News

ကမ္ဘာ့ပထမဆုံး ပင်လယ်ရေအောက်လမ်းတွေကို ဖောက်လုပ်တော့မယ့် နော်ဝေးနိုင်ငံ

မြင့်မားပြီး မက်စောက်လှတဲ့ရေခဲတောင်တွေရဲ့ကြားက ကျဉ်းမြောင်းပြီးနက်ရှိုင်းတဲ့ ပင်လယ်ရေလက်ကြားလေးတွေဟာ နော်ဝေးနိုင်ငံရဲ့ သဘာဝရှုမျှော်ခင်အလှကို ပိုမိုထင်ရှားအောင်ပြုလုပ်ပေးလျက်ရှိပါတယ်။ shwekhitonlinetv.com ဒါပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုးပထဝီဝင်အနေအထားက မော်တော်ကား၊ ဆိုင်ကယ်တို့လို ကုန်လမ်းသွားလာရေးအတွက်အသုံးပြုတဲ့ယာဉ်တွေအတွက်တော့ အခက်အခဲတစ်ခုဖြစ်နေစေခဲ့ပါတယ်။ ဒါကြောင့် နော်ဝေးနိုင်ငံရဲ့အဓိကမြို့ကြီးတွေကို တစ်ခုကနေတစ်ခုသွားလာဖို့အတွက် ကုန်းတတန် ရေတတန်နဲ့ သွားလာနေကြရတာ ယနေ့ချိန်ထိဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ လိုအပ်တာထက်အချိန်များစွာပိုပြီးကုန်သလို ငွေကုန်ကြေးကျလည်းများလှပါတယ်။ လမ်းခရီးမှာ အချိန်ကုန်လူပင်ပန်းရတာကြောင့် စိတ်အနှောက်အယှက်ဖြစ်စေမှာလည်းကျိန်းသေပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ Kristiansand မြို့ကနေ တောင်ပိုင်းက Trondheim မြို့ကို ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင် […]

News

မြန်မာငွေကျပ် တစ်သိန်းခွဲ လောက် ပေးပြီးမှ စားလို့ရမယ့် ဂြိုလ်သားဟင်းလျာ အကြောင်း

ထိုင်ဝမ်မှာရှိတဲ့ Ramen ခေါက်ဆွဲဆိုင်ဟာ သူတို့ဆိုင်ရဲ့မီနူးမှာ ထူးဆန်းတဲ့ဟင်းလျာအမယ်တစ်မျိုးကို ထည့်သွင်းခဲ့တာကြောင့် ဒီဟင်းလျာရော ဆိုင်နာမည်ပါ အင်တာနက်သုံးစွဲသူတွေကနေတစ်ဆင့် နေ့ချင်းညချင်း နာမည်ကျော်သွားခဲ့ပါတယ်။ shwekhitonlinetv.com အဲ့ဒီဟင်းလျာရဲ့အမည်ကတော့ ဂြိုဟ်သားဟင်းလျာပဲဖြစ်ပါတယ်။ အမည်ပေးတဲ့သူရဲ့ အိုင်ဒီယာကြောင့် ဒီဟင်းလျာက ဘယ်လိုမျိုးလဲဆိုတာကို နာမည်ကြားရုံနဲ့ သိချင်စူးစမ်းချင်စိတ်ဖြစ်ပေါ်လာမှာ သေချာပါတယ်။ နောက်ပြီး အဲ့ဒီဟင်းလျာက ဘယ်လိုအရသာရှိမလဲဆိုတာရောပေါ့။ shwekhitonlinetv.com တစ်ကယ်တော့ ဒီဂြိုဟ်သားဟင်းလျာဟာ ထူးဆန်းပြီး ပင်လယ်ရေနက်ပိုင်းမှာနေထိုင်တဲ့ Giant Isopod ဆိုတဲ့ သတ္တဝါတစ်မျိုးနဲ့ ကြက်သားပြုတ်ရည်ခေါက်ဆွဲကို တွဲဖက်ပေးထားတာပဲဖြစ်ပါတယ်။ ဒီ သတ္တဝါရဲ့ပုံစံက […]

