ဆိုလာလျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Lightyear ဟာ တစ်ခါအားသွင်းထားရင် (၇) လလောက်ထပ်မံအားသွင်းဖို့မလိုတဲ့ ၎င်းတို့ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ လျှပ်စစ်ကားကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလျှပ်စစ်ကားရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၂၅၄,၀၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာ ပိုက်ဆံရှိလူတန်းစားတွေအတွက်တော့ မပြောပလောက်တဲ့ပမာဏဖြစ်ပေမယ့် လူူတန်းစားမရွေးဝယ်ယူအသုံးပြုနိုင်ဖို့ကတော့ အတော်လေးကို အလှမ်းကွာဝေးတဲ့ ဈေးနှုန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် Lightyear အနေနဲ့ လာမယ့် ၂၀၂၄ (သို့မဟုတ်) ၂၀၂၅ ခုနှစ်မှာ ယခုလိုကားမျိုးကို အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ဝန်းကျင်နဲ့ ဝယ်ယူနိုင်အောင် ကြိုးပမ်းထုတ်လုပ်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

သယ်ယူပို့ဆောင်ရေးကဏ္ဍဟာအခြားကဏ္ဍတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ပိုမိုထုတ်လွှတ်လျက်ရှိပြီး ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကလက်သည်တရားခံဖြစ်လို့နေပါတယ်။ ဒါကြောင့် ခေတ်ရှေ့ပြေးတဲ့ မော်တော်ယာဉ်ကုမ္ပဏီတွေကတော့ လျှပ်စစ်ကားတွေကို ပုံစံမျိုးစုံနဲ့ အပြိုင်အဆိုင်ထုတ်လုပ်လာကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Lightyear ကုမ္ပဏီဟာ နယ်သာလန်နိုင်ငံ Eindhoven University of Technilogy ကကျောင်းသား (၅) ဦးစုပေါင်းတည်ထောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူတို့အနေနဲ့ ၂၀၁၃ တုန်းက World Solar Challenge မှာ မိုင် (၂၀၀၀) လောက်အကွာအဝေးအထိသွားနိုင်တဲ့ ဆိုလာကားတစ်စီးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီးနောက် နှစ်အနည်းငယ်အကြာမှာ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ပိုမိုအရှိန်မြှင့်အကောင်အထည်ဖော်နိုင်ဖို့အတွက် Lightyear ကိုတည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာသူတို့ရဲ့ ကားက ဈေးနှုန်းမြင့်မားလှပြီး တော်တန်ရုံလူတန်းစားတွေအတွက် လက်လှမ်းမမီနိုင်သလို နေရာတိုင်းမှာလည်း အရေးပေါ်အားသွင်းနိုင်မယ့် Center တွေမရှိသေးပါဘူး။ လာမယ့်အနာဂတ်မှာတော့ ပိုမိုဈေးသက်သာမယ့် ဆိုလာဆဲလ်တွေနဲ့ ကောင်းမွန်သန့်ရှင်းတဲ့ စွမ်းအင်တွေကိုပေးစွမ်းနိုင်မယ့် နည်းတွေကိုစမ်းသပ်နေပြီး နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်ထဲရောက်ရှိလာဖို့ရှိနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.