လူငယ်တွေကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ သတင်းနောက်ကွယ်က အဖြစ်မှန်

ခုရက်ပိုင်း အင်တာနက်အသုံးပြုသူတွေကြားမှာ ထူးထူးဆန်းဆန်းသတင်းတစ်ခုက အတော်လေးကိုရေပန်းစားလျက်ရှိပါတယ်။ အထူးသဖြင့် ဒီသတင်းက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားမှာ အချိန်တိုအတွင်း အတော်လေးကိုပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီသတင်းကတော့ ဆွီဒင်နိုင်ငံဟာ အခုလာမည့်ဇွန်လအတွင်းမှာ အားကစားနည်းအသစ်တစ်မျိုးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းပါ။ ဒီ အားကစားနည်းအသစ်ကတော့ လိင်ဆက်ဆံရမယ့် အားကစားနည်းဖြစ်ပါတယ်။ ဒီ အားကစားနည်းကို ဆွီဒီနိုင်ငံက အိမ်ရှင်အဖြစ် (၆) ပတ်ကြာလက်ခံကျင်းပသွားမှာပါတဲ့။ shwekhitonlinetv.com

ပထမဆုံးအကြိမ်အဖြစ်ကျင်းပမယ့် ဒီ အားကစားနည်းကို ဥရောပနိုင်ငံအသီးသီးက ကစားသမားဦးရေ (၂၀) လောက် လာရောက်ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ပြိုင်ပွဲဝင်အတွဲတစ်တွဲ အနေနဲ့ တစ်နေ့ကို (၆) နာရီဆက်ရှင် ရရှိမှာဖြစ်ပြီး အဲ့ဒီအချိန်အတွင်းခြားနားနဲ့ပုံစံတွေနဲ့ တစ်ကြိမ်ကို (၄၅) မိနစ်ကနေ မိနစ် (၆၀) အထိလိင်ဆက်ဆံကြရမှာဖြစ်ပါတယ်။ ဒီ အတွက်အကဲဖြတ်ပေးဖို့ ဒိုင်လူကြီး (၃) ဦးထားရှိသွားမှာပါ။ shwekhitonlinetv.com

တစ်ကယ်တော့ အပေါ်ပြောခဲ့တာတွေအကုန်လုံးက အမှားတွေပါ။ အသေးစိတ်အချက်အလက်တွေနဲ့ ယုတ္တိရှိရှိဂျင်းထည့်လိုက်နိုင်တဲ့ ဒီသတင်းကို ဘယ်သူကဘယ်လိုစလိုက်မှန်းမသိပေမယ့် အင်တာနက်ပေါ်မှာရှိတဲ့ မီဒီယာတွေကသတင်းတွေကို လက်ဆင့်ကမ်းကိုးကားပြီး ဖြန့်လိုက်လို့ ကမ္ဘာတစ်လွှားကိုအချိန်တိုတွင်း ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။  shwekhitonlinetv.com

ဒီ သတင်းကိုလည်း အကုန်လုံးကတစ်ကယ်အမှန်လို့ ထင်မြင်ယူဆနေတာကြောင့် မတက်သာတဲ့အဆုံးမှာတော့ ဆွီဒင်နိုင်ငံအားကစားအဖွဲ့ချုပ်အနေနဲ့ ဒီသတင်းဟာ လုံးဝအမှားဖြစ်ကြောင်းကို လူသိရှင်ကြားဖြေရှင်းချက်ထုတ်ပြန်ခဲ့ရပါတယ်။ shwekhitonlinetv.com

နောက်ဆုံးမှာတော့ ဒီသတင်းရဲ့လက်သည်တရားခံကိုပါသိခဲ့ရပြီး Dragan Bratych ဆိုတဲ့သူတစ်ဦးက Twitter မှာစတင်ဖြန့်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဆွီဒင်နိုင်ငံတောင်ပိုင်းမှာ အဖော်အချွတ်ကလပ်တွေဖွင့်လှစ်ထားတဲ့ အဆိုပါပုဂ္ဂိုလ်က အမျိုးသားအားကစားအဖွဲ့ချုပ်ကို လိင်ဆက်ဆံခြင်းကိုအားကစားအဖွဲ့ချုပ်တစ်ခုအနေနဲ့ သတ်မှတ်ထားရှိပေးဖို့ လျှောက်ထားခဲ့တာကို အသိအမှတ်မပြုလို့ အခုလိုမျိုးပြုမူခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လက်ရှိအချိန်အထိ ဒီသတင်းကိုစတင်သိရှိခဲ့တဲ့ လူ (၃) ပုံ (၁) ပုံ လောက်ကတော့ ဒါဟာ Fake New တစ်ခုဆိုတာကို မသိရှိသေးဘဲ အင်တာနက်ပေါ်က လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆွေးနွေးငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။