အိမ်နောက်ဖေး ခြံဝင်းထဲမှာ အမှတ်မထင် တွေ့ရှိခဲ့တဲ့ ရှားပါးပစ္စည်းများ

ရွှေခေတ် ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အိမ်နောက်ဖေး ခြံဝင်းထဲမှာ ရှာတွေ့ခဲ့တဲ့ ရှားပါး ရှေးဟောင်း ပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို ပစ္စည်းတွေကို ရှာတွေ့ခဲ့လဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ဖာရာရီကား

၁၉၇၈ ခုနှစ်တုန်းက လော့စ်အိန်ဂျလ်လစ် မြို့ထဲမှာနေတဲ့  ကလေးနှစ်ယောက်ဟာ ခြံဝင်းထဲက မြေကြီးတွေကို တူးဆွ ဆော့ကစားနေရင်းနဲ့ မြေကြီးထဲမှာ နစ်မြုပ်နေတဲ့ Ferrari Dino 246 GTS ကားကို တွေ့ရှိခဲ့ကြပါတယ် ။ ရဲအရာရှိတွေ လာရောက်စုံစမ်းတဲ့အခါမှာတော့ ဒီကားဟာ အခိုးခံရလို့ လာပြီးတိုင်ကြားထားတဲ့ ကားဖြစ်နေတယ်ဆိုတာ သိခဲ့ကြပါတယ် ။ နောက်ပိုင်းမှာတော့ ဒီကားကို အာမခံကုမ္ပဏီကနေတစ်ဆင့် လေလံတင်ပြီး ရောင်းချခဲ့တယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၂။ ရှေးခေတ် သင်းခွေချပ်တစ်ကောင်ရဲ့ အခွံ

အာဂျင်တီးနား နိုင်ငံက Jose Antonio Nievas လို့ခေါ်တဲ့ လယ်သမား ဟာ သူ့ရဲ့ စိုက်ခင်းထဲကနေ ထူးဆန်းတာ တစ်ခုကို တူးဖော် တွေ့ရှိခဲ့ပါတယ် ။ အစောပိုင်းမှာတော့ Jose ဟာ ဒါကြီးကို ဒိုင်နိုဆော တစ်ကောင်ရဲ့ ဥလို့ထင်ခဲ့တာပါ ။ ဒါပေမယ့် ကျွမ်းကျင်တဲ့သူတွေ လေ့လာကြည့်တဲ့အခါမှာတော့ ဒါဟာ ရှေးခေတ်က သင်းခွေချပ်တစ်ကောင်ရဲ့ အကြေးခွံ ဖြစ်တယ်လို့ ပြောကြပါတယ် ။ shwekhitonlinetv.com

၃။ ဂီဇာ ပိရမစ်ကို ရောက်တဲ့ ဥမင်လမ်းကြောင်း

အီဂျစ်နိုင်ငံက ဂီဇာပိရမစ် နားက El Haraneya ဆိုတဲ့ ကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ နောက်ဖေး ခြံကို ရှင်းလင်းရင်းနဲ့ ဥမင်လမ်းကြောင်း တစ်ခုကိုတွေ့ရှိခဲ့ပါတယ် ။ သုတေသီများရဲ့ အဆိုအရ ရှေးခေတ် ဂရိသမိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့ Herodotus ဟာ အီဂျစ်ကို လည်ပတ်ခဲ့စဉ်တုန်းက ဒီဥမင်လမ်း အကြောင်းကို သူ့ရဲ့ မှတ်တမ်းထဲမှာ ဖော်ပြခဲ့ဖူးတယ်လို့ ပြောကြားခဲ့ပါတယ် ။ shwekhitonlinetv.com

၄။ ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိတဲ့ ဆေးခြောက်များ

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတုန်းက လော့စ်အိန်ဂျယ်လစ်မြို့မှာ နေထိုင်တဲ့  Mack Reed ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ ဆိုလာပြားတွေကို တပ်ဆင်ဖို့ လုပ်ခဲ့ပါတယ် ။ Mack ဟာ မြေအောက်ခန်းကို ဖွင့်လိုက်တဲ့ အခါမှာတော့ ဆေးခြောက်တွေ ၊ အိုးတွေနဲ့ စာအိတ်တွေ ပါတဲ့ အိတ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ shwekhitonlinetv.com

ဖြစ်နိုင်ခြေရှိတာကတော့ Mack ဟာ အိမ်မှာမရှိတဲ့ အချိန် တစ်ယောက်ယောက်က သူ့ရဲ့ အိမ်နောက်ဖေးကို ဝင်ပြီး မူးယစ်ဆေးတွေ လာဖွက်ထားတာဖြစ်နိုင်တယ်လို့ လူတွေက ထင်ကြေးပေးခဲ့ကြပါတယ် ။ Mack ဒီအိတ်ကို ရဲအရာရှိထံ အပ်နှံခဲ့ပြီး တန်ဖိုးကို တွက်ချက်ကြည့်တဲ့အခါမှာတော့ ဆေးခြောက် စုစုပေါင်းရဲ့ တန်ဖိုးက ဒေါ်လာ ( ၁၇၀၀၀၀ ) ကျော်ရှိတယ်ဆိုတာ သိခဲ့ကြပါတယ် ။ shwekhitonlinetv.com

၅။ ဒိုင်နိုဆော အရိုး

၁၉၉၇ ခုနှစ် ၊ အင်္ဂလန်နိင်ငံ Ip swich မြို့က John Lambert ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ အိမ်ပတ်လည်မှာ ခြံစည်းရိုးဆောက်ဖို့ ပြင်ဆင်နေခဲ့ပါတယ် ။ ဒီလို ပြင်ဆင်နေရင်းနဲ့ မြေကြီးကို တူးဆွနေတုန်း သူ့ရဲ့ ဂေါ်ပြားနဲ့ မာကျော တဲ့အရာကို တူးမိသွားပါတယ်  ။ shwekhitonlinetv.com

ဒါနဲ့ပဲ John ဟာ ဒီမာကျောတဲ့ ပစ္စည်းကို အမှုမဲ့ အမှတ်မဲ့နဲ့ပဲ စပါးကျီထဲမှာ သိမ်းထားလိုက်ပါတယ် ။ နှစ်ပေါင်း ၁၆ နှစ်လောက်အကြာမှာတော့ John ဟာ သူသိမ်းထားခဲ့တဲ့ မာကျောလှတဲ့ ပစ္စည်းကို ကျွမ်းကျင်သူတွေဆီ ပြကြည့်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ( ၆၀ – ၂၅၀ ) လောက်တုန်းက ရှင်သန်ခဲ့တဲ့ pilosaurs ( ဧရာမ ပင်လယ်မြွေကြီး ) ရဲ့ အရိုးဖြစ်တယ်ဆိုတာ သိခဲ့ကြပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အိမ်နောက်ဖေး ခြံဝင်းထဲမှာ အမှတ်မထင် ရှာတွေ့ခဲ့ကြတဲ့ ရှားပါးသော ပစ္စည်းတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။