လူတိုင်း ဝယ်မစားနိုင်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး သစ်သီးများ

သဘာဝအတိုင်း စိုက်ပျိုးထားရှိတဲ့ သစ်သီးဝလံတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်လို့ လူတိုင်းစားသုံးပေးသင့်ပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် သစ်သီးတွေကတော့ စျေးအရမ်းကြီးလို့ လူတိုင်းစားသုံးဖို့ရာ အတော်လေး အလှမ်းဝေးမယ်လို့ ထင်ပါတယ်။ ဘယ်လို သစ်သီးတွေများ ဖြစ်နေလို့ပါလိမ့်နော် … shwekhitonlinetv.com

၇။ Sembikiya Queen Strawberries – $85/pack

ဂျပန်နိုင်ငံ တိုကျိုမြို့မှာနေထိုင်တဲ့သူတွေကတော့ Sembikiya လို့ခေါ်တဲ့ သစ်သီးဆိုင်ကို မသိသူမရှိကြသလောက်ပါပဲ။ ဒီသစ်သီးဆိုင်က ၁၈၃၄ ခုနှစ်လောက်ကတည်းက မျိုးရိုးစဥ်ဆက်ဖွင့်လှစ်လာတဲ့ နာမည်ကျော်သစ်သီးဆိုင်လည်းဖြစ်ပါတယ်။ သူတို့ဆိုင်မှာရောင်းတဲ့ Sembikiya Queen Strawberries တွေကတော့ အတော်လေးကို စျေးကြီးလှပါတယ်။ ဘယ်လောက်တောင်စျေးုကီးသလဲဆိုရင် (၁၂) လုံးပါတဲ့ တစ်ပါကင်ကိုအမေရိကန်ဒေါ်လာ (၈၅) ဒေါ်လာတောင်ကျသင့်ပါတယ်။shwekhitonlinetv.com

၆။ Square Watermelon – $800

သာမန်ဖရဲသီးတွေအများစုရဲ့ ပုံသဏ္ဍာန်ကတော့ လုံးလုံးဝိုင်းဝိုင်း ဒါမှမဟုတ်လည်း လုံးရှည်ရှည် ဖြစ်ပါတယ်။ လေးထောင့်ဆန်ဆန် ပုံသဏ္ဍာန်ရှိတဲ့ ဖရဲသီးကတော့ ဂျပန်လူမျိုးစိုက်ပျိုးရေးပညာရှင်တွေရဲ့ Idea ပဲဖြစ်ပါတယ်။ အသွင်ဆန်းဆန်းနဲ့ အရသာချိုမြိန်လှတဲ့ ဒီဖရဲသီးတစ်လုံးရဲ့ စျေးကမသေးလှပါဘူး။ တစ်လုံးကို အမေရိကန်ဒေါ်လာ (၈၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Pineapples from the Lost Gardens of Heligan – $1,500

ဥရောပရဲ့ ရေမြေရာသီဥတုက နာနတ်သီးလို သစ်သီးမျိုး စိုက်ပျိုးလို့ အလွန်သင့်တော်တယ်လို့ သိရပါတယ်။ UK မှာရှိတဲ့ Heligan of the Lost လို့အမည်ရတဲ့ ဥယျာဥ်ကထွက်တဲ့ နာနတ်သီးတွေကတော့် အတော်လေးကိုအရည်အသွေးကောင်းပြီး တန်ဖိုးလည်းကြီးမြင့်ပါတယ်။ ၁၈ ရာစု ဗစ်တိုးရီးယားခေတ်က ဥယျာဥ်မှုးတွေအသုံးပြုတဲ့ နာနတ်သီးမျိုးစိတ်နဲ့ နည်းပညာတွေကို အသုံးပြုပြီး စိုက်ပျိုးတဲ့ ဒီ ဥယျာဥ်ရဲ့ နာနတ်သီးတွေက တစ်လုံးကို အမေရိကန်ဒေါ်လာ (၁,၅၀၀) လောက်တန်ဖိုး ရှိပါတယ်။shwekhitonlinetv.com

