မကောင်းဆိုးဝါးတစ်ကောင် ရေးသား ခဲ့တဲ့ ထူးဆန်းသော စာအုပ်ကြီး

ရွှေခေတ်ပရိသတ်တွေထဲမှာ မကောင်းဆိုးဝါး နာနာဘာဝတွေ၊ ပရလောကသားတွေနေနဲ့ အပြင်လောကမှာ တကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့ သူတွေရှိကြလားမသိဘူးရှင့်။ shwekhitonlinetv.com

ဘာလို့ အခုလိုမေးရသလဲဆိုတော့ အခုဖော်ပြပေးမယ့် အကြောင်းအရာက မကောင်းဆိုးဝါးတွေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုမို့လို့ပါပဲ။ နောက်ပြီးတော့ ဒါက တကယ်ကိုထူးဆန်းတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာတစ်ဝှမ်းကလူအတော်များများက ဒီဖြစ်ရပ်ကို ဖြစ်ရပ်မှန်အနေနဲ့ လက်ခံထားကြတယ်ဆိုပေမယ့် ရွှေခေတ်ပရိသတ်တွေကိုတော့ မိမိ ဦးနှောက်နဲ့သာ စဥ်းစားချင့်ချိန်ပြီးမှ ယုံသင့်မယုံသင့် ကို ဆုံးဖြတ်စေချင်ပါတယ်။ ကဲ ဒါဆိုရင်အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်နော် shwekhitonlinetv.com

အမှန်အတိုင်းဝန်ခံရရင်တော့ မကောင်းဆိုးဝါးတစ်ကောင် ရေးသားထားတဲ့ စာအုပ်ဆိုတာ အပြင်မှာတကယ်ရှိပါတယ်။ လက်ရှိအချိန်ထိလည်း ဒီစာအုပ်ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က အမျိုးသားစားကြည့်တိုက်မှာ ပြသထားတယ်လို့သိရပါတယ်။ စာရွက်တစ်ရွက်ကို (၃၆) လက်မ ရှည်လျားတဲ့ ဒီစာအုပ်ကြီးရဲ့အလေးချိန်ဟာ ၇၅ ကီလို ( ၁၆၅ ပေါင် ) လေးတဲ့အတွက်ကြောင့် အားကောင်းမောင်းသန် ယောက်ျားကြီး နှစ်ယောက်လောက် ဝိုင်းမရတယ်လို့လည်းဆိုကြပါတယ် ။ shwekhitonlinetv.com

စာအုပ်ထဲမှာတော့ မကောင်းဆိုးဝါးနိုင်တဲ့ ဂါထာတွေနဲ့ ရောဂါဘယ ဖြစ်စေတဲ့ မန္တာန်တွေ၊ အောက်လမ်း အစီအရင်တွေ ပါဝင်နေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီ စာအုပ်ရဲ့ ဇာတ်လမ်းကို အစပြုခဲ့တဲ့သူကတော့ ပြီးခဲ့တဲ့ (၁၃) ရာစုနှစ်လောက်က ချက်သမ္မတနိုင်ငံ ပိုလာဇိုက်စ် (Podlazice) ဘုရားကျောင်းမှာ သီတင်းသုံးခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါး ပါပဲ ။ သူဟာ ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်မိခဲ့တဲ့ အတွက်အရှင်လတ်လတ် တိုက်ပိတ်သတ်ခံရတဲ့ သူလို့လည်းသိရပါတယ်။ shwekhitonlinetv.com

အဲ့ဒီလိုတိုက်ပိတ်ခံနေရတဲ့အအချိန်မှာ သူဟာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ ဒါကတော့ ဒီမကောင်ဆိုးဝါး စာအုပ်ကြီးကို တစ်ညတည်း အပြီးရေးဖို့ပါ။ တကယ်လည်းစာအုပ်ကြီးကို တစ်ညတည်းရေးသားလို့ပြီးခဲ့ပါတယ် ။ ဒါပေမယ့် မနက်လည်းရောက်တဲ့အခါမှာတော့ ပိတ်ထားတဲ့ တိုက်ခန်းထဲမှာ သူ့အလောင်း နဲ့ ဒီ စာအုပ်ကြီးကို တွေခဲ့ရတယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ shwekhitonlinetv.com

သူဟာ မကောင်းဆိုးဝါးတစ်ကောင် အကူအညီနဲ့ ရေးခဲ့တယ်ဆိုတာကို သူ့ အလောင်းနားမှာရှိတဲ့ အထောက်အထားတွေ အရ သိရပါတယ်။ အစောင့်တွေ အထပ်ထပ်ချထားပြီး လူသူ မဝင်နိုင်တဲ့ တိုက်ခန်းထဲကို ဖြတ်ဝင်လာဖို့ဆိုတာ မကောင်းဆိုးဝါး မဟုတ်ရင်တောင် အစွမ်းရှိတဲ့ သတ္တဝါ တစ်ကောင်ကောင် ဖြစ်ပါလိမ့်မယ်လို့ အားလုံးက တစ်ညီတစ်ညွတ်တည်း ဆိုကြပါတယ်။ shwekhitonlinetv.com

ဒီ စာအုပ်ကြီးကို တစ်ညတည်းနဲ့ ပြီးဖို့ အတွက် ဘုန်းတော်ကြီးဟာ စေတန် နတ်ဆိုး ဆီမှာ သူ့အသက်နဲ့ အလဲအလှယ် လုပ်ခဲ့တဲ့ပုံရ​တယ်လို့ လည်းဆိုကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး သို့လောသို့လော ဖြစ်နေကြတဲ့ လူတွေရဲ့စိတ်ကို ရှင်းလင်းသွားစေမယ့် အရာတစ်ခုကတော့ သာအုပ်ရဲ့ တစ်နေရာမှာပါဝင်နေပါတယ်။ ဒါက တစ်ခြားတော့မဟုတ်ပါဘူး ဒီစာအုပ်ကို တစ်ညတည်ပြီးအောင် ရေးသားခဲ့တဲ့ မကောင်းဆိုးဝါးရဲ့ ရုပ်ပုံကို ရေးဆွဲဖော်ပြထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့အခုဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ Youtube မှာကိုယ်တိုင်လေ့လာချင်ရင်တော့ Codex Gigas ဒါမှမဟုတ် The Satanic Bible ဆိုပြီး ရှာဖွေကြည့်ရှုလို့ ရကြောင်း အသိပေးရင်း အခုအကြောင်းအရာလေးကို အဆုံးသတ်လိုက်ပါရစေနော် …. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။