News

လူငယ်တွေကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ သတင်းနောက်ကွယ်က အဖြစ်မှန်

ခုရက်ပိုင်း အင်တာနက်အသုံးပြုသူတွေကြားမှာ ထူးထူးဆန်းဆန်းသတင်းတစ်ခုက အတော်လေးကိုရေပန်းစားလျက်ရှိပါတယ်။ အထူးသဖြင့် ဒီသတင်းက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားမှာ အချိန်တိုအတွင်း အတော်လေးကိုပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒီသတင်းကတော့ ဆွီဒင်နိုင်ငံဟာ အခုလာမည့်ဇွန်လအတွင်းမှာ အားကစားနည်းအသစ်တစ်မျိုးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းပါ။ ဒီ အားကစားနည်းအသစ်ကတော့ လိင်ဆက်ဆံရမယ့် အားကစားနည်းဖြစ်ပါတယ်။ ဒီ အားကစားနည်းကို ဆွီဒီနိုင်ငံက အိမ်ရှင်အဖြစ် (၆) ပတ်ကြာလက်ခံကျင်းပသွားမှာပါတဲ့။ shwekhitonlinetv.com ပထမဆုံးအကြိမ်အဖြစ်ကျင်းပမယ့် ဒီ အားကစားနည်းကို ဥရောပနိုင်ငံအသီးသီးက ကစားသမားဦးရေ (၂၀) လောက် လာရောက်ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ပြိုင်ပွဲဝင်အတွဲတစ်တွဲ […]

News

အိမ်သုံးလျှပ်စစ်ကားတွေကို အလိုလျှောက်အားသွင်းပေးနိုင်တဲ့ လမ်းမကြီးကို တည်ဆောက်တော့မည်

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဥရောပကဆွီဒင်နိုင်ငံဟာ အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ တွေးခေါ်ပုံတွေကို ပြောင်းလဲစေမယ့် ခေတ်ရှေ့အပြေးဆုံးအခြေခံအဆောက်အဦးတစ်ခုကို လာမယ့် ၂၀၂၅ မှာစတင်အသုံးပြုတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com ဆွီဒင်နိုင်ငံဟာ အိမ်သုံးလျှပ်စစ်ကားတွေကို အလိုလျှောက်အားသွင်းပေးနိုင်တဲ့ (E-Motorway) ကိုတည်ဆောက်နေတာဖြစ်ပြီး လျှပ်စစ်ကားတွေအနေနဲ့ ဒီလမ်းပေါ်ကနေမောင်းနှင်ရင်း အားသွင်းနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ကနဦးအနေနဲ့ ဒီလမ်းကိုတည်ဆောက်ဖို့ရွေးချယ်ထားတဲ့နေရာကတော့ E-20 လို့ခေါ်တဲ့အဝေးပြေးလမ်းပိုင်းမှာဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ ၂၁ ကီလိုမီတာ (၁၃ မိုင်) ရှည်လျားပြီး ဆွီဒင်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ဂိုသင်ဘတ်၊ စတော့ဟုမ်း နဲ့ မာလ်မို မြို့တွေကို […]

News

နျူကလီးယားဓာတ်ပေါင်းဖိုကို အသုံးပြုတဲ့ ဓာတ်အားပေးစနစ်ကို ဖိလစ်ပိုင်မှာ စတင် လည်ပတ်တော့မည်

အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ လာမည့် ၂၀၂၇ ခုနစ်မှာ နျူကလီးယားဓာတ်ပေါင်းဖိုကို အသုံးပြုတဲ့ဓာတ်အားပေးစနစ်ကို စတင်လည်ပတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com တစ်ကယ်လို့သာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒီကိစ္စကိုအမှန်တစ်ကယ်အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုစတင်လည်ပတ်နိုင်တဲ့ နိုင်ငံဖြစ်လာမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com တစ်ကယ်တော့ ဖိလစ်ပိုင်နိုင်ငံဟာ နျူကလီးယားစွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးစနစ်ကို လည်ပတ်ဖို့အတွက် အခုမှစတင်ကြိုးပမ်းခဲ့တာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ၁၉၇၆ ခုနစ်ကတည်းက Bataan ကျွန်းဆွယ်မှာ နျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com Bataan လို့အမည်ပေးထားတဲ့ ဒီနျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံအကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး […]

News

အာလင်းဟာလန်းကို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်စေခဲ့တဲ့ သူ (၂) ဦး

မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှုး အာလင်းဟာလန်းဟာ လက်ရှိဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်မှာသာမက ပြိုင်ပွဲစုံမှာဂိုးသွင်းအများဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ အသက် (၂၂) နှစ်အရွယ်သာရှိသေးပေမယ့် လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ဦးအဖြစ် သတ်မှတ်လို့ရတဲ့ ဟာလန်းကိုဒီနေ့လိုအနေအထားမျိုးရောက်ရှိအောင်တွန်းအားပေးခဲ့တဲ့ မထင်မရှားကစားသမား (၂) ဦးရှိပါတယ်။ shwekhitonlinetv.com သူတို့တွေကတော့ ဟာလန်းရဲ့ငယ်ငယ်တုန်းကအကယ်ဒမီအသင်းဖော် နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ တွဒ်ဂျွန်ဆင်နဲ့ အန်ဒရေယူလန်း တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ နော်ဝေးနိုင်ငံ ဘရန်းမြို့မှာမွေးဖွားကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယားဒေသမှာမွေးဖွားခဲ့တဲ့ ဟာလန်းဟာလည်း လူငယ်ကစားသမားဘဝကိုတော့ နော်ဝေးနိုင်ငံဘရန်းမြို့ခံကလပ်အသင်းဖြစ်တဲ့ ဘရန်းအသင်းမှာအစပြုခဲ့တာပါ။ အဲ့ဒီအချိန်မှာ တွဒ်ဂျွန်ဆင်နဲ့ အန်ဒရေယူလန်းတို့ဟာ ဟာလန်းအတွက် ဖြတ်ကျော်ရခက်ပြီး […]

News

ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့သူ လယ်သမား

ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်တဲ့ လယ်သမားတစ်ဦးဟာ သူ့ရဲ့ချယ်ရီခြံထဲမှာ ရောမခေတ်ကအသုံးပြုခဲ့တဲ့ ကြေးဝါ နှင့် ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ရတနာတွေထဲမှာတော့ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com Ance France Press သတင်းဌာနရဲ့အဆိုအရတော့ အဆိုပါလယ်သမားနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံ Aargau မြောက်ပိုင်း Frick မြို့အနီးတစ်ဝိုက်ဟာ ရှေးခေတ်ရောမလူမျိုးတွေ အခြေချနေထိုင်သွားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတဲ့ လယ်သမားဟာ တောက်ပတဲ့ရှေးခေတ်သုံးဒင်္ဂါးအချို့ကို တွေ့ရှိပြီးတဲ့အချိန်မှာတော့ ဒေသဆိုင်ရာ ရှေးဟောင်းသုတေသန […]

