ဘီလျံနာ သူဌေးအရေအတွက် အများဆုံး ရှိတဲ့ နိုင်ငံ (၇) နိုင်ငံ

ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါွဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ အချမ်းသာအကြွယ်ဝဆုံး ဘီလျံနာ သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာ ဘီလျံနာသူဌေးတွေ ဘယ်လောက်တောင် နေထိုင်ကြလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော် ….. shwekhitonlinetv.com

၇။ ပြင်သစ်
ဘီလျံနာ = (၆၀) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၂၁၉) ဘီလီယံ

နာမည်ကျော် ဖက်ရှင်အသုံးအဆောင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ LVMH တည်ထောင်သူ နှင့်အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Bernard Arnault တို့လို ပြင်သစ်ဘီလျံနာတွေ နေထိုင်ပါတယ်။ ဒါ့အပြင်ကမ္ဘာတစ်ဝှမ်းက ဇိမ်ခံပစ္စည်းနဲ့ ဖက်ရှင်လုပ်ငန်းတွေမှာ အောင်မြင်မှုများစွာရရှိနေတဲ့ သန်းကြွယ်သူဌေးအများစုဟာလည်း ပြင်သစ်မှာ နေထိုင်ကြပါတယ်။ shwekhitonlinetv.com

၆။ အိန္ဒိယ
ဘီလျံနာ = (၈၇) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၃၁၄) ဘီလီယံ

အိန္ဒိယနိုင်ငံရဲ့ ချမ်းသာကြွယ်ဝသူတွေဟာ တိုင်းပြည်ရဲ့စုစုပေါင်း ကြွယ်ဝချမ်းသာမှု (၇၃) ရာခိုင်နှုန်းလောက်အထိကို ပိုင်ဆိုင်ထားကြတယ်လို့သိရပါတယ်။ မွမ်ဘိုင်းမြို့ကတော့ လူချမ်းသာတွေအများဆုံးနေထိုင်တဲ့မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဆွစ်ဇာလန်
ဘီလျံနာ = (၁၀၀) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၂၇၄) ဘီလီယံ

ကမ္ဘာပေါ်က အချက်အချာအကျဆုံး ရုံးချူပ်တွေအခြေစိုက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ရေမြေသဘာဝများနဲ့ ဆွစ်ဇာလန် နိုင်ငံဟာလည်း ဘီလျံနာ တွေကို အခြေချနေထိုင်ဖို့ အတွက်လုံလောက်တဲ့ ဆွဲဆောင်မှုရှိလို့နေပါတယ်။ ဒါ့အပြင် ကုန်ကြမ်းအများစုကို ကုန်ချောပြုလုပ်ပြီး ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ဒီနိုင်ငံမှာ လာရောက်နေထိုင်ကြပါသတဲ့။ shwekhitonlinetv.com

၄။ ရုရှား
ဘီလျံနာ = (၁၁၄) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၃၉၀) ဘီလီယံ

ရုရှားမှာရှိတဲ့ ဘီလျံနာအားလုံးနီးပါးကတော့ ရုရှား နိုင်ငံသားစစ်စစ်တွေဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Leonid Mikhelson အပါအဝင် ရုရှားဘီလျံနာတစ်ဝက်ကျော်လောက်ကတော့ မော်စကိုမြို့မှာနေထိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ ဂျာမဏီ
ဘီလျံနာ = (၁၅၃) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၄၇၇) ဘီလီယံ

ဥရောပရဲ့ စက်မှုလက်မှုထွန်းကားလှတဲ့ ဂျာမနီနိုင်ငံကတော့ ဒီစာရင်းမှာ အဆင့် (၃) ချိတ်ပါတယ်။ ဂျာမနီမှာရှိတဲ့ ဘီလျံနာတွေက တစ်ဦးချင်းပိုင်ဆိုင်မှု မြင့်မားလှတဲ့ ဘီလျံနာတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ တရုတ်
ဘီလျံနာ = (၃၄၂) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၁.၁) ထရီလီယံ

တရုတ်နိုင်ငံမှာတော့ ဟန်ကျိုးနဲ့ ရှန်ဇန် မြို့တွေဟာ ကြွယ်ဝချမ်းသာသူအများစုနေထိုင်ရာ မြို့ကြီးတွေဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရေ​မြေသဘာဝတို့ကြောင့် အခုနောက်ပိုင်း ဘီလျံနာတွေဟာ တရုတ်နိုင်ငံမှာ လာရောက်နေထိုင်ကြတာဖြစ်တယ်လို့လာ်းသိရပါတယ်။ shwekhitonlinetv.com

၁။ အမေရိကန်
ဘီလျံနာ = (၇၈၈) ဦး
ကြွယ်ဝမှုစုစုပေါင်း = (၃.၄) ထရီလီယံ

ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးနဲ့ အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကတော့ အချမ်းသာဆုံး ဘီလျံနာတွေအများဆုံးနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ သူဌေးတွေရဲ့ ကြွယ်ဝမှုစုစုပေါင်းကတော့ ဒီစာရင်းမှာ ပါဝင်တဲ့ ကျန်နိုင်ငံ အားလုံးပေါင်းထက်တောင် ပိုများလို့နေပါတယ်။
နယူးယောက်မြို့၊ ဆန်ဖရန်စစ္စကိုနှင့်လော့စ်အိန်ဂျယ်လိစ်မြို့တွေကတော့ ဘီလျံနာအများစုနေထိုင်တဲ့မြို့ကြီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရှုပြီးအားလုံးကျေနပ်ကြမယ်လို့ ထင်ပါတယ်။ နောက်ထပ်လည်း ဒီလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေ ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက် စောင့်စား အားပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။