သခင်ပြန်လာမယ် ထင်ပြီး ၄ လကြာတဲ့အထိ ဆေးရုံရှေ့မှာ စောင့်ဆိုင်းနေတဲ့ ခွေးလေး

တိရိစ္ဆာန်လေးတွေထဲမှာတော့ ခွေးဆိုတာ တစ်ချို့သောလူတွေထက်တောင်မှ ပိုပြီးသစ္စာစောင့်သိလွန်းတဲ့ သတ္တဝါဖြစ်ပါတယ်။ တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုတဲ့ ဆိုရိုစကားလေးအတိုင်းပဲခွေးတွေဟာ သူတို့ကိုကျွေးမွေးဖူးတဲ့သူတွေကို မှတ်သားထားကြပြီး ထိုသူအပေါ်မှာလည်း သစ္စာစောင့်သိတက်ကြပါတယ်။ shwekhitonlinetv.com

အခုပြောပြမယ့်ဇာတ်လမ်းလေးကတော ပေါ်တူဂီသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ G1 မှာဖော်ပြခဲ့တဲ့ သစ္စာစောင့်သိတဲ့ ခွေးလေးတစ်ကောင်ရဲ့ ဝမ်းနည်းဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီခွေးလေးဟာ ဘရာဇီးနိုင်ငံ São Paolo မြို့မှာရှိတဲ့ Santa Casa de Novo Horizonte ဆေးရုံရဲ့ အပြင်ဘက်မှာ သူ့ရဲ့သေဆုံးသွားတဲ့ ပိုင်ရှင်ဖြစ်သူ ထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လေးလကြာ အောင်စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီခွေးလေးရဲ့ပိုင်ရှင်ကတော့ အမည်မသိရတဲ့ အိမ်ခြေရာမဲ့တစ်ဦးဖြစ်ပြီး အငြင်းပွားမှုတစ်ခုကနေပြီး ခိုက်ရန်ဖြစ်ပွားကာ ဓားထိုးခံခဲ့ရတဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကိုဆေးရုံသို့ပို့ဆောင်ခဲ့ကြပေမယ့် ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ သေဆုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီခွေးကလေးကတော့ အခင်းဖြစ်ပြီး သူ့သခင်ကိုဆေးရုံသို့ ပို့ဆောင်တဲ့လူနာတင်ယာဉ်နောက်ကနေ တောက်လျောက်လိုက်သွားခဲ့ပြီး ဆေးရုံအပြင်ဘက်က ခြေသုတ်ခုံလေးမှာနေပြီး သူ့ရဲ့သခင်ပြန်ထွက်အလာကို စောင့်နေခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီခွေးလေးဟာ ဆေးရုံအတွင်းကိုတစ်ခါမှ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ သူ့ဘာသူအေးအေးဆေးဆေး ဆေးရုံအပြင်ဘက်မှာ သူ့သခင်ကိုစောင့်နေခဲ့တာကြောင့် ဆေးရုံဝန်ထမ်းတွေက ဂရုဏာသက်ပြီး သူ့ကိုသက်တောင့်သက်သာဖြစ်စေမယ့် နေရာထိုင်ခင်းနဲ့ အစာရေစာကျွေးမွေးခဲ့ကြပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ ဒေသခံ ခွေးဂေဟာတစ်ခုနဲ့ဆက်သွယ်ပြီး သူ့ကိုဆက်လက်မွေးမြူဖို့ ပို့ဆောင်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာဒီခွေးလေးဟာ ခွေးဂေဟာကနေထွက်ပြေးလာပြီး ဒီဆေးရုံရဲ့ အပြင်ဘက်နားကိုသာရောက်ရှိလာပြီး သူ့သခင်ကိုစောင့်ဆိုင်းမြဲစောင့်ဆိုင်းနေခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

ဒီခွေးလေးရဲ့အကြောင်းကို ပထမဆုံး Facebook ပေါ်တင်ခဲ့တဲ့သူကတော့ ရှေ့နေတစ်ဦးဖြစ်တဲ့ ခွေးလေးကို Cristine Sardella ဆိုသူဖြစ်ပြီး သခင်ဖြစ်သူသေဆုံးသွားတာကို မသိရှိဘဲ လေးလလောက်ဆေးရုံရှေ့မှာ စောင့်ဆိုင်းနေခဲ့ဲတဲ့ သစ္စာရှိခွေးလေးလို့ သူ့ရဲ့စာမျက်နှာမှာတင်ခဲ့ရာကတစ်ဆင့် စတင်ပြီး လူသိများလာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။