ကမ္ဘာတဝှမ်းက အသက်အန္တရာယ် အများဆုံး အလုပ် (၁၀) မျိုး

အလုပ်အကိုင်ကောင်းတွေကို ရှာဖွေနေပါသလား။ အခုဖော်ပြပေးမယ့်အလုပ်တွေကို လုပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ နှစ်ခါပြန်စဥ်းစားဖို့ လိုပါလိမ့်မယ်။ တချို့အလုပ်အကိုင်တွေဟာ ဝင်ငွေကောင်းရုံသာမက အန္တရာယ်နဲ့လည်း အရမ်းကို နီးကပ်လွန်းလှပါတယ်။ ဝင်ငွေတခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ ရေရှည်လုပ်ကိုင်နိုင်ဖို့ မလွယ်ကူလှတဲ့ အလုပ်တွေပါ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အသက်အန္တရာယ်နဲ့ အရမ်းကို နီးကပ်လွန်းတဲ့ ကမ္ဘာတလွှားက အလုပ်အကိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁၀။ ဆောက်လုပ်ရေးလုပ်သားများ

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ စိတ်ချရတဲ့ အသုံးအဆောင် ပစ္စည်းတွေ တပ်ဆင်သော်ငြားလည်း လုပ်ငန်းခွင်မတော်တဆမှုဟာ နှစ်စဥ်များပြားလျက်ရှိပါတယ်။ လေးလံတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို အထပ်မြင့်အဆောက်အဦးတွေဆီ သယ်ဆောင်ကာ တပ်ဆင်ရတာဟာ ထင်သလောက် မလွယ်ကူပါဘူးနော်။ နောက်ထပ်အန္တရာယ်တွေကတော့ ထုတ်တန်းတွေ နံရံတွေ ပြိုကျတဲ့ မတော်တဆမှုတွေပဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၃၁,၀၀၀ ကနေ ၇၀,၀၀၀ ထိရှိပါတယ်။ shwekhitonlinetv.com

၉။ သယ်ယူပို့ဆောင်သူများ

ကမ္ဘာတဝှမ်းမှာရှိတဲ့ အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးသူများရဲ့ အလုပ်ဟာ အန္တရာယ်အရှိဆုံး အလုပ်ထဲမှာ ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်အရောက်ဝန်ဆောင်မှုပေးတဲ့အခါ အကြမ်းဖက်ခံရနိုင်ချေ မြင့်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်နဲ့ရင်းပြီး အမြန်ဆုံးရောက်အောင် မောင်းနှင်ရတဲ့အတွက် မမျှော်လင့်ထားတဲ့ အက်စီးဒင့်တွေကိုလည်း ကြုံနိုင်ပါသေးတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုကတော့ ခန့်မှန်းချေ ဒေါ်လာ ၂၇,၀၀၀ ကနေ ၃၅,၀၀၀ ထိ ဝင်ငွေရရှိပါတယ်။ shwekhitonlinetv.com

၈။ နွားရိုင်းစီးသူ

ဒီလုပ်ငန်းကတော့ ၉၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေမှာ ပေါ်ပြူလာဖြစ်လာတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။​ နွားရိုင်းရဲ့ ကျောပေါ်ကနေ ၈ စက္ကန့်လောက် ထိန်းထားပြီး လှည့်ပတ်စီးပြနိုင်ရုံနဲ့ ဝင်ငွေကောင်းကောင်းရရှိတာကြောင့် လူကြိုက်များတဲ့ အသက်မွေးဝမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကျိုးဆက်ကို ကြည့်မယ်ဆိုရင်တော့ ဒါဟာ မထိုက်တန်ဘူးလို့ ဆိုရမှာပါ။ လေ့လာတွေ့ရှိချက်များအရ နွားရိုင်းစီးသူ ၁၅ ယောက်မှာ ၁​ ယောက်ဟာ ထိခိုက်လေ့ရှိတယ်လို့ တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူများဟာ ခါးရိုးကျိုးခြင်း ၊ ဦးခေါင်းထိခိုက်ပြီး သတိမေ့ခြင်းများထိ ဖြစ်တတ်ကြပါတယ်။ နွားရိုင်းစီးသူများကတော့ ခန့်မှန်းချေ ဒေါ်လာ ၁၀၇,၀၀၀ ထိ ရရှိပါတယ်။ shwekhitonlinetv.com

