ငါးအရိုးစူးရင် ချက်ချင်း သက်သာစေမယ့် နည်းလမ်းများ

ငါး ကြိုက်တက်တဲ့ သူတွေအနေနဲ့ အနည်းဆုံးတစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ထက်မနည်း ငါးအရိုးစူးတဲ့ အဖြစ်နဲ့ ကြုံတွေ့ဖူးကြမှာပါ။ ငါးအရိုးစူးရင် ခိုးလို့ခုလုနဲ့တော်တော်လေး ခံရခက်ပြီး စိတ်အနှောက်အယှက်ဖြစ်ရတာကို ကြုံဖူးတဲ့သူတိုင်း သိမယ်ထင်ပါတယ်။ shwekhitonlinetv.com

တစ်ခါတစ်ရံ ခဏလေးနဲ့သက်သာသွားတာရှိသလို အခန့်မသင့်ရင် ဆေးရုံတက်ပြီး လည်ချောင်းကနေခွဲထုတ်ရတဲ့အထိဖြစ်တက်တာမို့လို့ ငါးအရိုးစူးတာဟာ မပေါ့ဆသင့်တဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ငါးအရိုးစူးခဲ့ရင် အမြန်ဆုံးသက်သာနိုင်မယ့် နည်းလမ်းလေးတွေကို Shwe Khit ပရိသတ်တွေသိရှိနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။ shwekhitonlinetv.com

ငါး အရိုးစူးတာကိုသက်သာပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေအများကြီး ရှိပေမယ့် ရုတ်တရက်ကြုံတွေ့လာခဲ့ရင် ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်မယ့် ပစ္စည်းလေးတွေနဲ့ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်မည့် နည်းလမ်းလေးတွေကိုသာ ရွေးချယ်ဖော်ပြသွားမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

(၁) သံပုရာသီးကို အခွံမာများ ခွါပြီးတော့ ရလာတဲ့အလုံးကို သွားကြားထိုးတံဖြင့် အပေါက်လေးများ ထိုးဆွပေးပြီး ပါးစပ်ထဲမှာ ခေတ္တခဏ ငုံထားပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အရည်ကို တဖြေးဖြေး မျိုချပေးခြင်းဖြင့် သံပုရာရည်မှာပါတဲ့ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပါလိမ့်မယ်။ shwekhitonlinetv.com

(၂) ငှက်ပျောသီး စားပါ။ ငှက်ပျောသီးလို့ဆိုရာမှာ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေပါတယ်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးဟာ ကြက်ဥအကာမှ အချွဲများနှင့်အတူ ကျသွားပါလိမ့်မယ်။

(၄) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချခြင်းဖြင့် ငါးရိုးများ အရည်ပျော်ကျသွားပါနိုင်ပါတယ်။ shwekhitonlinetv.com

(၅) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါကပို၍ ကောင်းမွန်ပြီး ဆားဓါတ်က ငါးရိုးကိုချေဖျက် သွားပါလိမ့်မယ်။

(၆) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ ဒါ့အပြင် သံလွင်ဆီဟာလည်ချောင်းနာခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ shwekhitonlinetv.com

(၇) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေနိုင်ပါတယ်။ shwekhitonlinetv.com

(၈) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါလိမ့်မယ်နော်။ shwekhitonlinetv.com

(၉) Coke, Pepsi စတဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေဟာလည်း ငါးရိုးကို အမြန်ပျော့သွားစေနိုင်ပါတယ်။

ဒါကတော့ ငါးအရိုးစူးခဲ့ရင် အလွယ်တကူသက်သာအောင်ပြုလုပ်နိုင်စေမည့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပရိသတ်ကြီးအနေနဲ့လည်း ဒီထဲမှာ မပါဝင်တဲ့ နည်းလမ်းလေးတွေကို သိရှိထားတယ်ဆိုရင်လည်း ကွန်မန့် မှာ ဗဟုသုတ အဖြစ် ဝေမျှပေးသွားပါဦးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။