ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့သူ လယ်သမား

ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်တဲ့ လယ်သမားတစ်ဦးဟာ သူ့ရဲ့ချယ်ရီခြံထဲမှာ ရောမခေတ်ကအသုံးပြုခဲ့တဲ့ ကြေးဝါ နှင့် ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ရတနာတွေထဲမှာတော့ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

Ance France Press သတင်းဌာနရဲ့အဆိုအရတော့ အဆိုပါလယ်သမားနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံ Aargau မြောက်ပိုင်း Frick မြို့အနီးတစ်ဝိုက်ဟာ ရှေးခေတ်ရောမလူမျိုးတွေ အခြေချနေထိုင်သွားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတဲ့ လယ်သမားဟာ တောက်ပတဲ့ရှေးခေတ်သုံးဒင်္ဂါးအချို့ကို တွေ့ရှိပြီးတဲ့အချိန်မှာတော့ ဒေသဆိုင်ရာ ရှေးဟောင်းသုတေသန အဖွဲ့ကိုဆက်သွယ်ခဲ့ပြီး ကျန်ရှိနေတဲ့ဒင်္ဂါးတွေကို ဆက်လက်ရှာဖွေမှုတွေပြုခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

သားရေအိတ်ငယ်တွေနဲ့ထည့်ထားတဲ့ ဒီဒင်္ဂါးပြားတွေကုန်စင်အောင်ရှာဖွေဖို့အတွက်တော့ သူတို့ဟာ လပေါင်းများစွာအချိန်ယူခဲ့ရတယ်လို့သိရပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ဒင်္ဂါးပြားတွေထဲက အချို့ကတော့ ကြေးဝါနဲ့ပြုလုပ်ထားတာဖြစ်ပြီး အချို့ကတော့ ငွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

စုစုပေါင်း၊ ရတနာသိုက်ရဲ့ အလေးချိန်ဟာ ၁၅ ကီလိုဂရမ် (၃၃ ပေါင်) ရှိပြီး ဧကရာဇ် အော်ရယ်လီယမ် (အေဒီ ၂၇၀ မှ ၂၇၅) ရဲ့ ရှေးဟောင်းရောမဒင်္ဂါးပြားတွေပါ ပါဝင်နေပါတယ်။ Rhine ပြည်နယ်များကို ဂျာမန်ကျူးကျော်ခြိမ်းခြောက်မှုကနေ လွတ်မြောက်ရန်ပေးဆောင်ဖို့ သိုလှောင်ထားတဲ့ ဧကရာဇ်မက်စီမီယမ် (အေဒီ ၂၈၆ မှ ၃၀၅) ရဲ့ ဒင်္ဂါးပြားတွေလည်းပါဝင်နေတယ်လို့ သုသေသနပညာရှင်တွေကဆိုပါတယ်။ shwekhitonlinetv.com

ဒီ ဒင်္ဂါးပြားများတွေ့ရှိမှုကို အခြေခံပြီးနောက်ဆက်တွဲလေ့လာမှုတွေအရတော့ ဒီဒေသဟာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး ကြီးမားတဲ့ရောမလူမျိုးစုတွေအခြေချနေထိုင်ခဲ့တဲ့ ဒေသတစ်ခုဖြစ်နိုင်ကြောင်း ယူဆခဲ့ကြပါတယ်။ နောက်ပြီး ဒီနေရာမှာ သံသတ္တရိုင်းလည်းကြွယ်ဝစွာထွက်ရှိခဲ့မယ်လို့ ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com

ရတနာသိုက်ကို ဖွေတွေ့ရှိခဲ့တဲ့လယ်သမားဟာ ဆုကြေးငွေမြောက်မြားစွာကို ရရှိမှာဖြစ်ပေမယ့် ဒင်္ဂါးပြားတွေ အကုန်လုံးကိုတော့ ဆွစ်ဇာလန်ဥပဒေအရ အများပိုင်ပစ္စည်းအဖြစ် Aargau က Vindonissa de Brugg ပြတိုက်မှာ ဆက်လက်ထားရှိပြသသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။