ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ တူးဖော် တွေ့ရှိသမျှထဲမှာ တန်ဖိုးအကြီးဆုံးရယ်လို့ သတ်မှတ် ခံထားရတဲ့ ရတနာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒီရတနာတွေဟာဆိုရင် ရှေးခေတ်တုန်းက လူတွေ ပိုင်ဆိုင် ၊ အသုံးပြုခဲ့ကြတဲ့ ရတနာတွေ ဖြစ်ပြီး လက်ရာမြောက်မှု အပိုင်းကတော့ ပြောစရာ မလိုလောက်အောင် ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လို တန်ဖိုးကြီး ရတနာတွေကို ရှာတွေ့ခဲ့ကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်ကြည့်လိုက်ပါနော် …. shwekhitonlinetv.com
၁ ။ The Środa Treasure

ပထမဦးဆုံး ပြောပြပေးမှာကတော့ ပိုလန်နိုင်ငံ မှာ ရှာတွေ့ခဲ့တဲ့ ရတနာ သိုက် အကြောင်းပဲ ဖြစ်ပါတယ် ။ အချိန်အားဖြင့် (၁၉၈၅ နဲ့ ၁၉၈၈ ) ဝန်းကျင်လောက်တုန်းက ပိုလန်နိုင်ငံ ၊ Środa Śląska မြို့မှာရှိတဲ့ အဆောက်အအုံတစ်ခုဟာ ဖြိုချဖျက်စီး ခံခဲ့ရပါတယ် ။ ဒီလို ဖြိုချနေတဲ့ အချိန်အတွင်းမှာပဲ အဆောက်အအုံ အောက်ခြေ အတွင်းမှာ မြုပ်နှဲထားတဲ့ Środa ရှေးဟောင်းရတနာတွေကို ရှာတွေ့ခဲ့ပါတော့တယ် ။ တွေ့ရှိခဲ့တဲ့ ရတနာတွေကို စစ်ဆေးကြည့်တဲ့ အခါမှာတော့ ပန်းအိုး အတွင်းမှာ ထည့်ထားတဲ့ ငွေဒင်္ဂါးပေါင်း ( ၂၀၀၀ ) ကျော်ကို ရှိတာကို တွေ့ခဲ့ပါတော့တယ် ။ shwekhitonlinetv.com

ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ ဒီ ငွေဒင်္ဂါးတွေဟာ လွန်ခဲ့တဲ့ ( ၁၄ ) ရာစုနှစ်တုန်းက ဒင်္ဂါးပြားတွေ ဖြစ်ပြီး တန်ဖိုးအားဖြင့် ယနေ့ခေတ် ပေါက်စျေးအရ ဒေါ်လာ သန်း ( ၁၂၀ ) ကျော် တန်ဖိုးရှိတာပဲ ဖြစ်ပါတယ် ။ နောက်နှစ် အနည်းငယ် အကြာမှာတော့ ဒီအဆောက်အအုံ အနီးနားမှာပဲ ရတနာ တစ်ချို့ကို ရှာတွေ့ခဲ့ပြန်ပါသေးတယ် ။ ဒီတစ်ခါ ရှာတွေ့တဲ့ ရတနာတွေ ထဲမှာတော့ ရွေသရဖူတစ်ခု နဲ့ အနုစိတ် ဖန်တီးထားသော ရွှေ လက်စွပ် တို့ပါဝင်ပါတယ်။ နောက်ပိုင်းရှာတွေ့ခဲ့တဲ့ ထို ရတနာတွေကိုတော့ တန်ဖိုး မဖြတ် ရသေးပါဘူးတဲ့ ။ shwekhitonlinetv.com


၂ ။ The Cuerdale Hoard

ဒုတိယ တစ်ခု အနေနဲ့ ပြောပြပေးမှာကတော့ The Cuerdale Hoard အမည်ရှိ ဗိုက်ကင်း လူမျိုးတွေရဲ့ ရတနာတွေကို ရှာတွေ့ခဲ့ပါတယ် ။ ဒီ ရှာဖွေတွေ့ရှိမှုဟာ တူးဖော်ရရှိ သမျှ အကြီးဆုံး ရှာဖွေ တွေ့ရှိ မှုတွေက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ် ။ ပညာရှင်တွေရဲ့ ပြောကြားချက်အရ ဒီတွေ့ရှိမှုဟာ ငွေတန်ဖိုးထက် ဗိုက်ကင်း လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေ့လာနိုင်တာကြောင့် ပိုပြီး အဖိုးတန် တယ်လို့ ပြောခဲ့ပါတယ် ။ ရှာတွေ့ခဲ့တဲ့ ဗိုက်ကင်း ရတနာတွေ ရဲ့ စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ( ၃.၂ ) သန်း တန်ကြေးရှိပြီး လက်ရှိမှာတော့ ဗြိတိန် ပြတိုက်မှာ ပြသထားပါတယ် ။ shwekhitonlinetv.com