၄။ Taiyo no Tamago Mangoes – $3,000

Taiyo no Tamago ဆိုတာကတော့ ဂျပန်လို “Egg of the sun” နေမင်းရဲ့ဥ လို့ အဓိပ္ပါယ်ရပါသတဲ့။ မီယာဇာကီ ကျွန်းပေါ်မှာအများဆုံးစိုက်ပျိုးကြတဲ့ ဒီသရက်သီးကတော့ သကြားဓာတ်ပါဝင်နှုန်းမြင့်လို့ ချိုမြိန်လှသလို အနံ့ကလည်း နှစ်လိုဖွယ်ကောင်းတယ်လို့သိရပါတယ်။ (၃၅၀) ဂရမ်လောက်အလေးချိန်ရှိတဲ့ ဒီသရက်သီးတစ်လုံးကိုတော့ အမေရိကန်ဒေါ်လာ (၃,၀၀၀) လောက်ကျသင့်ပါတယ်။ shwekhitonlinetv.com

၃။ Ruby Roman Grapes – $8,400

ဒီစာရင်းမှာပါတဲ့ သစ်သီးအများစုကတော့ ဂျပန်နိုင်ငံကနေ ထွက်ရှိတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အော်ဂဲနစ် စိုက်ပျိုးရေးထွန်းကားလှသလို တီထွင်ဖန်တီနိုင်မှုလည်းမြင့်မားတာကြောင့် ဒီစာရင်းမှာ သူတို့ပဲဦးဆောင်နေနိုင်တာဖြစ်ပါတယ်။ အိရှိကာဝါ ဒေသကထွက်ရှိတဲ့ ဒီစပျစ်သီးတွေကတော့ ကမ္ဘာပေါ်က တစ်ခြားဘယ်စပျစ်သီးထက်ကိုမဆို ချိုမြိန်ပြီး အရသာရှိတယ်လို့ ဆိုကြပါတယ်။ ဒီလို ထူးကဲတဲ့ အရသာရှိတာကြောင့်လည်း (၂၅) လုံးကနေ အလုံး (၃၀) လောက်ပါတဲ့ Ruby Roman စပျစ်ခိုင်တစ်ခိုင်ကို အမေရိကန်ဒေါ်လာ (၈,၄၀၀) လောက်ပေးရတယ်ထင်ပါရဲ့။ shwekhitonlinetv.com

၂။ Densuke Watermelon – $6,100

ဒီဖရဲသီးကတော့ အခြားဖရဲသီးတွေလို သွင်ပြင်က အစက်အပျောက်၊ အစင်းကြောင်းလုံးဝမပါ ပါဘူး။ တစ်ချို့ကလည်း သူ့အရောင်အဆင်းကြောင့် Black Sweet Watermelon လို့ခေါ်ကြပါတယ်။ ဂျပန် နိုင်ငံ ဟိုကိုင်းဒိုးကျွန်းမှာပဲစိုက်ပျိုးပြီး နှစ်စဥ်အလုံးရေ (၁၀,၀၀၀) လောက်ပဲထွက်ရှိလို့ အလွန်ရှားပါးတယ်လို့လဲဆိုရမှာဖြစ်ပါတယ်။ အခြားဖရဲသီးတွေထက် သိသိသာသာ အရသာကောင်းမွန်ပြီး (၁၁)0 ကီလို လောက်ထိအလေးချိန်ရှိတက်တဲ့ Densuke Watermelon တစ်လုံးကို အမေရိကန်ဒေါ်လာ (၆,၁၀၀) ပေါက်စျေးရှိပါတယ်။ shwekhitonlinetv.com

၁။ The Yubari King Melon – $12000

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး ကျွန်းက Yubari ဖန်လုံအိိမ်စိုက်ခင်းတွေကနေထွက်ရှိတဲ့ မျိုးစပ်သခွားမွှေးဖြစ်ပါတယ်။ နူးညံ့ပြီးချိုမြိန်လှတဲ့ ဒီသခွားမွှေးမျိုးကိုတော့ ပွဲတော်တွေနဲ့ လက်ဆောင်အဖြစ်ပေးတဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီသခွားမွှေးတွေရဲ့စျေးကတော့ ပျမ်းမျှတစ်လုံးကို အမေရိကန်ဒေါ်လာ (၁၂,၀၀၀) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply