အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ဆယ်စုနှစ် (၂) ခုလောက်ကြာသွားတဲ့အချိန်မှာတောင်မှ ထူးထူးခြားခြား ရုပ်ရည်ပြောင်းလဲသွားခြင်းမရှိတဲ့ ကမ္ဘာကျော်ဆယ်လီတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဘယ်သူတွေများဖြစ်မလဲ ကြည့်လိုက်ပါဦးနော် …..
၁။ အသက် (၅၃) နှစ်ရှိ ပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ် (၂၀) တုန်းကရုပ်နဲ့သိပ်မကွာတဲ့ ဂျနီဖာလိုပက်ဇ်။ shwekhitonlinetv.com

၂။ အသက် (၄၄) နှစ်ရှိပြီဆိုတာ ဘယ်လိုမှထင်စရာမရှိတဲ့ Maroon 5 အဖွဲ့မှ အဒမ်လီဗိုင်း။ shwekhitonlinetv.com

၃။ အသက် (၁၉) နှစ်အရွယ် Destiny’s Child အဖွဲ့မှ ဘီယွန်းဆေးရဲ့ရုပ်ရည်ဟာ ယခု အသက် (၄၁) နှစ်ရှိသည့်တိုင်များစွာပြောင်းလဲခြင်းမရှိတာအမှန်ပါ။ shwekhitonlinetv.com

၄။ ဒန်နီယယ်ဒေကင် က အသက် (၅၄) နှစ်ရှိပြီဆိုတာဟုတ်ပါ့မလား။ shwekhitonlinetv.com

၅။ ဆယ်ကျော်သက်ဘဝက ပုံရိပ်နဲ့ ယနေ့လက်ရှိပုံရိပ် ကွာခြားမှုသိပ်မရှိတဲ့ ရီဟားနား။ shwekhitonlinetv.com

၆။ အသက် (၅၄) နှစ်ရှိပြီဖြစ်တဲ့ ပေါလ်ရုဒ် ။ သူကလည်း ငယ်စဉ်ကရုပ်မပျောက်သေးသလိုပါပဲ။ shwekhitonlinetv.com

၇။ ဘီယန်ကာလောဆင် ကတော့ ၂၀၀၃ ကရုပ်ထက် ၂၀၂၃ ကရုပ်ကတောင် ပိုနုပျိုနေတယ်ထင်ရပါတယ်။ shwekhitonlinetv.com

၈။ ကီရာနိုက်တလေရဲ့ ရုပ်ရည်ကလည်း Pirate of the Caribbean ဇာတ်ကားစရိုက်စဉ် ဆယ်ကျော်သက်ဘဝကအတိုင်း ပျိုမြစ်ဆဲပါပဲ။ shwekhitonlinetv.com

၉။ အသက် (၅၃) နှစ်ရှိပြီဖြစ်တဲ့ ဂွမ်းစတက်ဖနီ ရဲ့ရုပ်ရည်ကတော့ အံ့သြစရာကောင်းလောက်အောင်ကို နုပျိုလွန်းလှပါတယ်။ shwekhitonlinetv.com

၁၀။ မုတ်ဆိတ်မွှေး ပသိုင်းမွှေးတွေသာရိတ်လိုက်ရင် ကီနူးရိဗ်ရဲ့ရုပ်ရည်က (၅၈) နှစ်ဆိုတာကိုဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ပါဘူး။ shwekhitonlinetv.com

၁၁။ အရာအားလုံးပြောင်းလဲသွားပါစေ။ ဆရာကြီး စနုဒေါ့ကတော့ ပရိသတ်တွေရှေ့စတင်ရောက်လာချိန်တုန်းကလို ဘာတစ်ခုမှမပြောင်းလဲပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.