လူစိမ်းတွေ အနားကပ်လို့မရတဲ့ ကမ္ဘာ့အကြမ်းဆုံး ဖိုက်တာခွေး (၁၀) ကောင်

ခွေးတွေဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွားကတည်းက လူသားတွေနဲ့ အတူတကွနေထိုင်လာ ကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ခွေးတွေဟာ ညဏ်ရည်မြင့်မားပြီး သစ္စာရှိတာကြောင့် လူသားတွေရဲ့ ကိုယ်ရံတော်၊ သက်တော်စောင့်တွေလို့လည်း ဆိုနိုင်ပါသေးတယ်။ shwekhitonlinetv.com

တစ်ချို့ခွေးတွေဆို အိမ်မွေးတိရစ္ဆာန် အနေနဲ့တင်မကဘဲ စစ်ဘက်ဆိုင်ရာတာဝန်တွေကိုတောင်မှ ထမ်းဆောင်နေကြတာမျိုးတွေရှိပါတယ်။ ကမ္ဘာပေါ်မှာခွေးအမျိုးအစားပေါင်းများစွာရှိသလို သူတို့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့ မွေးမြူကြသူတွေရှိပါတယ်။ shwekhitonlinetv.com

ဒီနေ့တင်ဆက်သွားမယ့် ဆောင်းပါးလေးမှာ ပါဝင်မယ့်ခွေးတွေကတော့ ညဏ်ရည်မြင့်မားပြီး သန်မာလှတယ့် တကယ့်ဖိုက်တာခွေး အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

၁၀။ ကိန်းကော်ဆို (Cane Corso)

ရှေးယခင်ကာလ တွေက ရောမစစ်သားတွေ စစ်ပွဲတွေမှအသုံးပြုခဲ့တဲ့ အီတလီ မက်စ်ဖစ် မျိုးနွယ်ဝင်ခွေးမျိုး ဖြစ်ပါတယ်။ ဒီခွေးတွေဟာချောမွတ်တဲ့ ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားပြီး တစ်ကောင်ကို ပေါင် (၁၁၀) လောက်ထိ အလေးချိန်ရှိတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

သာမန်အားဖြင့်တော့ ဒီခွေးတွေဟာ ရန်လိုတဲ့ သဘာဝမရှိပေမယ့်လည်း သူတို့ရဲ့ သန်မာလှတဲ့ မေးရိုးတွေနဲ့ သွားတွေကတော့ လူစိမ်းတွေကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်တော်တော်များများနဲ့ ဥရောပနိုင်ငံတွေမှာတော့ ဒီခွေးကို မွေးမြူခွင့်မပြုဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၉။ ရော့တ်ဝယ်လာ (Rottweiler)

ရော့တ်ဝယ်လာ (Rottweiler) ခွေးမျိုးတွေဟာ ညဏ်ရည်မြင့်မားပြီး အလွန်ရန်လိုတတ်ပါတယ်။ အိမ်စောင့်ဖို့အတွက် ဆိုရင် အလွန်အသုံးဝင်တဲ့ ခွေးအမျိုးအစားထဲမှာပါပါတယ်။ အမေရိကနိုင်ငံတွေမှာ ခွေးတွေတိုက်ခိုက်လို့သေရတဲ့ လူစာရင်းရဲ့ တဝက်လောက်ကသူတို့ လက်ချက်လို့သိရပါတယ်။ shwekhitonlinetv.com

၈။ ဝုဖ်ဒေါ့ (Wolfdog)

ဝုဖ်ဒေါ့ (Wolfdog) ဆိုတဲ့အတိုင်း ဒီခွေးတွေဟာ ဝံပလွေနဲ့ အိမ်မွေးခွေးရောစပ်ပြီး သားဖောက်ထားတာဖြစ်ပါတယ်။ တောနေဝံပုလွေ နဲ့ သားဖောက်ထားတာကြောင့် တစ်ခါတစ်ရံ အရိုင်းစိတ်ဝင်သွားတဲ့ အချိန်မျိုးတွေမှာ ထိန်းသိမ်းရအရမ်းခက်ပါတယ်။ တစ်ချို့နိူင်ငံတွေမှာ ဒီခွေးအမျိုးအစားတွေကို အိမ်မှာမွေးခွင့် ပိတ်ပင်ထားကြပါတယ်။ shwekhitonlinetv.com

၇။ ကော့ကေးရှန်းရှက်ဖက်ဒ် (Caucasian Shepherd)

ဒီခွေးအမျိုးအစားကို ကော့ကေးရှန်း အော့ဗ်ချာကာ (Caucasian Ovcharka) ဆိုပြီးလူသိများပါတယ်။ ဒီကောင်တွေဟာ ပေါင် ၁၁၀ ရှိတဲ့အထိ ကြီးထွားနိူင်ပါတယ်။ ပျမ်းမျှအသက်ဟာ (၁၀-၁၂) နှစ်အထိရှိပြီး မူရင်းပေါက်ဖွားရာဒေသကတော့ ရုရှားနဲ့ ဥရောပနိူင်ငံတွေလို့သိရပါတယ်။

တောင်ပေါ်ဒေသတွေမှာ အများဆုံး တွေ့ရတဲ့ ဒီခွေးအမျိုးအစားတွေကို တော့ ဝံပုလွေတွေတောင် ကြောက်ကြတယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

၆။ ဖီလာဘရာဇီးလီရို (Fila Brasileiro)

