WHO ကထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင်တော့ လူအယောက် (၁၀၀) ကူးစက်ခံရရင် အယောက် ၈၀ လောက်က ဘာကုသမှုမှ မလိုဘဲ ပြန်လည်နေကောင်းသွားကြပါတယ်။ လူ (၆) ယောက်မှာ (၁) ယောက်လောက်က အထူးပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလူတွေဟာ အပြင်းအထန်ဖျားကြပြီး အသက်ရှုရ အလွန်ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့ရနိုင်ပါတယ်။ shwekhitonlinetv.com

အသက်အရွယ်ကြီးသူတွေ၊ အထူးသဖြင့် သွေးတိုးရှိသူ၊ နှလုံးရောဂါရှိသူ၊ သို့မဟုတ် ဆီးချိုရောဂါရှိသူကဲ့သို့ ရောဂါအခံရှိသူတွေဟာ ပိုမိုအပြင်းအထန် ဖျားနိုင်ခြေရှိပါတယ်။ အဖျားရှိသူတွေ၊ ချောင်းဆိုးသူတွေ၊ ဒါကြောင့် အသက်ရှုရတာ ခက်ခဲလာတဲ့သူတွေဟာ ဆေးရုံမှာ အထူးကြပ်မတ် ကုသမှု ခံယူသင့်ပါတယ်။ shwekhitonlinetv.com

၃။ COVID-19 ဟာ ဘယ်လိုမျိုး ကူးစက် ပျံ့နှံ့တတ်သလဲ?

COVID-19 ဟာ ဗိုင်းရပ်စ် ရောဂါပိုးရှိသူ တစ်ဦးထံမှ နောက်တစ်ဦးထံသို့ ကူးစက်ပါတယ်။ ရောဂါပိုးရှိသူဟာ ချောင်းဆိုးလိုက်ရင်ပဲဖြစ်ဖြစ် အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်ပဲဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းမှ အရည်အမှုန်လေးတွေ ထွက်လာပါတယ်။ shwekhitonlinetv.com

အဲ့ဒီအရည်မှုန်လေးတွေဟာ ရောဂါပိုးရှိသူရဲ့ဘေးမှာရှိတဲ့ ပစ္စည်းတွေပေါ်မှာ ကျရောက်သွားပါတယ်။ ဥပမာ စာအုပ်၊ စားပွဲ၊ လက်ရန်း၊ တံခါးလက်ကိုင် အစရှိသဖြင့် ပစ္စည်းတွေပေါ်ကျပါတယ်။ shwekhitonlinetv.com

အခြားလူတွေအနေနဲ့ အဲ့ဒီ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မိတဲ့အခါ လက်ကနေတဆင့် ရောဂါပိုးတွေပါသွားပြီး လက်နဲ့ မိမိမျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့ကို တို့မိ ကိုင်မိတဲ့အခါ ရောဂါပိုး ကူးစက်ခံရပါတော့တယ်။ shwekhitonlinetv.com

ရောဂါပိုးရှိသူ ဘေးမှာချောင်းဆိုးခဲ့ရင် ထွက်လာတဲ့ အဲ့ဒီအရည်အမှုန်လေးတွေကို တိုက်ရိုက် ရှူသွင်းမိရင်လည်း ကူးစက်ပါတယ်။ အဲ့ဒါကြောင့် ဖျားနာနေတဲ့သူနဲ့တွေ့ရင် အနည်းဆုံး (၃) ပေအကွာမှာ နေဖို့ လိုအပ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၄။ COVID-19 ဟာ လေထဲကနေ ကူးစက်နိုင်ပါသလား?

ယခုလက်ရှိအချိန်အထိပြုလုပ်ခဲ့တဲ့ သုတေသနတွေ၊ စစ်တမ်းတွေအရ လေထဲကနေထက် ထိတွေ့မိသော ပစ္စည်းတွေကနေသာ ကူးစက်တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရောဂါလက္ခဏာ လုံးဝမပြသော ကူးစက်ခံထားရသူထံမှ ကူးစက်နိုင်ပါသလား?

ချောင်းဆိုးခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာ မပြသော လူတစ်ယောက်ထံမှ ကူးစက်နိုင်ခြေဟာ အရမ်းနည်းပါတယ်။ ဒါပေမယ့် ဒီလို လူတွေနဲ့အနီးကပ်နေထိုင်ရင်တော့ သူတို့နှာချေ၊ ချောင်းဆိုးတာမျိုးက တစ်ဆင့် မိမိထံကို COVID-19 ကူးစက်ခံရနိုင်တာကို တော့ သတိပြုသင့်ပါတယ်။ shwekhitonlinetv.com

ဆက်လက်ဖော်ပြပေးသွားပါမည် …….

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။