စိတ်ဖိစီးမှုကို လျော့ကျစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ

လူသားတွေအနေနဲ့တော့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူမှုဘဝတွေမှာ စိတ်ဖိစီးမှုတွေကို အနည်းနဲ့ အများ ခံစားကြရလေ့ရှိပါတယ်။

ဒါကြောင့် Shwe Khit Online TV အနေနဲ့ အခုတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုတွေကိုအလွယ်တကူလျော့ကျအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကောင်းတွေကို တင်ဆက်ပေး လိုက်ပါတယ်နော် …..

၁။ ပါးစပ်ဖြင့် လက်ကိုမှုတ်ပါ

လက်ကိုပါးစပ်ထဲသို့ထည့်ပြီးမှုတ်လိုက်ခြင်းက စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်တယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ ပါးစပ်ကထွက်လာမယ့် လေလမ်းကြောင်းကို လက်မနဲ့ပိတ်ဆို့ခြင်းအားဖြင့် Vagus လို့ခေါ်တဲ့ အာရုံကြောကိုလှုံ့ဆော်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဒီအာရုံကြောက လူတစ်ဦးရဲ့နှလုံးခုန်နှုန်း နဲ့သွေးပေါင်ချိန်ကိုလျှော့ချပေးတာကြောင့် စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး သင့်ကိုပိုမိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ လက်ကိုတော့ သေချာဆေးထားဖို့ လိုအပ်ပါတယ်။ shwekhitonlinetv.com

၂။ ပီကေဝါးပါ

လေ့လာမှုတစ်ခုရဲ့စစ်တမ်းများအရတော့ ပီကေဝါးနေတာဟာ အလုပ်ခွင်မှာစိတ်ဖိစီးမှုကိုလျော့နည်း စေတယ်လို့သိရပါတယ်။ ဒါ့အပြင် ပီကေဝါးတာဟာ ပင်ပန်းနွမ်းနယ်မှု၊ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျမှုတွေကို လျှော့ချနိုင်ပြီး ပိုမိုကောင်းမွန် တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ shwekhitonlinetv.com

၃။ သစ်ပင်လေးတွေကို သင့်နားမှာထားပါ

သင့်ရဲ့အလုပ်စားပွဲပေါ်မှာ အပင်တစ်ပင်ကိုသာ ထားရှိမယ်ဆိုရင်တော့ ဒါဟာ အလှဆင်ပစ္စည်းတစ်ခု ဖြစ်နိုင်ရုံသာမကဘဲ စိတ်ဖိစီးမှုတွေကိုပါသက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးခန်းအတွင်းအပင်များရှိနေခြင်းဟာ လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးပေါင်ချိန်ကိုကျဆင်းစေပြီးကုန်ထုတ်စွမ်းအားကိုတိုးစေနိုင်တယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ shwekhitonlinetv.com

၄။ ရယ်ပါ

လူသားတွေရယ်လိုက်တဲ့အခါ အန်ဒေါ်ဖင်စ် (Endorphins) ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဦးနှောက်ကနေ ထုတ်လွှတ်ပေးတယ်လို့သိရပါတယ်။ ဒီအရာက ခန္ဓာကိုယ်တွင်းက အောက်စီဂျင်ကိုတိုးမြှင့်ပေးနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေကိုဖြတ်သန်းသွားစေတာကြောင့် သွေးစီးဆင်းလည်ပတ်မှုကိုတိုးတက်ကောင်းမွန် စေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဖြစ်စဉ်က စိတ်ဖိစီးမှုကိုလျော့ချပေးတဲ့နေရာမှာအတော်လေး အထောက်အကူပြုနိုင်ပါတယ်။ တကယ်မရယ်မောချင်ဘဲနဲ့ လုပ်ရယ်တာမျိုးကလည်း ဒီလိုဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်လို့ အမြဲတမ်းရယ်မောနေမယ်ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပန်းကန်ဆေးပါ

ဆပ်ပြာနံ့၊ ရေရဲ့အနွေးဓာတ် နဲ့ ဟင်းလျာတွေအပေါ် အာရုံစူးစိုက်ခြင်းကလည်း လူတစ်ယောက်ရဲ့အာရုံကြော တွေကို (၂၇) ရာခိုင်နှုန်းလောက် ပြေလျော့မှုပေးနိုင်တယ်လို့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုခံစားနေရတယ်ဆိုရင် ပန်းကန်တွေကို စက်နဲ့မဆေးဘဲ လက်နဲ့ ကိုယ်တိုင်ဆေးကြောကြည့်ဖို့ သုတေသီတွေကတော့ အကြံပြုတိုက်တွန်းထားပါတယ်။ shwekhitonlinetv.com

၆။ လိမ္မော်ရည်သောက်ပါ

လိမ္မော်သီးဟာ ဗီတာမင်စီကြွယ်ဝတယ်လို့လူအများသိထားပြီး စိတ်ဖိစီးမှုတွေကိုလျော့ချရာမှာလည်း ထိရောက်ပါတယ်။ ဗီတာမင်စီဟာ ကော်တီဆော (Cortisol) လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့နည်းအောင်ပြုလုပ်နိုင်ပါတယ်။ နေ့တစ်နေ့ရဲ့ အစဖြစ်တဲ့ မနက်ခင်းလိုအချိန်မှာ လိမ္မော်သီးဖျော်ရည် သောက်ခြင်းဖြင့် တစ်နေကုန် စိတ်ဖိစီးမှုကင်းဝေးမှုကို သိသာစွာခံစားစေနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပွတ်သပ်ပေးပါ

ခွေးတွေ ကြောင်တွေလိုမျိုး အမွှေးအမျင်ထူတဲ့ သတ္တဝါလေးတွေကို ပွတ်သပ်တာမျိုး၊ ပွေ့ဖက်ထားတာမျိုး ကလည်းစိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါသတဲ့ ပရိသတ်ကြီးရေ။ ဒီလိုပြုမူခြင်းအားဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ ဓာတုပစ္စည်းတွေကို ဦးနှောက်ကထုတ်လွှတ်ပေးမှာဖြစ်ပြီး စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေမယ့် ဟော်မုန်းတွေကိုလျော့နည်းသွားစေမှာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပွတ်သပ်ပေးတာက သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးနိုင်ပြီး သွေးပေါင်ချိန်ကိုလည်း လျော့ကျစေနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီစာလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်…

Be the first to comment

Leave a Reply