ကမ္ဘာပေါ်က အန္တရာယ်အများဆုံးအကျဉ်းထောင် (၁၀) ခု

ကမ္ဘာပေါ်မှာ ပြစ်မှုကျူးလွန်သူတွေကို ထိန်းသိမ်းတဲ့ထောင်စခန်းများစွာ ရှိတဲ့အနက် အခုဒီစာရင်းမှာဖော်ပြထားတဲ့ အကျဉ်းထောင်တွေကတော့ အန္တရာယ်အများဆုံးလို့သိရပါတယ်။ ထောင်တွင်းဆူပူမှုနဲ့ အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတာကြောင့် အာဏာပိုင်တွေအနေနဲ့လည်း အတော်လေးကို ကိုင်တွယ်ထိန်းသိမ်းဖို့ ခက်ခဲတဲ့ အကျဉ်းထောင်တွေဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

စစ်တမ်းတွေနဲ့ သတင်းတွေအရ တော့ဒီ အကျဉ်းထောင်တွေကို ရောက်ရှိသွားရင်အသက်ရှင်ဖို့တောင်မှ အတော်လေးရုန်းကန်ရတယ်လို့ လဲပြောစမှတ်ရှိပါတယ်။ ဒီလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင်တွေကို ဖော်ပြရမယ်ဆိုရင်တော့ …………..

၁၀။ San Quentin Prison

(၁၈၅၃) ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ (San Quentin) အကျဉ်းထောင်ကတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိပြီး သက်တမ်းအရင့်ဆုံးအကျဉ်းထောင်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအကျဉ်းထောင်ကတော့ သေဒဏ်ချမှတ်ခံရသူတွေကို စီရင်တဲ့ အဆိပ်ငွေ့ခန်း၊ ထိုးဆေး စတာတွေကြောင့်လည်း နာမည်ကြီးလှပါတယ်။ နောက်ပြီး များပြားလှတဲ့ ထောင်ဝန်ထမ်းတွေရှိတာတောင် ဆူပူအကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ အကျဉ်းထောင်တစ်ခုဆိုလည်းမမှားပါဘူး။ အနီးစပ်ဆုံးနဲ့ အမြင်သာဆုံးမှတ်တမ်းဆိုးတစ်ခုကတော့ (၂၀၀၆) ခုနှစ်မှာ လူမျိုးရေးခွဲခြားမှုကနေစတင်တဲ့ ထောင်တွင်းအကြမ်းဖက်မှုတစ်ရပ်ပဲဖြစ်တယ်။ ဒီဖြစ်စဉ်မှာ ထောင်သား (၂) ဦးသေဆုံးခဲ့ပြီး (၁၀၀) နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ shwekhitonlinetv.com

၉။ Bang Kwang Prison

Bang Kwang အကျဉ်းထောင်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတည်ရှိပါတယ်။ The Bangkok Hilton ဆိုတဲ့ နာမည်ကျော် ရုပ်ရှင်က ဒီထောင်တွင်းအဖြစ်အပျက်တွေအပေါ်မူတည်ပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထောင်သားအချင်းချင်း နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ထောင်တွင်း ဂိုဏ်းဂဏ တွေရဲ့ လက်ချက်လို့ ယူဆရတဲ့ လက်သည်မပေါ်တဲ့ လူသတ်မှုတွေကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ shwekhitonlinetv.com

၈။ Rikers Island Prison

တစ်ချိန်ကထောင်တွင်းအကြမ်းဖက်မှုတွေရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့ Rikers Island Prison ကတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ တည်ရှိပါတယ်။ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေက ဒီအကျဉ်ထောင်မှာ ဝန်ထမ်းလုပ်ခဲ့ဖူးတဲ့ John Reyes ဆိုသူရဲ့ ပြောကြားချက်အရတော့ သူဒီမှာနေ့စဉ်မြင်တွေ့ခဲ့ရတဲ့ လူသတ်မှု၊ ရိုက်နှက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ခံစားခဲ့ရဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီအကျဉ်းထောင်ဟာ စည်းကမ်းကြီးမားတဲ့ အကျဉ်းထောင်တစ်ခုဖြစ်လာခဲ့ပါပြီ။ ယခင်က နှစ်စဉ် အကြိမ် (၁၀၀၀) လောက်ဖြစ်ပေါ်ခဲ့တဲ့ ထောင်တွင်းဓားထိုးမှုဖြစ်စဉ်တွေကိုလည်း (၇၅) ကြိမ်လောက်ထိ သိသိသာသာလျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Alcatraz Island Prison

အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ကမ်းရိုးတန်းဒေသက ကျွန်းတစ်ခုပေါ်မှာ တည်ရှိတဲ့ Alcatraz Island Prison ကတော့ လက်ရှိအချိန်မှာ ပိတ်သိမ်းခဲ့ပြီးဖြစ်တဲ့ အကျဉ်းထောင်ဟောင်းတစ်ခုဖြစ်ပါတယ်။ အကျဉ်းသားတွေရဲ့ ထောင်ဖောက်တဲ့ ကြိုးပမ်းမှုတွေကြောင့် ဝန်ထမ်းတွေနဲ့ မကြာခဏတိုက်ပွဲဆန်ဆန် အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ဖူးတဲ့ အကျဉ်းထောင်လို့လည်းဆိုနိုင်ပါတယ်။ အစိုးရရဲ့ သိက္ခာကို ကျစေတဲ့သတင်းတွေနဲ့ ကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီထောင်ကို (၁၉၆၃) ခုနှစ်မှာ ပိတ်သိမ်းခဲ့ပါတယ်။ shwekhitonlinetv.com

၆။ ADX-Florence Supermax Facility

ဒီအကျဉ်းထောင်ကတော့ အဆိုးသွမ်းဆုံး အကျဉ်းသားတွေကို ကိုင်တွယ်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု ရဲ့ ကော်လိုရာဒိုဒေသမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လည်း ရည်ရွယ်ချက်အတိုင်း မထိန်းသိမ်းနိုင်ပဲ ခုချိန်ထိ အကျဉ်းသားအချင်းချင်း ပြစ်မှုကျူးလွန်တာတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ ကတော့ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ La Sante Prison

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဒီအကျဉ်းထောင်မှာတော့ ဘဝတစ်လျောက်အကြိမ်များစွာ ပြစ်မှုတွေကျူးလွန်ခဲ့သူတွေကို ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ ထောင်တွင်းနေရာအနှံ့မှာ အမြဲတစေ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်ပွားတက်လို့ တစ်နေ့ကို (၄) နာရီလောက်သာ အခန်းပြင်ကိုထွက်ခွင့်ပေးတဲ့ ထောင်ဖြစ်ပါတယ်။ ဒီထောင်နဲ့ ပတ်သတ်ပြီး သမိုင်းတွင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကတော့ (၁၉၉၉) ခုနှစ်မှာ အကျဉ်းသား (၁၂၄) ဦးဟာ မိမိကိုယ်ကိုသတ်သေခဲ့ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Diyarbakir Prison

တူရကီနိုင်ငံ ဒီယာဘာကီယား (Diyabakir,Turkey) မြို့မှာရှိတဲ့ ဒီအကျဉ်းထောင်ကလည်း မကောင်းတဲ့သတင်းတွေ ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ငရဲဘုံတစ်ခုဖြစ်ပါတယ်။ ထောင်သားအချင်းချင်း ပြန်လည်ထိန်းချုပ်စေတဲ့ စနစ်ကြောင့် မကြာခဏ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့ နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တစ်ကြိမ်မှာတော့ ဒီလို အကျဉ်းသားထောင်ဝန်ထမ်းတွေနဲ့ ရဲ တွေပူးပေါင်းကာ အခြားအကျဉ်းသားတွေကို ပြင်းထန်စွာ ရိုက်နှက်မှုတွေပြုလုပ်ခဲ့လို့ အကျဉ်းသား (၁၀) ဦးသေဆုံးကာ (၂၃) ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၃။ La Sabaneta Prison

အကျဉ်းသား ဦးရေ (၂၅၀၀၀) လောက်ကို ထိန်းသိမ်းထားတဲ့ အကြီးမားဆုံးထောင်ကြီးတစ်ခုဖြစ်ပါတယ်။ ဗင်နီးဇွဲလား နိုင်ငံမှာရှိပြီး အကျဉ်းသားတွေကို ထိန်းသိမ်းဖို့ လက်သံပြောင်တဲ့ လုံခြုံရေးတွေကို ထားရှိပြီး တရားဝင်သေနတ်အသုံးပြုခွင့်လည်းပေးထားတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။ (၁၉၉၅) ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အဓိကရုဏ်းဖြစ်စဉ်တစ်ခုမှာတော့ အကျဉ်းသား (၁၉၆) ဦးသေဆုံးပြီး (၆၂၄) ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ အထိနှိပ်ကွက်ခဲ့လို့ နာမည်ကျော်ခဲ့တဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Tadmor Prison

စစ်တပ်က တိုက်ရိုက်ထိန်းချုပ်တဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပြီး ဆီးရီးယားနိုင်ငံ ပယ်လ်မီးယား ဒေသမှာတည်ရှိပါတယ်။ ထောင်တွင်းမှာတော့ ဘာသာရေးအစွန်းရောက်တွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှတယ်လို့ သိရပါတယ်။ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကို ဖော်ပြရမယ်ဆိုရင် (၁၉၈၀) ခုနှစ်မှာ ဒီလိုဘာသာရေးအစွန်းရောက်တွေရဲ့ ဆူပူမှုကြောင့် သမ္မတာဖြစ်သူ ယာဖက်အယ်လ်အာဆက်ဒ်ဟာ ထောင်တွင်းက မြင်သမျှအကျဉ်းသားအားလုံးကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီအကျဉ်းထောင်ကိုတော့ (၂၀၀၁) ခုနှစ်မှာ ပိတ်သိမ်းခဲ့ ပေမယ့် (၂၀၁၁) ခုနှစ်မှာတော့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကတော့ ဒီနေ့အထိလျော့ကျခြင်းမရှိသေးပါဘူး။ shwekhitonlinetv.com

၁။ Carandiru Penitentiary

ဘရာဇီးလ်နိုင်ငံ မှာတည်ရှိတဲ့ ဒီအကျဉ်းထောင်ကတော့ နှစ်စဉ်လူအသေအပျောက်အများဆုံး အကျဉ်းထောင်အဖြစ် စစ်တမ်းတွေအရသိရှိရပါတယ်။ ဒါတင်မကသေးပါဘူး ထောင်တွင်းကျန်းမာရေး ပြဿနာတွေ HIV လိုမျိုး ကူးစက်ရောဂါတွေလည်း အဖြစ်အများဆုံး နေရာတစ်ခုအဖြစ်နာမည်ကျော်ပါတယ်။ (၁၉၉၂) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်အကျဉ်းသားတွေ သေဆုံးခဲ့မှုကတော့ အတော်လေးကိုထိတ်လန့် တုန့်လှုပ်စေခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာတော့ အကျဉ်းသားတွေဟာ လျှို့ဝှက်သိမ်းဆည်းထားတဲ့ လက်နက်တွေနဲ့ တိုက်ပွဲတစ်ခုဖန်တီးခဲ့ပြီး အချင်းချင်းပစ်ခက်ခဲ့လို့ (၁၀၂) ဦးသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။