News

အသက် (၉၁) နှစ်အရွယ်မှာ ကမ္ဘာ့အသက်အကြီးဆုံး ဘဏ်ဓားပြအဖြစ်သတ်မှတ်ခံခဲ့ရသူ အကြောင်း

J.L Hunter Rountree ဆိုတဲ့အဘိုးကြီးတစ်ဦးကိုတော့ လူအများက “Red” ဆိုပြီး သိထားကြပါတယ်။ သူကနှယ်နှယ်ရရသူတစ်ဦးတော့မဟုတ်ပါဘူး။ အသက် (၉၁) နှစ်အရွယ်မှာ ဘဏ်တစ်ခုကို တစ်ကိုယ်တော်ဓားပြတိုက်ခဲ့လို့ ကမ္ဘာ့အသက်အကြီးဆုံး ဘဏ်ဓားပြအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ shwekhitonlinetv.com သူဟာ တစ်ချိန်တုန်းကတော့ ဇနီးနဲ့ သားတစ်ဦးရှိပြီး ချမ်းသာကြွယ်ဝတဲ့သူတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ကံကြမ္မာကယူဆောင်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ သူ့အနေနဲ့ရာဇဝတ်မှု ကျူးလွန်တဲ့ဘဝကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ၂၀၀၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့မှာ Rountree ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် […]

News

ရှားပါးလွန်းတဲ့ အလန်းစားကားနဲ့ ညစာထွက်စားခဲ့တဲ့ စီရော်နယ်လ်ဒို

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ကမ္ဘာ့ဘောလုံး Icon တစ်ဦးဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်ဒိုဟာ ရှားရှားပါးပါး Super Car တစ်စီးဖြစ်တဲ့ Bugatti Centodieci မောင်းနှင်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့က စားသောက်ဆိုင်တစ်ခုမှာ ညစာလာရောက်စားခဲ့ပါတယ်။ shwekhitonlinetv.com စီရော်နယ်လ်ဒိုအနေနဲ့သူ့ရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွတ်စ်နဲ့အတူ ဒီစားသောက်ဆိုင်ကိုလာခဲ့တာဖြစ်ပါတယ်။ အးမက်ဒရစ်မြို့ဟာ သူ့ရဲ့ကစားသမားဘဝ (၉) နှစ်တာကာလလောက်ကို နေထိုင်ဖြတ်သန်းခဲ့တဲ့မြို့ဖြစ်တာကြောင့်သူရောက်နေတဲ့သတင်းဟာ သူ့ပရိသတ်တွေဆီ တမဟုတ်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ shwekhitonlinetv.com ဒါကြောင့် စားသောက်ဆိုင်က ပြန်အထွက်မှာ များပြားလှတဲ့ ပရိသတ်တွေရဲ့ဝိုင်းအုံခြင်းခံခဲ့ရပေမယ့် အော်တိုလက်မှတ်တွေတော့ စီရော်နယ်လ်ဒိုက ရေးထိုးပေးသွားခဲ့တာပါ။ shwekhitonlinetv.com […]

News

မယုံကြည်နိုင်လောက်အောင် နည်းပါးတဲ့လစာငွေနဲ့ ဘောလုံးလောကထဲပြန်လည်ရောက်ရှိလာတဲ့ ဂန္ဒဝင်တစ်ဦး

ရော်နယ်လ်ဒင်ဟိုဆိုတဲ့ အမည်နာမဟာတစ်ချိန်က ကလေးအစ ခွေးအဆုံးသိခဲ့ကြတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင်ကြီးဟာ လက်ရှိအချိန်မှာ အသက်အရွယ်အားဖြင့် (၄၃) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com သူဟာ ဘောလုံးဘောကကနေအနားယူပြီးနောက်ပိုင်းမှာ ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပြီး စည်းစိမ်ဥစ္စာတွေလည်း ခြူးတစ်ပြားမကျန်အောင်မွဲတွေသွားခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ နာမည်ကျော်အမှတ်တံဆိပ်အချို့ရဲ့ ပရိုမိုးရှင်းသရုပ်ပြပွဲတွေမှာသာ လိုက်လံသရုပ်ပြကစားရင်းဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာတော့ ရော်နယ်လ်ဒင်ဟိုအနေနဲ့ ကြေးစားဘောလုံးလောကကို ပြန်လည်ဝင်ရောက်လာပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုအနေနဲ့ ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးတည်ထောင်ထားတဲ့ Kings Leauge က Porcinos FC အသင်းအတွက် […]