ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး အရည် (၇) မျိုး

၇။ လူ့သွေး – ၁ ဂါလံ ဒေါ်လာ (၁,၅၀၀)

လူ့သွေးဟာ အသက်တစ်ချောင်းဆက်လက်ရှင်သန်ဖို့ အတွက် များစွာအရေးပါလှပေမယ့် ဒီစာရင်းမှာတော့ နံပါတ် (၇) နေရာသာချိတ်ပါတယ်။ လူ့သွေးတစ်ဂါလံကို အမေရိကန်ဒေါ်လာ (၁၅၀၀) လောက်ပဲ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၆။ မာကျူရီ – ၁ ဂါလံ ဒေါ်လာ (၃,၄၀၀)

ဆေးပညာနဲ့ ပတ်သတ်တဲ့ နယ်ပယ်မှတော့ မာကျူရီအရည်က အသုံးနည်းပါတယ်။ ကိုယ်အပူချိန်တိုင်းတဲ့ သာမိုမီတာ စတဲ့ပစ္စည်းကိရိယာမျိုးမှာသာအသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သတ္တုဒြပ်စင်အရည်တစ်မျိုးဖြစ်တဲ့ မာကျူရီက လျှပ်စစ်နဲ့ပတ်သတ်တဲ့ကုန်ထုတ်လုပ်ငန်းတွေမှာတော့ အတော် လေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်ပါတယ်။ shwekhitonlinetv.com

၅။ အင်ဆူလင် – ၁ ဂါလံ ဒေါ်လာ (၉,၄၀၀)

အင်ဆူလင်ဟာ သက်ရှိတွေရဲ့ အောဂဲနစ်မော်လီကျုးထုတ်လုပ်မှုဖြစ်စဉ်တွေမှာ များစွာအသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အင်ဆူလင်ဟာ ဘဘာဝအတိုင်း ကျန်းမာတဲ့ ပန်ကယိရယတွေကနေ ထုတ်လုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးလို့လည်းဆိုနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာကိစ္စတွေမှာ များစွာအသုံးဝင်တဲ့ ဆင်ဆူလင် ၁ ဂါလံကိုတော့ အမေရိကန်ဒေါ်လာ (၉၄၀၀) လောက် တန်ဖိုးရှိပါတယ်။ shwekhitonlinetv.com

၄။ Horseshoe Crab Blood – ၁ ဂါလံ ဒေါ်လာ (၆၀,၀၀၀)

Horseshoe လို့အမည်ရတဲ့ ဂဏန်းတစ်မျိုးကနေရရှိတဲ့ သွေးကတော့ အတော်လေးကို ဈေးကောင်းတယ်လို့ဆိုရမှာပါ။ ဆေးပညာနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေမှာ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အသုံးများဒီ ဂဏန်းရဲ့သွေးကို အသုံးပြုလေ့ရှိပါတယ်။ အပြာရောင် အဆင်းရှိတဲ့ ဒီဂဏန်းရဲ့ သွေး (၁) ဂါလံကိုတော့ အမေရိကန်ဒေါ်လာ (၆) သောင်းလောက်တန်ပါတယ်။ shwekhitonlinetv.com

၃။ Lysergic acid diethylamide (LSD) – ၁ ဂါလံ ဒေါ်လာ (၁၂၃,၀၀၀)

စိတ်ကိုခြောက်ခြားစေတဲ့ မူးယစ်ဆေးတစ်မျိုးအဖြစ် (၁၉၆၀) ကာလဝန်းကျင်နှစ်တွေမှာ (LSD) ကို ကျယ်ပြန့်စွာ အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သဘာဝ Ergot alkaloids ကနေဖန်တီးထားပြီး အဆိုပါ စိတ်ခြောက်ခြားမှုကို ကုသနိုင်စွမ်းရှိတဲ့ Lysergic acid ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ အခုလိုဈေးကြီးလှတဲ့ (LSD) တစ်ဂါလံကနေ လူ (၅၅၀၀၀) လောက်ကို စိတ်ခြောက်ခြားမှုပျောက်ကင်းစေတဲ့ ဆေးအလုံအလောက်ထုတ်လုပ်ပေးနိုင်ပါတယ်။ shwekhitonlinetv.com

၂။ King Cobra Venom – ၁ ဂါလံ ဒေါ်လာ (၁၅၃,၀၀၀)

ကမ္ဘာပေါ်မှာ ရှိသမျှ မြွှေတွေအားလုံးထဲမှာ King Cobra (တောကြီးမြွေဟောက်) ရဲ့ အဆိပ်ကအပြင်းဆုံးလို့ဆိုနိုင်ပြီး ဆင်တစ်ကောင်ကိုတောင် ချက်ချင်း တုံးခနဲ လဲသွားစေနိုင်ပါတယ်။ ဒီလိုမျိုး ပြင်းထန်လှတဲ့ တောကြီးမြွေဟောက်ရဲ့ အဆိပ်ကို ဆေးဘက်ဆိုင်ရာကိစ္စတွေမှာလည်းအသုံးပြုကြတယ်လို့ သိရပြီး ဈေးကတော့ အင်မတန်ကြီးပါတယ်။ ဒီအဆိပ်ရည် (၁) ဂါလံကို ဒေါ်လာ (၁) သိန်းခွဲကျော်တန်ဖိုးရှိပါတယ်။ shwekhitonlinetv.com

၁။ Scorpion Venom – ၁ ဂါလံ ဒေါ်လာ (၃၉,၀၀၀,၀၀၀)

ကင်းမြီးကောက်ရဲ့ အဆိပ်ရည်တွေကိုတော့ သားရဲကောင်ကြီးတွေကို ဖမ်းဆီးရာမှာ အများဆုံးအသုံးပြုကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကင်းမြီးကောက် မျိုးစိတ် (၂၅) မျိုးလောက်ကအဆိပ်ရှိတယ်လို့သိရပါတယ်။ ဆိုးဆိုးဝါးဝါး နာကျင်မှုဝေဒနာတွေကို သက်သာစေတဲ့ ဆေးဝါးတွေဖော်စပ်ရာမှာ လည်းအသုံးဝင်တဲ့ ဒီကင်းမြီးကောက် အဆိပ်ရည်ကတော့ ၁ ဂါလံကို ဒေါ်လာ (၃၉,၀၀၀,၀၀၀) ထိအောင်တန်တာ ကတော့ မယုံနိုင်စရာပါပဲ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။