လက်ရှိအချိန်ထိတော့ အပျော်စီးသင်္ဘောတွေထဲမှာ တိုက်တန်းနစ်သင်္ဘောကြီးက ကမ္ဘာပေါ်မှာအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းကိုတော့ Royal Caribbean International ကုမ္ပဏီက ဖန်တီးလိုက်တဲ့ Icon of The Seas ဆိုတဲ့ ဧရာမသင်္ဘောကြီးကမကြာခင်ကျော်ဖြတ်ပြီး မှတ်တမ်းသစ်ရေးထိုးတော့မှာပဲဖြစ်ပါတယ်။ ဒီ သင်္ဘောကြီးကဘယ်လိုသင်္ဘောကြီးဖြစ်မလဲဆိုတာ သူနဲ့ပတ်သတ်တဲ့ ထူးခြားချက်လေးတွေကိုလေ့လာကြည့်ရအောင်ပါ။ shwekhitonlinetv.com
၁။ တိုက်တန်းနစ်ရဲ့ (၅) ဆ

အတ္တလန္တိတ်သမုဒ္ဒရာထဲမှာနစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီးဟာ သမိုင်းတွင်လောက်အောင်ကြီးမားခဲ့တဲ့ အပျော်စီးသင်္ဘောကြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒါက သမိုင်းမှာကျန်ခဲ့ပါပြီ။ အပျော်စီးသင်္ဘောတွေအနက် Icon of The Seas သင်္ဘောကြီးရဲ့ ဝန်တင်ဆောင်နိုင်မှုအားက (၂၅၀၈၀၀) တန်ထိရှိပါတယ်။ ဒါဟာတိုက်တန်းနစ်သင်္ဘောကြီးတင်ဆောင်နိုင်တဲ့ ဝန်အားပမာဏရဲ့ (၅) ဆ ဖြစ်ပါတယ်။ အရှည်ကလည်းတိုက်တန်းနစ်သင်္ဘောကြီးထက် ပေ (၁၀၀၀) ကျော်ပိုရှည်ပါတယ်။shwekhitonlinetv.com
၂။ ရေကူးကန်များ

ဒီသင်္ဘောကြီးရဲ့ လက်ရှိရေးဆွဲထားတဲ့ ခရီးစဉ်က မိုင်ယာမီကနေ အနောက်ကာရေဘီယံဒေသတွေကို (၇) ညတာအပျော်တမ်းဇိမ်ခံ ခရီးစဉ်ဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်မှာ ရေကူးကန်ပေါင်း (၇) ခုပါဝင်လို့ လိုက်ပါသွားမယ့် ခရီးသည်တွေအနေနဲ့ မတူညီတဲ့ ရေကူးကန်တွေမှာ တစ်ရက်ကိုတစ်ကန်ကျ ကူးခတ်အပန်းဖြေနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ လိုက်ပါနိုင်မည့် ခရီးသည်

တရားဝင်ထုတ်ပြန်ချက်တွေအရတော့ ဒီသင်္ဘောကြီးမှာ ခရီးသည် (၅၆၁၀) ဦးလိုက်ပါစီးနင်းနိုင်မှာဖြစ်သလို သင်္ဘောဝန်ထမ်း (၂၃၅၀) ဦးလိုက်ပါနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်္ဘောပေါ်မှာစုစုပေါင်း လူအယောက် (၇၉၀၀) ကျော်လိုက်ပါနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ သင်္ဘောကြီးရဲ့အရှည်

ဒီသင်္ဘောကြီးရဲ့အရှည်ကတော့ ပေပေါင်း (၁၂၀၀) ရှိပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ လေဘာတီရုပ်တု (၄) ခုစာလောက်ရှည်လျားတဲ့ ပမာဏဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ များပြားလှတဲ့အထပ်ပေါင်း

ဒီ Icon of The Seas သင်္ဘောကြီးမှာဆိုရင် စားသောက်ဆိုင်၊ အပန်းဖြေဥယျာဉ်၊ ဖျော်ဖြေရေးခန်းမ၊ ရှော့ပင်းစင်တာ အစရှိသဖြင့် အထပ်ပေါင်း (၁၂) ထပ်အထိပါဝင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ရေပန်းဥယျာဉ်

ထူးခြားလှတဲ့ ရေပန်းဥယျာဉ်ကြီးတစ်ခုလည်း ဒီသင်္ဘောကြီးပေါ်မှာပါဝင်နေမှာဖြစ်ပါတယ်။ ကလေးသူငယ်တွေသာမကဘဲ လူကြီးတွေပါဆော့ကစားနိုင်မယ့် ဒီရေပန်းဥယျာဉ်ကိုတော့ Category 6 လို့အမည်ပေးထားပါတယ်။ shwekhitonlinetv.com
၇။ စားသောက်ဆိုင်ပေါင်း (၄၀)

ဒီသင်္ဘောပေါ်မှာလိုက်ပါစီးနင်းမယ့် ကမ္ဘာအရပ်ရပ်ကခရီးသည်တွေအတွက် မတူညီတဲ့ အရသာတွေကိုပေးစွမ်းမယ့် စားသောက်ဆိုင်ပေါင်း (၄၀) လောက်ပါဝင်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ဘားတွေလည်းပါဝင်နေမှာဖြစ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာအကြီးဆုံးအပျော်စီးဇိမ်ခံသင်္ဘောကြီး Icon of The Seas ရဲ့ထူးခြားချက်တွေပဲဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ကတော့ လာမည့်စက်တင်ဘာလထဲမှာ စတင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.