ပိရမစ်တွေ တည်ဆောက်တဲ့ လျို့ဝှက်ချက် နည်းလမ်းကို တွေ့ရှိခဲ့သူတစ်ဦး

အီဂျစ်ပြည်မှာရှိတဲ့ ပိရမစ်တွေဟာ ကမ္ဘာ့အံ့ဖွယ်အဆောက်အဦးတွေဖြစ်တယ်ဆိုတာတော့ ပရိသတ်တွေအားလုံးလဲ သိရှိပြီးသား အကြောင်းအရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ shwekhitonlinetv.com

ပိရမစ်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရှေးအကျဆုံးအဆောက်အဦးတွေထဲမှာ အပါအဝင်ဖြစ်သလို ထူးဆန်းအံ့သြဖွယ် ရာတွေနဲ့ပြည့်နှက်နေတဲ့ အရာတွေဆိုရင်လည်းမမှားပါဘူး။ ထုထည်အားဖြင့် ကြီးမားခိုင်ခန့်လှတဲ့ ပိရမစ်တွေကို ဘယ်သူတွေက ဘယ်လိုနည်းပညာတွေနဲ့ တည်ဆောက်ခဲ့ကြသလဲဆိုတာကလည်း ဒီနေ့အထိ အဖြေ အတိအကျ မသိရှိသေးတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အီဂျစ်ပြည်က ပိရမစ်တွေတည်ဆောက်တဲ့ လျို့ဝှက်ချက်နဲ့ အခြေခံသဘောတရားတွေကို သိရှိနားလည်ခဲ့တဲ့သူတစ်ယောက်တော့ ရှိပါတယ်။ သူကတော့ အမေရိကန်နိုင်ငံသား အက်ဒွပ်လိဒ်စကာလင် (Edward Leedskalnin) ဆိုသူပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူက ဒီနည်းစနစ်တွေကို သိရှိခဲ့ရုံသာမကဘဲ လက်တွေ့ကျကျ အသုံးချခဲ့တဲ့သူလည်းဖြစ်ပါတယ်။ တန်ချိန်ပေါင်းများစွာလေးလံတဲ့ ကျောက်တုံးကြီးတွေကို အသုံးပြုပြီး သူတစ်ယောက်တည်း တည်ဆောက်ခဲ့တဲ့ သန္တာကျောက်ရဲတိုက် – ကိုရယ်လ်ကာဆယ် (Coral Castle) ကတော့ ဒီနည်းပညာတွေကို သူကောင်းစွာသဘောပေါက်ခဲ့တယ် ဆိုတာကိုသက်သေပြခဲ့တဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်မယ့် အကြောင်းအရာလေးကတော့ အက်ဒွပ်လိဒ်စကာလင် နဲ့ သူတည်ဆောက်ခဲ့တဲ့ (Coral Castle) ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဆက်လက် ဖတ်ရှုအားပေးကြပါဦးနော် …..

(၂၀) ရာစုအစောပိုင်းမှာ နာမည်ကျော် ကိုရယ်ရဲတိုက် (Coral Castle) ကိုတည်ဆောက်ခဲ့တဲ့ အက်ဒွပ်လိဒ်စကာနင်ဟာ မူလအစက အမေရိကန်နိုင်ငံသားစစ်စစ်မဟုတ်ဘဲ ဥရောပရှိ ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းဒေသက လတ်ဗီးယား (Latvia) နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ အက်ဒွပ်ဟာ သူ့အသက် (၃၀) အရွယ်မှာ (၁၆) နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးနဲ့ ချစ်ကြိုးသွယ်ခဲ့ပြီး လက်ထပ်ဖို့ငွေကြေးကို အပူတပြင်းစုဆောင်းခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လက်ထပ်ဖို့သတ်မှတ်ထားတဲ့ ရက်မတိုင်မီတစ်ရက်အလိုမှာတော့ အသက်အရွယ်ကွာခြားလှတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီးငယ်က လက်ထပ်ဖို့ကို ငြင်းဆိုခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အက်ဒွပ်တစ်ယောက် ရင်ကွဲပက်လက်ဖြစ်ခဲ့ရပြီး စိတ်ပင်ပန်းဆင်းရဲကာ အဆုတ်ရောဂါလည်းစွဲကပ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မွေးရပ်မြေကိုစွန့်ခွာပြီး အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာခဲ့တဲ့ အက်ဒွပ်တစ်ယောက်ဟာ ဖလော်ရီဒါပြည်နယ် (Florida)၊ ဟုမ်းစတိတ် (Homestead)၊ မှာ (၁၀) ဧကလောက်ကျယ်ဝန်းတဲ့ မြေနေရာတစ်ခုကို ဝယ်ကာအဆောက်အဦးတစ်ခုကို တစ်ယောက်တည်းလျို့ဝှက်ပြီး ဆောက်လုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