ဘရာဇီးခွေးမျိုးတွေဖြစ်တဲ့ ဒီခွေးအမျိုးအစားတွေကတော့ အရမ်းရန်လိုတတ်ပေမယ့် သခင်တွေကို ကာကွယ်ပေးတဲ့နေရာမှာတော့ ပြိုင်စံရှားပါပဲ။ သူတို့ဟာလည်း ထိန်းရခတ်ပြီး အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ကိုက်ဖြတ်ဖျက်ဆီး တက်ကြပါတယ်။ shwekhitonlinetv.com

၅။ ပစ်ဘူးလ် (Pitbull)

အဆိုတော် Pit Bull မဟုတ်ပါဘူးနော်။ မြန်မာအခေါ် ခွေးဘီလူးလို့ သိထားကြတဲ့ ဒီခွေးအမျိုးအစားကတော့ လူသားတွေကိုတိုက်ခိုက်တဲ့နေရာမှာ တော်တော်လေးနာမည်ကြီးပါတယ်။ လူစိမ်းတွေဆိုရင် အနားကပ်မခံပါဘူး။ ခန္ဓာကိုယ်တောင့်တင်း ကြံ့ခိုင်ပြီး လျင်မြန်ဖျတ်လတ်တာကြောင့် တစ်ချို့နိုင်ငံတွေမှာ ရဲတပ်ဖွဲ့တွေနဲ့ လူဆိုးဖမ်းတဲ့ အချိန် Pit Bull တွေကို အသုံးပြုလေ့ရှိပါတယ်။ shwekhitonlinetv.com

၄။ အလက်စ်ကန်မာလာမြု (Alaskan Malamute)

သူတို့ဟာ ပေါင် (၁၀၀) နီးပါးအထိ ကြီးထွားနိူင်ကြတယ်။ အကြမ်းပတမ်းလည်းတော်တော်ခံပြီး ရာသီဥတုအလွန်ဆိုးရွားတဲ့ နေရာမှာတောင် အသက်ရှင်နေနိူင်ကြပါတယ်။ အများအားဖြင့်တော့ ရေခဲ့ပြင်မှာ စွပ်ဖားလှည်းလေးတွေဆွဲဖို့ အသုံးပြုကြသလို တစ်ချို့တွေကတော့ အမဲလိုက်တဲ့ အခါအသုံးပြုကြပါတယ်။ ဒီခွေးတွေကတော့ ဝက်ဝံတွေကိုတောင် သူသေကိုယ်သေ တိုက်ခိုက်ရဲတဲ့အထိသတ္တိ ရှိကြတာမို့လို့ ‘ဇ’ ကတော့ မသေးလှပါဘူး။ shwekhitonlinetv.com

၃။ ဂရိတ်ဒိန်း (Great Dane)

ဂရိတ်ဒိန်း (Great Dane) ခွေးအမျိုးအစားတွေကိုတော့ အချို့က ဂျာမန်မက်စ်တစ်ဖ် (German Mastiff) (ဒါမှမဟုတ်) ဒန်းနစ်ဟောင်း (Danish Hound) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးအမျိုး အစားဖြစ်ပြီး သူတို့တွေဟာ ပျမ်းမျှ (၄) ပေနီးပါးလောက် ထိအရပ်မြင့်မားကြပါတယ်။ ရှေးယခင် ဂျာမန်တွေက သန်မာဖျက်လက်တဲ့ ဒီခွေးတွေကို တောဝက် နဲ့ သမင်တွေကို အမဲလိုက်တဲ့အခါ အသုံးပြုဖို့ မွေးမြူကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဘူးလ်မက်စ်တစ်ဖ် (Bullmastiff)

ဘူးလ်မက်စ်တစ်ဖ် (Bullmastif) တွေကအားကောင်းတဲ့အခွေအမျိုးအစားတွေဖြစ်ပြီးတော့ အခြားခွေးတွေထက် ပိုပြီး သန်မာကြတယ်။ လုံခြုံရေးအတွက် အပြည့်အဝ စိတ်ချရပြီး သူစိမ်းတွေကို ရန်လိုတတ်ပါတယ်။ သေချာလေ့ကျင့်သင်ကြားပေးရင် ဒီခွေးတွေဟာ အရမ်းနာခံတတ်တာမို့လို့ မွေးမြူချင်စရာကောင်းတဲ့ ခွေးအမျိုးအစားတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဒိုဘာမင် (Doberman)

ဒိုဘာမင် (Doberman) တွေဟာ သူတို့ရဲ့ အနံခံစွမ်းရည်နဲ့ လျင်မြန်မှုတို့ကြောင့်ကျော်ကြားပါတယ်။ ညဏ်ရည်မြှင့်မားပြီးတော့ လုံခြုံရေးအတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ သူတို့တွေကို မွေးမယ်ဆိုရင်တော့ သေချာလေ့ကျင့်သင်ကြားပေးဖို့လိုအပ်ပါတယ်။ သူတို့တွေဟာ အရမ်းရန်လိုတတ်ပြီး ခွေးကြောင့်ဖြစ်တဲ့ မှုခင်းတွေတော်တော်များများဟာ သူတို့တွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ခွေးမျိုးစိတ်တွေထဲကမှ ညဏ်ရည်ညဏ်သွေးမြင့်မားသလို သန်မာမှု နဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကြောင့် နာမည်ကျော် ကြားလှတဲ့ ခွေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုလို စာလေးကို အဆုံးထိဖတ်ရှုပေးတဲ့ ရွှေခေတ်ပရိသတ် တွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။