လူတွေကို လှည့်ဖြားထားတဲ့ အင်တာနက်ပေါ်က ဓာတ်ပုံများ

လူမှုကွန်ယက် မီဒီယာတွေ အားကောင်းလာတဲ့ ဒီနေ့ခေတ်ကာလလို အချိန်မျိုးမှာတော့ နိုင်ငံတကာက သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးက အဆိုးအကောင်း ရောပြွမ်းတည်ရှိနေတက်တဲ့ သဘာဝအရ သတင်းအစစ်အမှန်တွေရှိသလို သတင်းတုတွေနဲ့ ဒုနဲ့ဒေးပါပဲ။ shwekhitonlinetv.com

အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ဖန်တီးထားတဲ့ သတင်းတွေ ဓာတ်ပုံတွေကိုလည်း အသိညဏ်နဲ့ ယှဉ်ပြီးရှောင်ရှားဖို့လိုအပ်ပါတယ်။

အခု ဆောင်းပါးလေးမှာ ဖော်ပြသွားမှာကတော့ အကြောင်းအရင်းသေချာစွာ မသိခဲ့ရင် အစစ်အမှန်လို့ ထင်မှတ်မှားသွားစေမယ့် ဓာတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုပုံတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော် … shwekhitonlinetv.com

၁။ လေပေါ်မှာဝဲပျံနေတဲ့ ထမင်းကြော်

ဒီပုံကိုမြင်လိုက်တာနဲ့ အရင်ဆုံးသင့်အတွေးထဲမှာ ဘယ်လိုစဉ်းစားမိမလဲ ? အနည်းဆုံးတော့ ဒီလိုပုံမျိုးရအောင် အမိအရရိုက်နိုင်တဲ့ ဓာတ်ပုံဆရာကို အထင်ကြီးလေးစားပြီး ချီးကျူးမိမယ်လို့ထင်ပါတယ်။ တကယ်တမ်းတော့ ဒါတွေက အတုတွေဖြစ်ပါတယ်။ shwekhitonlinetv.com

လေပေါ်မှာ ဝဲနေတဲ့ ထမင်းကြော်အတုတွေကို ဟန်ပါပါနဲ့ သရုပ်ဆောင်ထားကာ ရိုက်ကူးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဂျပန်နိူင်ငံ တိုကျိုမြို့မှာ ဒီထမင်းကြော်အတုနဲ့ ဒယ်အိုး လို အရာတွေကို အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်းသိရပါတယ်။ ဒီလိုပုံမျိုးကို ရိုက်ကူးချင်တဲ့ သူတွေရှိရင်တော့ ဂျပန်မှာရှိတဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းသင့်ပါတယ်နော်။ shwekhitonlinetv.com

၂။ ရေထဲက ကလေးငယ်

ဒီပုံလေးကိုတော့ ကလေးငယ်တစ်ယောက် ရေအောက်မှာ ရောက်နေတယ်လို့ ထင်ချင်စရာကောင်းလှပါတယ်။ ဒါပေမဲ့ အင်တာနက် အသုံးပြုသူတွေကတော့ ဒီပုံထဲက မိန်းကလေးရဲ့ ဆံပင်တွေဟာ ခြောက်သွေ့ပြီး ရေမစိုတာကြောင့် ဒီပုံဟာ ပြုပြင်ထားတဲ့ ပုံလို့ ယူဆခဲ့ကြပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ … shwekhitonlinetv.com

၃။ ခိုတွေနဲ့ သူတို့ရဲ့ကားများ

တစ်ခါတစ်ရံမှာတော့ မျက်စိအမြင်မှားချင်းဖြစ်စဉ်ဟာ အမြင်ရှုထောင့်တစ်ခုကြောင့်သာ ကွဲပြားသွားကြတာဖြစ်ပါတယ်။ ဒီပုံမှာဆိုရင် အဆောက်အဦတစ်ခုရဲ့ အစွန်းနားကခိုနှစ်ကောင်ကို အနီးကပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အဆောက်အဦအောက်မှာ ရပ်ထားတဲ့ကားတွေကတော့ ပုံထဲမှာ အမှတ်တမဲ့ကြည့်မယ်ဆိုရင် တစ်မျိုးထင်ချင်စရာဖြစ်သွားခဲ့ပါတယ်။ ဒီလိုထင်အောင်လည်း အဆောက်အဦအစွန်းနေရာတွေကို လမ်းနဲ့တစ်ထပ်တည်းကျအောင် အနည်းငယ်ပြုပြင်ထားပါတယ်။ shwekhitonlinetv.com

၄။ မီးရှူးမီးပန်းများ

အပေါ်ကပုံကတော့ အင်တာနက်ပေါ်မှာ ဖော်ပြထားတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နှစ်သစ်ကူးည မီးရှူးမီးပန်းတွေ ပစ်ဖောက်နေတဲ့ပုံဖြစ်ပါတယ်။ တကယ်တော့ ဒီပုံက ဖန်တီးထားတဲ့ ဓာတ်ပုံအတုပါ။ နဂိုရှိပြီးသားပုံကို Photoshop နဲ့ ပြုပြင်ပြီးတော့ တင်ထားကြတာပါ။ shwekhitonlinetv.com

တကယ်တော့ နှစ်သစ်ကူး (New Year) ညမှာ အီဖယ်လ် (Eiffel Tower) ကပဲအရင်ဆုံး မီးရှူးတွေပစ်ဖောက်တာပါ။ ဒါပေမဲ့ပုံထဲမှာတော့ မီးရှူးမီးပန်းတွေ နေရာစုံကနေ ပစ်ဖောက်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ လေပေါ်မျောနေတဲ့ သင်္ဘောများ

ဒီပုံကိုကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို ဆိုးရွားတဲ့ Photoshop ဖန်တီးမှုတစ်ခုလို့ထင်ချင်စရာကောင်းလှပါတယ်။ တကယ်တော့ ဒါကပြုပြင်ထားခြင်းမရှိတဲ့ မူရင်းပုံကို မြင်တွေ့နေရတာဖြစ်ပါတယ်။ shwekhitonlinetv.com

အလင်းဟာ တစ်ခါတစ်ရံ ကွဲပြားခြားနားလှတဲ့ အပူချိန်ရှိတဲ့ လွင်ပြင်တွေကိုဖြတ်ကျော်လာတဲ့အခါမှာတော့ အမြင်အာရုံဆိုင်ရာ လွဲမှားမှုတွေကို့ဖြစ်ပေါ်စေတက်ပါတယ်။ ဒါကြောင့် အခုလိုမျိုး ပြုပြင်ထားခြင်းမရှိပေမယ့် ပုံတွေကိုကို့ယို့ကားယား မြင်တွေ့ရတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဝေလငါးကျောရိုးပေါ်က ငါးမန်းသွား

အပေါ်ကပုံကိုကြည့်မယ်ဆိုရင် ဝေလငါးကျောရိုးပေါ်မှာ မဂ္ဂါလိုဒွန် (Megalodon) ငါးမန်းရဲ့သွား စိုက်ဝင်နေတာကိုတွေ့နိူင်ပါတယ်။ ဒါပေမဲ့ ဝေလငါးကျောရိုးနဲ့ ငါးမန်းရဲ့သွားကို တစ်နေရာစီမှာ တွေ့ခဲ့ကြတာပါ။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတစ်ယောက်က ဒီအရိုးနှစ်ခုကို ပေါင်းပြီး ပုံမှာမြင်ရတဲ့အတိုင်း ထုလုပ်ခဲ့ပါတယ်။ shwekhitonlinetv.com

တကယ်လို့သာ ဝေလငါးကျောရိုးပေါ်က မဂ္ဂါလိုဒွန် (Megalodon) ငါးမန်းရဲ့သွားစိုက်ဝင်နေတာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိမှာပါ။ ဒါပေမဲ့ ဒီတခုကလူတွေ ပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့ ဒေါ်လာ ၁၂၅ နဲ့ပဲ ရောင်းထွက်ခဲ့ပါတယ်။ shwekhitonlinetv.com

၇။ မြို့ထဲကပိုလာဝက်ဝံ

ဒီပုံကတော့ တကယ်ရိုက်ကူးထားတဲ့ပုံပါ။ ပြုပြင်ထားခြင်းမရှိပါဘူး။ ဒီပုံကိုချက်နိူင်ငံရဲ့မြို့တစ်မြို့ပေါ်မှာရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပိုလာဝတ်ဝံကတော့တကယ်အစစ်မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အရေး တတ်ကြွလှုပ်ရှားသူတွေက ဝတ်ဝံပုံ ဝတ်စုံဝတ်ထားကြတာပါ။ shwekhitonlinetv.com

ဒီလှုပ်ရှားမူဟာ Save the Arctic (အာတိတ်ရေခဲပြင်ကိုကာကွယ်ပါ) အတွက် ရည်ရွယ်တာလည်းဖြစ်တယ်လို့ သိရပါတယ်။

၈။ ထူးခြားနေတဲ့ စက်ဘီးပုံ

ဒီပုံလေးကို ရုတ်တရက် ကြည့်လိုက်ရင် စက်ဘီးရဲ့ နောက်ဘီးခွေက ပိန်နေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အောက်က ရေထဲက အရိပ်ကတော့ စက်ဘီးက ပုံမှန်အတိုင်း ရှိနေပါတယ်။ ဒီဓာတ်ပုံက ပြုပြင်ထားတာလား ဒါမှမဟုတ် အလင်းကြောင့် ဖြစ်တာလားဆိုတာ ဝေခွဲကြည့်ပါဦးနော်။ shwekhitonlinetv.com

၉။ လည်နေတဲ့ ပုံ

ဒီပုံလေးကို ရုတ်တရက်ကြည့်ရင် လည်နေတယ်လို့ ထင်ရပါတယ်။ ဗီဒီယို တစ်ခုလို လှုပ်ရှားနေတာကို တွေ့ရပါတယ်။ တကယ်တော့ ဒီပုံက လှုပ်ရှားမှု မရှိဘဲ၊ လူတွေရဲ့ မျက်လုံးထဲမှာတော့ လည်နေတယ်လို့ပဲ ထင်နေကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဂိမ်းထဲမှာလား အပြင်မှာလား

ဒီပုံလေးကို အင်တာနက်ပေါ် တင်လိုက်ချိန်မှာတော့ အကုန်လုံးက ဗီဒီယို ဂိမ်းထဲက ပုံလို့ ထင်မြင်သွားကြပါတယ်။ တကယ်တော့ နေ့လည်အချိန်မှာ နေက အပေါ်တည့်တည့်မှာ ရောက်နေတာကြောင့် အရိပ်ပျောက်သွားတာဖြစ်ပါတယ်။ အရိပ်ပျောက်သွားချိန်မှာ အချိန်ကိုက် ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်တာကြောင့် အခုလို အမြင်မှားသွားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစာလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။