အက်ဒွပ်က အဲ့ဒီအဆောက်အအုံတွေကို နှစ် (၃၀) လုံးလုံး ဘယ်သူမှမသိအောင်တစ်ကိုယ်တည်းဆောက်လုပ်ခဲ့တာဖြစ် ပါတယ်။ သူဆောက်လုပ်နေတဲ့ အချိန်တစ်စုံတစ်ယောက် လာရောက်ချောင်းမြောင်းကြည့်ရှုနေတယ်လို့ သံသယရှိတာနဲ့ လုပ်လက်စတွေကို ရပ်နားလိုက်ပြီး စောင့်ကြည့်သူမရှိဘူးလို့ စိတ်ချသွားတဲ့အခါမှသာ ဆက်လက်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ပထမဦးဆုံးကြုံတွေ့ရတဲ့ ထူးခြားမှုကတော့ သူဒီအဆောက်အဦးကို ဆောက်လုပ်နေချိန်မှာ သူ့ရဲ့အဆုတ်ရောဂါက တဖြည်းဖြည်းသက်သာပျောက်ကင်းသွားခဲ့တာပဲဖြစ်ပါတယ်။ အက်ဒွပ်ကတော့ ဒါဟာ သံလိုက်ဓာတ်တွေက ကုစားသွားတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ shwekhitonlinetv.com

ဒီအဆောက်အဦးတွေအားလုံးပြီးဆုံးသွားတဲ့ အချိန်မှာတော့ တွေ့မြင်သူအပေါင်းဟာ ကိုယ့်မျက်စိကိုယ်မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပြီး ဒါတွေကို အက်ဒွပ်တစ်ဦးတည်းဆောက်လုပ်တာဆိုတာကို လည်း အနီးနားပတ်ဝန်းကျင်ကလူတွေကလွဲရင် ဘယ်သူကမှ မယုံကြည်ခဲ့ကြဘူးလို့သိရပါတယ်။ shwekhitonlinetv.com

တကယ်လည်း အံ့သြပြီးမယုံနိုင်လောက်အောင် အက်ဒွပ်တည်ဆောက်ခဲ့တဲ့ ကျောက်တုံးကြီးတွေရဲ့ အရွယ်အစားနဲ့ အလေးချိန်ဟာ ကြီးမားလေးလံလွန်းလှခဲ့ပါတယ်။ ဂိတ်အဝင်အဝတံခါးဖြစ်တဲ့ ကျောက်တုံးကြီးကပဲ (၉) တန်လောက်အလေးချိန်ရှိပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ လက်ချောင်းနဲ့ တောင်တွန်းဖွင့်လို့ရအောင် ဆုံလည်သဘောမျိုး ဟန်ချက်ညီအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီတံခါးကြီး အပြင် ပေါင် (၅၀၀၀) လေးတဲ့ အသည်းပုံကျောက်စားပွဲနဲ့ ကျောက်ထိုင်ခုံတွေ၊ (၂၂) တန်လေးပြီး ပေ (၄၀) လောက် မြင့်တဲ့ ကျောက်မော်ကွန်းတိုင်တွေကလည်း အက်ဒွပ်ဖန်တီးခဲ့တဲ့ မယုံကြည်နိုင်ဖွယ်အရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီး (၁၈) တန်လောက်လေးတဲ့ ကျောက်တုံးကြီးတွေကို လဆန်း၊ လဆုတ်၊ လပြည့် သဖွယ် အမျိုးမျိုးထွင်းထုဖန်တီးထားတဲ့ လမင်းစန္ဒာရေကန် (Moon Pond) ကလည်းနာမည်ကြီးသလို ဓူဝံကြယ်နဲ့ တစ်တန်းတည်းဖြစ်အောင် အတိအကျပြုလုပ်ထားတဲ့ (၂၅) ပေမြင့်တဲ့ ကျောက်တိုင်ကြီးကလည်း လေ့လာသူတွေအတွက် ခေါင်းစားစေတာအမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အထူးခြားဆုံးအဆောက်အအုံကတော့ အက်ဒွပ်ကိုယ်တိုင် နေထိုင်သွားတယ်လို့ သိရတဲ့ မျော်စင် (Tower) ပုံစံနှစ်ထပ်အဆောက်အအုံပဲဖြစ်ပါတယ်။ ဒီမျှော်စင်အဆောက်အအုံက အတော်တန်မြင့်မားပြီး လေးတန်ကနေကိုးတန်လောက် လေးတဲ့ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီမျှော်စင်ရဲ့ အခန်းတစ်ခုတည်းမှာတော့ ကျောက်စားပွဲဝိုင်းကြီးတစ်ခုရှိနေပြီး စားပွဲပေါ်မှာတာ့ ချိန်းကြိုးတွေ၊ လွှတွေ၊ ပုံစံမျိုးစုံနဲ့ ဖောက်စက်တွေ၊ တူတွေ စတဲ့ ရိုးရှင်းတဲ့ ဆောက်လုပ်ရေးကိရိယာ တန်ဆာပလာတွေကိုသာတွေ့ရပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးအံ့သြဖွယ်ရာအဆောက်အအုံတွေကို အက်ဒွပ်တစ်ဦးတည်း ဘယ်လိုဘယ်ပုံတည်ဆောက်ခဲ့သလဲဆို တာကို ကမ္ဘာအနှံ့မှာရှိတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေက သိချင်ခဲကြသလို ထင်ကြေးအမျိုးမျိုးလဲ ထွက်ပေါ်ခဲ့ပါတယ်။ shwekhitonlinetv.com

