နာမည်ကြီး သရုပ်ဆောင်တွေ အောင်မြင်ကာစ အချိန်နဲ့ ယခုလက်ရှိ တို့ကို နှိုင်းယှဉ်ထားတဲ့ ပုံများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ အောင်မြင်ကာစ အချိန်တုန်းက ပုံ နဲ့ လက်ရှိပုံတို့ကို နှိုင်းယှဉ်ထားတဲ့ ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အခု ပြောပြပေးမယ့် အထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ Idol တွေ ပါလားဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Sylvester Stallone

ပထမဦးဆုံး ပြောပြပေးမယ့် သူကတော့ မင်းသားကြီး Sylvester Stallone ရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သူ့ကို “ရမ်ဘို” ၊ “စတားလုံး” ဆိုပြီး ခေါ်ကြတာ များပါတယ် ။ မင်းသားကြီး Stallone ဟာ တစ်ချို့သော action ဇာတ်ကားတွေမှာ ကြမ်းကြမ်းတမ်းတမ်း အပီအပြင် သရုပ်ဆောင်ချက်တွေကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် Stallone ဟာ “Rocky” လို့ အမည်ရတဲ့ ဇာတ်ကားမှာ ပရိသတ် အားပေးမှုတွေကို ရရှိခဲ့တဲ့အပြင် “Rambo” လိုမျိုး အက်ရှင် ဇာတ်ကားကောင်းတွေ ကြောင့်လည်း ပိုပြီး နာမည်ကြီးလာခဲ့ပါတယ် ။ လက်ရှိမှာတော့ မင်းသားကြီး Stallone ဟာ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Suicide Squad အသစ်ထဲမှာ King Shark နေရာကနေ အသံသရုပ်ဆောင် အဖြစ် ပါဝင်အားဖြည့်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

၂ ။ Jason Statham

မင်းသားကြီး Jason Statham ကိုတော့ ဟောလိ၀ုဒ် ရဲ့ အကြမ်းဆုံး အက်ရှင် မင်းသားတွေထဲက တစ်ယောက် အဖြစ် သတ်မှတ်ထားခဲ့တာပါ ။ Jason နဲ့ ပတ်သက်ပြီး လူသိပ်မသိကြသေးတဲ့ အချက်ကတော့ တစ်ချို့သော ရုပ်ရှင်ကားတွေထဲမှာ Jason သူ့ရဲ့ ကိုယ်ပိုင် စတန့် ပြကွက်တွေကို အသုံးပြုခဲ့ပါတယ် ။ ဒီလို စတန့်ပြတဲ့ အခါမှာလည်း အစားထိုး သရုပ်ဆောင်တို့ ၊ အကူပစ္စည်းတို့ မပါဝင်ပဲ သူကိုယ်တိုင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

ဒီလိုမျိုး သရုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ဇာတ်ကားတွေကတော့ Lock, Stock and Two Smoking Barrels, The Expandables, နဲ့ The Fast and the Furious film saga ဇာတ်ကားတို့ ဖြစ်ပါတယ် ။ အင်္ဂလိပ် လူမျိုး သရုပ်ဆောင် ဖြစ်တဲ့ မင်းသားကြီး Jason Statham ဟာ အသက် ( ၅၄ ) နှစ် ရှိပြီ ဖြစ်ပြီး ယခုအချိန်အထိလည်း အက်ရှင် ဇာတ်ကားတွေရိုက်ဖို့ ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၃ ။ Jackie Chan

နောက်ထပ် ပြောပြပေးမယ့် မင်းသားကြီးကတော့ လူကြီး ၊ လူငယ်မရွေး သဘောကျတဲ့ Jackie Chan အကြောင်းပဲ ဖြစ်ပါတယ် ။ မင်းသားကြီးရဲ့ နာမည်အရင်းကတော့ Chan Kong-sang ဖြစ်ပြီး Jackie Chan ကတော့ ဟောလိ၀ုဒ် အနုပညာ နာမည် ဖြစ်ပါတယ်တဲ့ ။ မင်းသားကြီး Jackie Chan ဟာ ကွန်ဖူး ၊ ဟာသ ပိုင်း နဲ့ ကျွမ်းဘား ကို အထူးပြုထားတဲ့ ကိုယ်လုံ ပညာရှင် တစ်ယောက် ဖြစ်တဲ့ အပြင် စတန့်သမား တစ်ယောက် လို့ လည်း ပြောလို့ ရပါသေးတယ် ။ shwekhitonlinetv.com

အချက်အလက်တွေ အရ Jackie Chan ဟာ ကိုယ်ပိုင် စတန့် ပြကွက်တွေကို လူစားမထိုးပဲ သရုပ်ဆောင်နိုင်တဲ့ နာမည်ကြီး မင်းသား အနည်းငယ် စာရင်းထဲမှာ ပါဝင်ထားပါတယ် ။ သူ့ရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇာတ်ကားတွေကတော့ Rush Hour, The Karate Kid နဲ့  The Spy Next Door တို့အပြင် တစ်ခြားသော ဇာတ်ကား များစွာ ပဲ ဖြစ်ပါတယ် ။  လက်ရှိမှာတော့ Jackie Chan ဟာ အသက် ( ၆၇ ) နှစ် ရှိပြီဖြစ်ပြီး ချမ်းသာ ကြွယ်၀မှုကတော့ ဒေါ်လာ သန်း ( ၃၇၀ ) ပိုင်ဆိုင်ထားပါတယ် ။ shwekhitonlinetv.com

