WHO က ထုတ်ပြန်ထားတဲ့ မျက်နှာဖုံး (Mask) မှန်ကန်စွာ အသုံးပြုနည်း အပြည့်အစုံ

လူမှုကွန်ယက် စာမျက်နှာတွေနဲ့ ပတ်ဝန်းကျင်မှာ နှာခေါင်းစည်း၊ မျက်နှာဖုံး (Mask) တွေ အဆမတန်ဈေးတွေကြီးမြင့်နေ ပြီး ပြည်သူအများစုဟာလည်း အလုအယက်ဝယ်ယူ နေတဲ့သတင်းတွေကို အားလုံးလည်းသိပြီး ဖြစ်မယ်ထင်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် COVID-19 ကူးစက်ရောဂါနဲ့ Mask တွေရဲ့ ဆက်စပ်မှုအကြောင်း WHO လိုအဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဆွေးနွေးထားမှုကို တစ်ဆင့်ပြန်လည်ဝေမျှပေးချင်ပါတယ်။ shwekhitonlinetv.com

ဘယ်လိုအခြေအနေမှာ Mask တွေကိုတပ်ဆင်ထားသင့် သလဲ ?

သင်ကိုယ်တိုင် Covid-19 ကူးစက်ခံနေရပြီး ရောဂါလက္ခဏာတွေ ပြနေတဲ့အခါ (အထူးသဖြင့် ချောင်းဆိုးနေတဲ့အခါ) သို့မဟုတ် Covid-19 ကူးစက်ခံနေရတဲ့သူတစ်ယောက်ကို ပြုစုနေတဲ့အချိန်မှာတော့ Mask ကိုဝတ်ဆင်ရမှာဖြစ်ပါတယ်။ တစ်ခါသုံး Mask တွေဟာ အကြိမ်ကြိမ်ထပ်မံ အသုံးပြုဖို့ မသင့်ဘဲ တစ်ကြိမ်သာလျှင် အသုံးပြုပြီး စွန့်ပစ်သင့်ပါတယ်။ shwekhitonlinetv.com

မိမိလက်တွေကို မကြာခဏဆေးကြောတာမျိုး၊ နှာချေ ချောင်းဆိုးတဲ့ အချိန်မှာ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ပြီးဆိုးတာမျိုး၊ ဒီလို နှာချေချောင်းဆိုးတဲ့ သူတွေနဲ့ အနည်းဆုံး (၃) ပေအကွာနေတာမျိုး က Mask တာထက်ပိုမို ထိရောက်တဲ့ ကာကွယ်မှုတွေလို့ ဆိုထားပါတယ်။ shwekhitonlinetv.com

Mask ကိုဘယ်လို ဝတ်ဆင်ရမလဲ ?

Mask ဆိုတာ ကျန်းမာရေး ဝန်ထမ်းတွေ၊ သူနာပြုနဲ့ ဘေးမှာ စောင့်ရှောက်နေသူတွေ၊ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း စတဲ့ ရောဂါလက္ခဏာတွေ ပြနေသူတွေလို မဖြစ်မနေ Mask ကို ဝတ်ဆင်သင့်တဲ့သူတွေ အနေနဲ့တော့ အောက်ပါအချက်အလက်တွေကို သတိပြုဖို့တိုက်တွန်းထားပါတယ်။ shwekhitonlinetv.com

-Mask ကို လက်နဲ့မထိခင်မှာ လက်ကို Alcohol ပါတဲ့ Hand Gel သို့မဟုတ် ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။

-မိမိတပ်ဆင်မည့် Mask ကို အပေါက်အပြဲတွေ ပါ၊ မပါ စစ်ဆေးကြည့်ပါ။

-အရောင်ပါတဲ့ ဘက်ခြမ်းကို အပြင်မှာထားပါ။

-အသုံးပြုပြီးတဲ့ Mask ကို ဖြုတ်တဲ့အခါ ကြိုးမှပဲ ဖြုတ်ပါ။ မိမိရဲ့ အသုံးအဆောင် အဝတ်အစားတွေနဲ့ Mask ရဲ့ ညစ်ပေနေနိုင်တဲ့ အပြင်ဘက်မျက်နှာပြင်နဲ့ မထိမိစေရန် ဂရုပြုပါ။

-အသုံးပြုပြီးသော Mask ကို အဖုံးပါတဲ့ အမှိုက်ပုံးအတွင်းကို ချက်ချင်း စွန့်ပစ်ပါ။

-Mask ကို စွန့်ပစ်ပြီးတဲ့အခါ သို့မဟုတ် အပြင်ဘက်အပိုင်းကို ထိတွေ့မိတဲ့အခါ လက်ကို Hand Gel သို့မဟုတ် ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။

ဒီအချက်အလက်တွေကို လေ့လာဖတ်ရှုပြီး Mask ကို မှန်ကန်စွာ အသုံးပြုကြဖို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။