အချို့ကတော့ ဒီလောက်ကြီးမားတဲ့ကျောက်တုံးကြီးတွေကို လူတစ်ယောက်တည်း သာမန်ကိရိယာတွေနဲ့ တည်ဆောက်ခြင်းဟာ သမရိုးကျမဟုတ်တဲ့ ဆောက်လုပ်ရေးနည်းပညာတွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

အချို့ကလည်း တိဘက်ကျမ်းများတွင်ဖော်ပြထားသလို အသံလှိုင်းများအသုံးပြုကာ ကျောက်တုံးတွေကို ဈာန်ပျံသလိုလေပေါ်လွင့်မျောစေပြီး လိုအပ်တဲ့ နေရာကိုပို့ဆောင်စေတာဖြစ်တယ်လို မှတ်ချက်ပြုတာမျိုးတွေလည်းရှိပါတယ်။ သိပ္ပံပညာရှင်တစ်ချို့ကတော့ အက်ဒွပ်ဟာ ကမ္ဘာ့မြေဆွဲအားကို ဆန့်ကျင်နိုင်တဲ့ ပစ္စည်းတစ်စုံတစ်ရာကို အရင်တည်ဆောက်နိုင်ခဲ့ပြီး ကျောက်တုံးတွေကို မတင်နိုင်ခဲ့တာလို့ ဆိုကြပြန်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ကိုရယ်ရဲတိုက်ကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ အက်ဒွပ်ရဲ့ ပြောကြားမှုမှာတော့ သူ့အနေနဲပ အီဂျစ်နိုင်ငံမှာရှိတဲ့ ပိရမစ်တွေနဲ့ ပီရူးနိုင်ငံမှာရှိတဲ့ ရှေးဟောင်းကျောက်တုံးအဆောက်အအုံတွေရဲ့ တည်ဆောက်တဲ့ နည်းပညာများကို နားလည်သဘောပေါက်ခဲ့ကြောင်း နဲ့ ဒီနည်းပညာတွေကို သုံးကာဆောက်လုပ်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ shwekhitonlinetv.com

ကမ္ဘာပေါ်နဲ့ စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့တည်ရှိနေတဲ့ သံလိုက်စီးကြောင်းများ (Magnetic Currents) ကိုအသုံးပြုကာ သမရိုးကျပစ္စည်းများနဲ့ ကျောက်တုံးကြီးတွေကို မတင်ခဲ့တာလို့ အက်ဒွပ်က ဆိုပါတယ်။ ဒါတင်မကသေးဘဲ ကမ္ဘာပေါ်မှာသံလိုက်စီးကြောင်းတွေ စီးဆင်းနေတဲ့ သံလိုက်ကွန်ယက်များ ရှိနေကြောင်းလည်း အက်ဒွပ်က ပြောဆိုခဲ့ပါတယ်။ shwekhitonlinetv.com

အဆိုပါကွန်ယက်တွေနဲ့ အာကာသ ရုပ်ဝတ္ထုပစ္စည်းတွေကနေဖြစ်ပေါ်လာတဲ့ သံလိုက်ကွန်ယက်များပေါင်းစုံကာ ကျောက်တုံးတွေရဲ့ ဗဟိုချက်ကိုကျရောက်တဲ့ အခြေအနေမှာ ကျောက်တုံးတွေကို လိုရာသို့ မ တင်ရွှေ့ပြောင်းနိုင်ခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အက်ဒွပ်ဆိုသလိုပဲ ဒီ ပရဝုဏ်အတွင်းမှာ ရှိနေတဲ့ အဆောက်အအုံတွေဟာ အာကသရုပ်ဝတ္ထုတို့ရဲ့အစီအစဉ်အတိုင်း အတိအကျဖြစ်နေကြောင်းကိုလည်း သုတေသီတွေက မှတ်ချက်ပြုခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ဒီသံလိုက်စီးကြောင်းကွန်ယက်တွေကို အက်ဒွပ်တစ်ယောက် ဘယ်လိုဘယ်ပုံရှာဖွေတွေ့ရှိခဲ့ သလဲ ? ပြီးတော့ ဒီကွန်ယက်တွေပေါင်းစည်းအောင် ဘယ်လိုပြုလုပ်ခဲ့သလဲဆိုတာတော့ အက်ဒွပ်ကလွဲရင် ဒီနေ့အချိန်အထိ ဘယ်သူမှ နားလည်သဘောပေါက်ခြင်းမရှိသေးဘူးဆိုတာ တင်ပြရင်း ဒီစာ လေးကိုအဆုံးသတ်လိုက်ပါတယ်။ shwekhitonlinetv.com

အခုလိုမျိုး ဆောင်းပါးလေးကိုအဆုံးထိ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ (ကူးယူဖော်ပြခွင့် မပြုပါ။)