၄ ။  Arnold Schwarzenegger

မင်းသားကြီး အာနိုးကိုတော့ သူ့ရဲ့ ပထမ ဦးဆုံး career ကို ကာယမောင် အဖြစ် စတင်ခဲ့ပြီး နောက်ပိုင်း ( ၁၉၈၄ ) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Terminator ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ထို ဇာတ်ကားကနေ နာမည်ကြီးလာခဲ့ပြီး မင်းသားကြီး အာနိုးဟာ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးဘက်ကို ကူးပြောင်းခဲ့ပါတယ် ။ ( ၂၀၁၂ ) ခုနှစ်မှာတော့ ရုပ်ရှင်လောကထဲ ပြန်ဝင်ခဲ့ပြီး The Expendables 2 ဇာတ်ကားထဲမှာ ပါဝင်လာခဲ့ပါတယ် ။ shwekhitonlinetv.com

ဒီဇာတ်ကားထဲမှာ Bruce Willis ၊ Sylvester Stallone နဲ့ Jason Statham တို့ နဲ့ အတူ မင်းသားကြီး အာနိုးက အကောင်းဆုံး တွဲဖက် သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။ လက်ရှိမှာတော့ အာနိုးဟာ အသက် ( ၇၄ ) နှစ် ရှိပြီ ဖြစ်ပြီး နိုင်ငံရေးထဲမှာတော့ ရီပက်ဗလီကန် ပါတီ ဝင်တစ်ယောက် ဖြစ်ပါတယ် ။ ကြွယ်၀မှု ချမ်းသာမှု အနေနဲ့ကတော့ ဒေါ်လာ သန်း ( ၄၁၀ ) ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ Dwayne “The Rock” Johnson

Dwayne Johnson ကိုတော့ The Rock ဆိုပြီး ပရိသတ် တော်တော်များများက သိထားကြတာပါ ။ The Rock ဟာ ( ၂၀၁၉ ) ခုနှစ်အထိ WWE မှာ ပရော်ဖက်ရှင်နယ် Wrestler အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်ပိုင်းကို အဓိက လုပ်ကိုင်ဖို့ ပြောင်းခဲ့ပါတယ် ။ သရုပ်ဆောင် တစ်ယောက် အဖြစ် ကူးပြောင်းခဲ့ပြီးတဲ့ နောက် သူ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာမှ The Scorpion King, ‘Hercules, The Fast and the Furious နဲ့ Journey 2: The Mysterious Island လိုမျိုး ဇာတ်ကားတွေဟာ ပရိသတ် အားပေးမှု တော်တော်လေးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုအခါမှာတော့ မင်းသားကြီး The Rock ရဲ့ အသက်ဟာ ( ၄၉ ) နှစ် ရှိပြီ ဖြစ်ပြီး အနုပညာ လုပ်ငန်းတွေ အပြင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အဖြစ်နဲ့ ပါ လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဘော်ဒီ တောင့်တောင့်ကြီး ကိုမှ မြင်သူတိုင်း သဘောကျရတဲ့ အပြုံးပိုင်ရှင် The Rock ရဲ့ လက်ရှိမှာ ကြွယ်၀ချမ်းသာမှုကတော့ သန်း ( ၄၀၀ ) ချမ်းသာပါတယ်တဲ့ ။ shwekhitonlinetv.com

၆ ။ Liam Neeson

အခု နောက်ဆုံးပြောပြပေးမှာကတော့ မင်းသားကြီး Liam Neeson အကြောင်းပဲ ဖြစ်ပါတယ် ။ Liam Neeson ဟာဆိုရင် ( ၁၉၈၁ ) ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Excalibur ဇာတ်ကားကနေ စတင် နာမည်ကြီးလာခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သရုပ်ဆောင် ဇာတ်ရုပ် မျိုးစုံမှာ ကျွမ်းကျွမ်းကျင်ကျင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ် အားပေးမှုကို ပိုပြီး ရရှိလာခဲ့ပါတယ် ။ သူ့ရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင် roles တွေကတော့ Master Jedi ၊ စပိုင် နဲ့ ဘော်ဒီဂတ် တို့လိုမျိုး ဇာတ်ရုပ်တွေမှာ ပိုပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ပါ ။ shwekhitonlinetv.com

မင်းသားကြီး Liam Neeson ကို ပရိသတ် အများစု ကြိုက်နှစ်သက်ရတဲ့ အကြောင်းကတော့ သူ့ရဲ့ ဇာတ်ကား တော်တော်များများမှာ ဘာကိုမှ အကြောက်တရား မရှိတဲ့ ပုံစံမျိုး သရုပ်ဆောင် ချက်တွေ ကြောင့်ပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မင်းသားကြီး Liam Neeson ရဲ့ အသက်ဟာ ( ၆၉ ) နှစ် ရှိပြီ ဖြစ်ပြီး မကြာသေးခင်ကမှ The Marksman အမည်ရှိ အက်ရှင် ဇာတ်ကားကောင်း တစ်ကားမှာလည်း ပါဝင်ထားပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နာမည်ကြီး သရုပ်ဆောင်တွေ အောင်မြင်ကာစ အချိန်တုန်းက ပုံ နဲ့ ယခုလက်ရှိ ပုံတို့ကို နှိုင်းယှဉ်ထားတဲ့ ပုံများကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com