ထို ဗိုက်ကင်း လူမျိုးတွေရဲ့ ရတနာကို ဆောက်လုပ်ရေး လုပ်ငန်း ခွင်တစ်ခု အတွင်းက အလုပ်သမားတွေဟာ သေတ္တာတစ်လုံးကို တူးဖော်မိခဲ့ရာကနေ တွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ သေတ္တာကို ဖွင့်ကြည့်တဲ့ အခါမှာတော့ ဗိုက်ကင်း လူမျိုးတွေ ရဲ့ အသုံးအဆောင်ပေါင်း ( ၈၆၀၀ ) ကျော် ရှိပြီး ငွေဒင်္ဂါး အပြင် တစ်ခြား လက်ဝတ်ရတနာတွေ လည်း ပါဝင်ပါတယ် ။ ဆောက်လုပ်ရေး အလုပ်သမား တွေဟာ ဒီရတနာတွေကို ရှာဖွေတွေ့ရှိခဲ့မှု အတွက် တစ်ယောက်ချင်းစီကို ငွေဒင်္ဂါး တစ်ပြားစီ ရရှိခဲ့ပါတယ် ။ တစ်ခြားသော ရတနာတွေကို ဗစ်တိုးရီးယား ဘုရင်မကြီးဆီကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com


၃ ။ The Caesarea Sunken Treasure

နောက်ထပ်ပြောပြပေးမှာကတော့ The Caesarea Sunken Treasure လို့ အမည်ရတဲ့ ရတနာ အကြောင်းပဲ ဖြစ်ပါတယ် ။ ထူးခြားတာတစ်ခုကတော့ ဒီရတနာတွေကို တန်ဖိုး မသတ်မှတ်ထားပါဘူးတဲ့ ။ အကြောင်းကတော့ ထိုရတနာတွေဟာ သမိုင်းကြောင်းနဲ့ ချီပြီး သက်တမ်းက ရှေးကျလွန်းတာကြောင့် တန်ဖိုး မဖြတ်နိုင်အောင် အဖိုးတန်လှတာပဲ ဖြစ်ပါတယ် ။ ဒီရတနာတွေကို ရှာတွေ့ခဲ့သူတွေကတော့ အစ္စရေးနိုင်ငံ ၊ Caesarea အမျိုးသားဥယျာဉ် ကမ်းရိုးတန်း အနားက ရေငုပ်သမားတွေပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အစပိုင်းတုန်းကတော့ ရေငုပ်သမားတွေဟာ သူတို့ ရှာတွေ့ခဲ့တဲ့ ရတနာတွေကို အတုတွေထင်လို့ ထင်ပြီး မယုံနိုင်ခဲ့ကြပါဘူး ။ ရှာတွေ့ခဲ့တဲ့ ရတနာတွေကတော့ ရွှေဒင်္ဂါးပေါင်း ( ၂၀၀၀ ) ကျော်ဖြစ်ပြီး ပညာရှင်တွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ ( ၁၀ ) ရာစု နဲ့ ( ၁၂ ) ရာစု အကြားက ရတနာတွေ ဖြစ်တယ်လို့ သိခဲ့ကြပါတယ် ။ ယခုအချိန်အထိ ထို ဒင်္ဂါးပြားတွေရဲ့ တန်ဖိုးကို မဖြတ်နိုင်သေးပဲ ယနေ့ငွေကြေး အဆပေါင်းများစွာထက် တန်ဖိုးကြီးတယ်လို့ သတ်မှတ်ထားကြပါတယ် ။ shwekhitonlinetv.com


