ဒီပုံမှာ ဆေးရုံဝန်ထမ်းတွေက ကလေးငယ်ရဲ့ရုပ်အလောင်းကို ဘာကြောင့် အရိုအသေပေးနေကြတာလဲ ?

ဒီဖြစ်ရပ်က တရုတ်နိုင်ငံကဆေးရုံတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။ ဆေးရုံဝန်ထမ်းတွေအားလုံးဟာ အသက် (၁၁) အရွယ် ကလေးတစ်ယောက် ​ေ-သဆုံးသွားတဲ့ အချိန်မှာ အကုန်ဝိုင်းပြီး အရိုအသေပေးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကလေးကို ဘာကြောင့်အခုလိုအရိုအသေပေးကြတာလဲ ? သူက ဘာလဲ ? နိုင်ငံရဲ့ အရေးပါအရာရောက်တဲ့သူ တစ်ဦးဦးရဲ့ ဆွေမျိုးသားချင်းထဲက မို့လို့လား ? စသဖြင့် ပုံကိုမြင်ပြီးတော့ တွေးမိကြမယ်ထင်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အဖြစ်မှန်ကတော့ အဲ့ဒီလို လုံးဝမဟုတ်ပါဘူး။ ဒီကလေးငယ်ရဲ့ မွန်မြတ်တဲ့စိတ်ဓာတ်ကြောင့်သာ ဆေးရုံမှာရှိတဲ့ဝန်ထမ်းအားလုံးက လေးစားစွာနဲ့ အရိုအသေပေးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကောင်လေးရဲ့အမည်က ယောင်လျန်ဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဇန်း ပြည်နယ်ကဖြစ်ပါတယ်။ သူဟာ ကံဆိုးစွာနဲ့ပဲ အသက် (၉) နှစ်သားအရွယ်မှာ ဦးနှောက်မှာအကျိတ်တည်ခဲ့ပါတယ်။ ကုသမှုခံယူပေမယ့်လည်း နောက်ဆုံးမှာ ဦးနှောက်ကင်ဆာဖြစ်တဲ့ အဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။ shwekhitonlinetv.com

သနားစရာကောင်းတဲ့ ယောင်လျန်လေးဟာ သူ့အနေနဲ့ ဦးနှောက်ကင်ဆာကြောင့် လောကမှာအကြာကြီးမနေရတော့ဘူးဆိုတာကို သဘောပေါက်တာကြောင့် သူမသေခင်မှာ သူ့ရဲ့နှလုံးနဲ့ကျောက်ကပ်တွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ shwekhitonlinetv.com

သူသေဆုံးခါနီးအချိန်မှာ အရေးပေါ်နှလုံးလိုအပ်သူကလေးတစ်ဦးနဲ့ ကျောက်ကပ်လိုအပ်သူကလေးတစ်ဦးကလည်း ဆေးရုံမှာရှိနေခဲ့ပါတယ်။ ဒါကြောင့်သူသေဆုံးပေမယ့် အခြားအသက် (၂) ချောင်းကိုတော့ ကယ်တင်နိုင်မယ်ဆိုတာကို သိရှိသွားပြီး ငြိမ်းချမ်းစွာနဲ့ပဲ ဘဝကူးပြောင်း သွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်မို့လို့ မွန်မြတ်တဲ့အလှူဒါနဲ့ အသက် (၂) ချောင်းကို ကယ်တင်သွားခဲ့တဲ့ ယောင်လျန်လေးရဲ့ ရုပ်အလောင်းကို ဆေးရုံမှာရှိတဲ့ ဝန်ထမ်းအာလုံးက (၃) ကြိမ် (၃) ခါ အရိုအသေပေးခဲ့ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။