၇။ တောင်တက်လမ်းပြ

တောင်တက်လမ်းပြ အလုပ်ကတော့ တောင်တက်သူတွေအတွက် လမ်းညွှန်တဲ့သူတယောက်အဖြစ်သာမက ခရီးသွားတွေရဲ့ ဝန်စည်တွေကိုပါ သယ်ယူပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်လမ်းတွေကို ကြိုတင်ပြီး သွားလာကြည့်ရှူထားရပါတယ်။ ဒါမှသာ ခရီးသွားတွေအတွက် ဘယ်လမ်းကြောက အသင့်တော်ဆုံးလဲဆိုတာ ပြသနိုင်မှာပါ။ ခရီးသွားတွေအတွက် လုံခြုံမှုကိုလည်း တာဝန်ယူပေးရတာကြောင့် တာဝန်ကြီးတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ တောင်တက်လမ်းပြလုပ်သူတွေရဲ့ ပျမ်းမျှလစာကတော့ ဒေါ်လာ ၇၀,၀၀၀ ခန့်ရှိပါတယ်။ shwekhitonlinetv.com

၆။ Microchip ထုတ်လုပ်သူ

ဖုန်းနဲ့ လက်ပ်တော့ အသုံးပြုရတာဟာ ပျော်စရာကောင်းသလို ဖုန်းနဲ့ လက်ပ်တော့ ထုတ်လုပ်တဲ့ သူတွေကို ပေးရတဲ့ စျေးနှုန်းကလည်း တကယ့်ကို များပြားလှပါတယ်။ ကွန်ပျူတာ chip ထုတ်လုပ်ရာမှာ arsenic ကဲ့သို့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်ရပါတယ်။ အဆိုပါ Microchip တွေဟာ ရုတ်တရက် သေစေနိုင်တဲ့အထိ အန္တရာယ်မမြင့်မားပေမဲ့လည်း ရေရှည်အတွက်တော့ ဆိုးကျိုးများစေတဲ့ အရာတွေပါ။ shwekhitonlinetv.com

Microchip ထုတ်လုပ်တဲ့သူတွေအတွက် ရေရှည်ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေကတော့ ကိုယ်ဝန်ပျက်ကျစေနိုင်ခြင်း ၊ မွေးလာတဲ့ ကလေးငယ်တွေမှာ ချို့ယွင်းချက် ပါလာနိုင်ခြင်း ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ ကင်ဆာရောဂါတွေထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Microchip ထုတ်လုပ်သူတွေဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းရဲ့ နံပါတ် ၆ နေရာကို ရောက်ရှိနေခြင်းပါ။ သူတို့ရဲ့ ခန့်မှန်းချေလစာကတော့ ဒေါ်လာ ၆၁,၀၀၀ ရှိပါတယ်။ shwekhitonlinetv.com

၅။ စစ်သတင်းထောက်

အသက်အန္တရာယ်နဲ့ အရမ်းကို နီးကပ်နေတဲ့ ဒီအလုပ်ဟာ ဆရာဝန်လုပ်ငန်း နဲ့တန်းတူ အရေးပါတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ စစ်သတင်းထောက်တယောက်အနေနဲ့ ပြန်ပေးဆွဲခံရခြင်း ၊ ညှဥ်းပန်းနှိပ်စက်ခံရခြင်းနဲ့ သတ်ဖြတ်ခံရတဲ့အထိ အန္တရာယ်ကြီးမားပါတယ်။ စစ်ပွဲအလယ်ကို ရောက်ရှိနေတဲ့အချိန်မှာ စစ်သတင်းထောက်အဖြစ် ရှိနေတော့မှာမဟုတ်ပဲ ရန်သူတယောက်အဖြစ်သာ ဖြစ်နေတော့မှာပါ။ စစ်သတင်းထောက်တယောက်ရဲ့ လစာကတော့ ခန့်မှန်းချေ ဒေါ်လာ ၃၆,၀၀၀ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ရေနံတူးလုပ်သားများ