၄ ။ The Bactrian Gold

( ၁၉၇၈ ) ခုနှစ်တုန်းက Tillya Tepe ဆိုတဲ့ အရပ်မှာ the Bactrian Gold လို့ အမည်ရတဲ့ နာမည်ကြီး ရတနာ တစ်ခုကို ရှာတွေ့ခဲ့ပါတယ် ။ ဒါ့အပြင် အခုလို ရှာတွေ့ခဲ့တဲ့ ရတနာဟာ သမိုင်းမှာ ရှာတွေ့ခဲ့တဲ့ တန်ဖိုးအကြီးဆုံး ရတနာတွေထဲက တစ်ခု အဖြစ် သတ်မှတ်ထားခံရပါတယ် ။ လေ့လာ စစ်ဆေးကြည့်တဲ့အခါမှာတော့ ထို ရတနာ ရဲ့ သက်တမ်းဟာ ဘီစီ ( ၁ ) ရာစု တုန်းက ဖြစ်ပြီး ရတနာတစ်ခုလုံးကို ရွှေအဆင်တန်ဆာပေါင်း ( ၂၀၀၀၀ ) ကျော် နဲ့ ဖန်တီးထားပါတယ် ။ shwekhitonlinetv.com

ဒီရတနာတွေကို မင်းသားတစ်ပါး နဲ့ သူ့ရဲ့ မိဖုရား ( ၅ ) ယောက်ကို မြုပ်နှံထားတဲ့ နေရာမှာ ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီရတနာ နဲ့ ဆက်နွှယ်တဲ့ တစ်ခြား ရတနာတွေကိုတော့ တရုတ် ၊ ဂရိ နဲ့ အိန္ဒိယ နိုင်ငံတို့မှာပါ ရှာတွေ့ခဲ့ပါသေးတယ် ။ ထို ရတနာတွေ ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် လက်ဝတ်ရတနာတွေ နဲ့ ရွှေပမာဏ များစွာ ပါဝင်နေတဲ့ ရတနာတွေလည်း ပါဝင်ပါတယ် ။ ယနေ့အချိန် အထိ ထို ရတနာ တွေရဲ့ တန်ဖိုးကို မဖြတ်ထားပဲ ကမ္ဘာအနှံ့မှာရှိတဲ့ ပြတိုက်တွေမှာ ပြသထားတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com


၅ ။ SAN JOSÉ

အခု နောက်ဆုံး ပြောပြပေးမယ့် ရတနာ အကြောင်းကတော့ ကာရေဘီယံ ပင်လယ် အောက်မှာ ရှာတွေ့ခဲ့တဲ့ SAN JOSÉ အမည်ရှိတဲ့ ရတနာ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီရတနာတွေကို တော့ San José လို့ခေါ်တဲ့ သင်္ဘော ပျက် တစ်စင်းထဲမှာ ရှာတွေ့ခဲ့တာဖြစ်ပြီး ရတနာတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ( ၂၂ ) ဘီလီယံ ကျော် တန်ဖိုး ရှိပါတယ် ။ အခုလို ကြီးမားတဲ့ ရှာဖွေမှုကြီးကို ( ၂၀၁၅ ) ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ရှာဖွေမှု အသေးစိတ် အချက်အလက်တွေကို ( ၂၀၁၈ ) ခုနှစ် အထိ လျှို့ဝှက်ထားခဲ့ကြပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယနေ့အချိန်အထိ ထို သင်္ဘောပျက်ထဲမှာ အဖိုးတန်တဲ့ ရတနာပေါင်း များစွာရှိပြီး ဒီ ရတနာတွေကို “holy grail” လို့လည်း ခေါ်ဆိုကြပါသေးတယ် ။ သမိုင်း မှတ်တမ်းတွေ အရ San José သင်္ဘောဟာ ပနားမား ကနေ ကိုလမ်ဘီယာ ကို မောင်းနှင်လာခဲ့ပြီး ( ၁၇၀၈ ) ခုနှစ် ဇွန်လ ( ၈ ) ရက်မှာတော့ ဗြိတိန် နဲ့ စပိန် နိုင်ငံတို့ရဲ့ စစ်ပွဲ မှာ နစ်မြုပ်သွားခဲ့ရပါတယ် ။ San José သင်္ဘော ဟာ ကာရေဘီယံ ပင်လယ်ထဲမှာ နှစ်ပေါင်း ( ၃၀၀ ) ကျော် နစ်မြုပ်နေခဲ့တာဖြစ်ပြီး REMUS 6000 လို့ ခေါ်တဲ့ မောင်းသူမဲ့ ရေအောက် ရှာဖွေရေးယာဉ် ကို အသုံးပြုတော့မှသာ ဒီသင်္ဘောကြီးကို ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ ရတနာသိုက်တွေကို တူးဖော်ရရှိခဲ့တဲ့ ကမ္ဘာတစ်လွှားက ဖြစ်ရပ်မှန်တွေ အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိူး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Be the first to comment
You must log in to post a comment.