ကမ်းရိုးတန်းရှိ ရေနံတူးစင်များမှာ အလုပ်လုပ်ကိုင်ရခြင်းဟာ ကမ္ဘာ့လောင်ကျွမ်းမှု အများဆုံးသော ပစ္စည်းများကို ကိုင်တွယ်အလုပ်လုပ်ရခြင်းဖြစ်ပါတယ်။ ကမ်းရိုးတန်း ရေနံတူးလုပ်သားများဟာ ၁၆ နာရီဆက်တိုက် အလုပ်လုပ်ကိုင်ရသလို တခါတလေမှာ တစ်ည ဒါမှမဟုတ် နှစ်ည ဆက်တိုက် မအိပ်ပဲ အလုပ်လုပ်ကြရပါတယ်။ ရေနံတူးလုပ်သားများအတွက် မီးလောင်ကျွမ်းခြင်း နဲ့ ကြီးမားတဲ့ စက်ကိရိယာများကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်ဆီးခြင်းဆိုတဲ့ အန္တရာယ်တွေနဲ့ နေ့စဥ်ရင်ဆိုင်နေကြရတာပါ။ သူတို့ရဲ့ လစာကတော့ ဒေါ်လာ ၇၀,၀၀၀ ကနေ ၁၄၀,၀၀၀ ထိ ရှိပါတယ်။ shwekhitonlinetv.com

၃။ မိကျောင်း နပန်းသမား

မိကျောင်းနပန်းသမားတွေရဲ့ အလုပ်ကတော့ တိရိစ္ဆာန်ရုံက မိကျောင်းတွေနဲ့ ဆော့ကစားပြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်ကိုရင်းကာ မိကျောင်းပါးစပ်ထဲ ကိုယ်တခြမ်းဝင်ပြခြင်း ၊ မိကျောင်းအမြှီးကို ဆွဲယူကာ ကစားခြင်း နဲ့ အခြားရူးလောက်စရာ ကစားနည်းတွေကို လုပ်ဆောင်ပြရတာ ဖြစ်ပါတယ်။ သူတို့ ဆော့ကစားနေတဲ့အချိန်မှာ မိကျောင်းတွေဟာ အိပ်စက်နေတာမျိုးမဟုတ်ပဲ ပြန်လည်တိုက်ခိုက်တတ်တာကြောင့် တော်တော်ကို အန္တရာယ်များတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝင်ငွေကိုတော့ သိရခြင်း မရှိပါဘူး။ shwekhitonlinetv.com

၂။ သစ်ခုတ်သမား

သစ်ပင်ခုတ်ခြင်းအလုပ်ဟာ တခြားသော အလုပ်များထက် အဆပေါင်းများစွာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ နေ့စဥ်နဲ့အမျှ လွှစက်လို အန္တရာယ်များတဲ့ စက်ပစ္စည်းတွေသာမက သစ်ပင်ပြိုလဲခြင်းလို အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရတဲ့ အလုပ်ပါ။ သစ်ခုတ်သမားတွေရဲ့ အသက်အန္တရာယ်ဆုံးရှုံးမှု အများဆုံးကတော့ စက်ပစ္စည်းချို့ယွင်းချက်ကြောင့်နဲ့ သစ်ပင်ပိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သူတို့ရဲ့ လခကတော့ ဒေါ်လာ ၃၆,၀၀၀ ကနေ ၄၁,၀၀၀ ဝန်းကျင်ရှိပါတယ်။ shwekhitonlinetv.com

၁။ ငါးဖမ်းသမား

ငါးဖမ်းခြင်းအလုပ်ဟာ ငြိမ်းချမ်းပြီး စိတ်ငြိမ်သက်စေတဲ့ အလုပ်ဆိုကာ အခုခေတ်မှာတော့ ငါးမျှားတံတချောင်းနဲ့ ငါးဖမ်းထွက်ကာ အပန်းဖြေသူတွေ ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့​ ဒီအယူအဆဟာ လုံးဝကို မှားယွင်းနေတာ ဖြစ်ပါတယ်။ ငါးဖမ်းခြင်းအလုပ်ဟာ ဆိုးဝါးတဲ့ ရာသီဥတုကို ရင်ဆိုင်ရရုံသာမက စက်ပစ္စည်းချို့ယွင်းချက်နဲ့ အခြားသော သယ်ယူပို့ဆောင်မှု ပြဿနာများလည်းရှိနေပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းက ကမ္ဘာ့အသက်အန္တရာယ်အရှိဆုံး အလုပ်များရဲ့ နံပါတ်တစ်နေရာကို ရောက်ရှိနေခြင်းလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၃၀,၀၀၀ ခန့်မှန်းချေ ရရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။